ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ နစကတပ်ဖွဲ့ဝင် ၃၀၀ ကျော် မြန်မာဘက်ကို ဒီနေ့ပြန်လွှဲပေးမယ်

 

ဒါကာ၊ ဖေဖော်ဝါရီ-၁၅-၂၀၂၄

မျိုးဆက်(VOM)

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မြန်မာနယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၃၃၀ ကျော်ကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ မြန်မာနိုင်ငံကို ပြန်လွှဲပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေက ပြောပါတယ်။

သူတို့ိကို ကော့ဘဇားခရိုင် အန်နာနီရှိ ရေတပ်ဆိပ်ခံတံတားကနေ ဒီနေ့မနက် ၈ နာရီမှာ သက်ဆိုင်ရာတာဝန်ရှိသူတွေကို လွှဲပြောင်းပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ရှာရီဖူ အစ္စလာမ်က ပြောပါတယ်။

မြန်မာတပ်ဖွဲ့ဝင်တွေဟာ သင်္ဘောတစင်းနဲ့ ပြန်ကြမှာဖြစ်တယ်လို့ ဆိုပါတယ်။သူတို့တွေဟာ ရခိုင်ပြည်နယ်မှာ အေအေနဲ့ တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဖေဖော်ဝါရီ ၄ ရက်ကစတင်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာ နစကစစ်တပ်နဲ့ အေအေတို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒေသအအတော်များများကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အေအေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

မကြာသေးမီလအတွင်းကလည်း နစကတပ်ဖွဲ့ဝင်တွေ အိန္ဒိယဘက်ကို ထွက်ပြေးမှုတွေရှိခဲ့ပြီး ဇန်နဝါရီလဝကက်ထိ နှစ်လအတွင်း ၄၀၀ ကျော်ဝင်ရောက်လာခဲ့ကြောင်း အိန္ဒိယစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး သူတို့ကိုလည်း မြန်မာဘက် ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။

Ref:BSS news

Photo:TBS

 

Related posts

Leave a Comment

VOM News

FREE
VIEW