အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို အနိုင်ရ

ဂျကာတာ၊ ဖေဖော်ဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ကနဦးရလဒ်တွေအရ အနိုင်ရရှိနေကြောင်း သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုက အခိုင်အမာပြောပါတယ်။ ပရာဘိုဝိုဟာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားအကြီးဆုံးဖြစ်သူ ရာကာနဲ့အတူ ရွေးကောက်ပွဲမိတ်ဖက်အဖြစ် အတူယှဉ်ပြိုင်ခဲ့ပြီး ဝီဒိုဒိုရဲ့သားဖြစ်သူက ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံတာဖြစ်ပါတယ်။ လက်ရှိ တရားဝင်ထုတ်ပြန်တာမဟုတ်တဲ့ ရွေးကောက်ပွဲရလဒ်များအရ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းကျော်ရရှိထားပြီး ဒီရလဒ်ပမာဏဟာ တကျော့ပြန်ယှဉ်ပြိုဖို့ မလိုအပ်တော့ပါဘူူး။ သူ့ရဲ့ ရွေးကောက်ပွဲအောင်ပွဲဟာ ပြည်သူအားလုံးရဲ့ အောင်ပွဲဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုကို ဆက်ခံမယ့်သူအဖြစ် သူ့ကိုယ်သူသတ်မှတ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုက ပြောပါတယ်။ သူနဲ့ပြိုင်ဘက် အခြားသမ္မတလောင်းနှစ်ယောက်ကတော့ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီစ်ဘတ်စ်ဝီဒန်နဲ့ အလယ်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုတို့ဖြစ်ပါတယ်။ Ref:NHK Photo:AFP

Read More

အာကာသထဲကို နျူကလီးယားလက်နက်တွေ ဖြန့်ကြက်ဖို့ ရုရှားဆန္ဒရှိနေ

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) ရုရှားဟာ အာကာသထဲကို နျူကလီးယားလက်နက်တွေ လွှတ်တင်ဖြန့်ကြက်ဖို့ စီစဉ်နေပြီး ဂြိုဟ်တုတွေကို ဖျက်ဆီးမှုမျာ အသုံးပြုဖွယ်ရှိနေတာကို အမေရိကန်အစိုးရက တွေ့ရှိထားကြောင်း အေဘီစီသတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။ အာကာသထဲကို နျူကလီးယားလက်နက်တွေ ရုရှားက ဖြန့်ကြက်လိုတဲ့ သတင်းအချက်အလက်တွေကို သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရက ရရှိထားကြောင်း ကွန်ဂရက်သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။ ဒီအစီအစဉ်ဟာ ကမ္ဘာမြေကို လက်နက်တွေနဲ့ ပစ်ခတ်ဖို့မဟုတ်ဘဲ ဂြိုဟ်တုတွေအတွက် အသုံးပြုဖို့ ရည်ရွယ်ထားဖွယ်ရှိကြောင်း အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်အနေနဲ့ ပြင်းထန်တဲ့ အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရတာဝန်ရှိသူတွေဆီကနေ အကြောင်းကြားစာရရှိထားကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေးကော်မတီ ဥက္ကဌမိုက်တာနာက ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်လည်း လွှတ်တော်ခေါင်းတွေနဲ့ တွေ့ဆုံဖို့ စီစဉ်နေကြောင်း သူကပြောပါတယ်။ Ref:NHK Photo:AP

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၁၅ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၅၅၀ ကျပ် ဝယ်ဈေး – ၃၅၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၂၅ ကျပ် ဝယ်ဈေး – ၂၅၇၅ ကျပ် -ယူရို ရောင်းဈေး – ၃၈၄၆ ကျပ် ဝယ်ဈေး – ၃၇၆၉ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၀.၀၀ ကျပ် ဝယ်ဈေး – ၉၈.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၃၇ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၃ ကျပ် ဝယ်ဈေး – ၄၈၃ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၁၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၉၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၈၃၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၆၃၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

This Day in History

Voice of Myanmar ဆိုဗီယက်ယူနီယံသည် ၁၉၇၉ ခုနှစ်ကတည်းက အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် သမ္မတ မီခေးလ်ဂိုဘာချော့ဗ် လက်ထက်တွင် အာဖဂန်မှ နောက်ဆုံးကျန်ရှိနေသော ဆိုဗီယက်တပ်များကို ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် ရုပ်သိမ်းခဲ့သည်။

Read More

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ နစကတပ်ဖွဲ့ဝင် ၃၀၀ ကျော် မြန်မာဘက်ကို ဒီနေ့ပြန်လွှဲပေးမယ်

  ဒါကာ၊ ဖေဖော်ဝါရီ-၁၅-၂၀၂၄ မျိုးဆက်(VOM) ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မြန်မာနယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၃၃၀ ကျော်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်လွှဲပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။ သူတို့ိကို ကော့ဘဇားခရိုင် အန်နာနီရှိ ရေတပ်ဆိပ်ခံတံတားကနေ ဒီနေ့မနက် ၈ နာရီမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကို လွှဲပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ရှာရီဖူ အစ္စလာမ်က ပြောပါတယ်။ မြန်မာတပ်ဖွဲ့ဝင်တွေဟာ သင်္ဘောတစင်းနဲ့ ပြန်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ အေအေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ နစကစစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသအအတော်များများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အေအေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။ မကြာသေးမီလအတွင်းကလည်း နစကတပ်ဖွဲ့ဝင်တွေ အိန္ဒိယဘက်ကို ထွက်ပြေးမှုတွေရှိခဲ့ပြီး…

Read More

ဂန့်ဂေါနယ်က ပြည်သူ့စစ်ရွာတွေနားမှာ တိုက်ပွဲဖြစ် ၊ ထိခိုက်သေဆုံးသူ များပြား

  ဖေဖော်ဝါရီ ၊ ၁၅ ၊ ၂၀၂၄ SP(VOM) မကွေးတိုင်း ၊ဂန့်ဂေါခရိုင် ၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ပိုင်းကြားက ပြည်သူ့စစ်ရွာတွေနားမှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက်က နစက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDFအဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုတွေ အများပြားရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်လို့ မြောက်ခင်ရန်းကျေးရွာ ဒေသခံတယောက် က ” ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနဲ့ ကလေးမြို့နယ် တောင်ပိုင်းကြားမှာ ပြည်သူ့စစ်ကျေးရွာ ၃၀ လောက်ရှိတယ် ၊ အဲ့ဒီ ပြည်သူ့စစ်ရွာတွေ အားလုံးကို ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ထားတာကြာပြီ ၊ လယ်ယာထွက်ကုန် ကောက်ပဲသီးနှံတွေလည်း မြို့ပေါ်တက်ပြီး မရောင်းရဘူး…

Read More

လူမှုရေးရာဝန်ကြီးများ အစားထိုးခန့်အပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၅ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် (၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

Read More

လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အစားထိုးခန့်အပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၄ / ၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ( ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်)

Read More
VOM News

FREE
VIEW