အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို အနိုင်ရ

ဂျကာတာ၊ ဖေဖော်ဝါရီ-၁၅-၂၀၂၄
မျိုးဆက်(VOM)

အင်ဒိုနီးရှားသမ္မတရွေးကောက်ပွဲမှာ ကနဦးရလဒ်တွေအရ အနိုင်ရရှိနေကြောင်း သမ္မတအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုက အခိုင်အမာပြောပါတယ်။

ပရာဘိုဝိုဟာ လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ သားအကြီးဆုံးဖြစ်သူ ရာကာနဲ့အတူ ရွေးကောက်ပွဲမိတ်ဖက်အဖြစ် အတူယှဉ်ပြိုင်ခဲ့ပြီး ဝီဒိုဒိုရဲ့သားဖြစ်သူက ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံတာဖြစ်ပါတယ်။

လက်ရှိ တရားဝင်ထုတ်ပြန်တာမဟုတ်တဲ့ ရွေးကောက်ပွဲရလဒ်များအရ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုဟာ ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းကျော်ရရှိထားပြီး ဒီရလဒ်ပမာဏဟာ တကျော့ပြန်ယှဉ်ပြိုဖို့ မလိုအပ်တော့ပါဘူူး။

သူ့ရဲ့ ရွေးကောက်ပွဲအောင်ပွဲဟာ ပြည်သူအားလုံးရဲ့ အောင်ပွဲဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုကို ဆက်ခံမယ့်သူအဖြစ် သူ့ကိုယ်သူသတ်မှတ်ထားတဲ့ ကာကွယ်ရေးဝန်ကြီး ပရာဘိုဝိုက ပြောပါတယ်။

သူနဲ့ပြိုင်ဘက် အခြားသမ္မတလောင်းနှစ်ယောက်ကတော့ ဂျကာတာအုပ်ချုပ်ရေးမှူးဟောင်း အန်နီစ်ဘတ်စ်ဝီဒန်နဲ့ အလယ်ဂျာဗားပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာပရာနိုဝိုတို့ဖြစ်ပါတယ်။

Ref:NHK
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW