ကသာ ပေါမမြိုင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဒရုန်းဗုံးကျပြီး ပေါက်ကွဲလို့ ဘုန်းကြီးတပါး ပျံလွန်တော်မူ

 

ဖေဖော်ဝါရီ ၊ ၂၆ ၊ ၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် ၊ ကသာမြို့ ၊ ကားကွင်းအနီးက ပေါမမြိုင် ဘုန်းကျောင်းဝန်းထဲကို မနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ဒရုန်းဗုံးတလုံး ကျရောက်ပေါက်ကွဲတာကြောင့် အဲ့ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတပါး ထိခိုက်ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပေါမမြိုင် ဆရာတော်တပါး က ” ဒရုန်းဗုံးကျတဲ့အချိန် ဘုန်းကြီး ဥူးစံသာဝရ သက်တော် ၇၁ နှစ် ၊ ဝါတော်က ၁၀ ဝါ က လမ်းလျှောက်နေတုန်း သူ့နားကို ဗုံးက မိုးပေါ်ကကျလာပြီး ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ဘုန်းကြီး ဥူးစံသာဝရက နေရာမှာတင် ပျံတော်မူခဲ့တယ် ၊ အဲ့ဒီအပြင် ဒရုန်းဗုံးကျကွဲတဲ့ နေရာဝန်းကျင်မှာ ရပ်ထားတဲ့ လူမှုကူညီရေးကားတစီးလည်း ထိခိုက်ပျက်စီးတယ် ၊ ကျန်တဲ့ ကျောင်းအဆောက်ဦးတွေတော့ မပျက်စီးဘူး ” လို့ မိန့်ကြား ပြောဆိုပါတယ်။

ပေါမမြိုင်ဘုန်းကြီးကျောင်းဝန်းထဲကို ကျရောက်ပေါက်ကွဲတဲ့ ဒရုန်းဗုံးဟာ ဘယ်အဖွဲ့စည်းက ပစ်လွတ်လိုက်တယ်ဆိုတာ အခုထိ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ စက်တင်ဘာ ၁၅ ရက် ညပိုင်းက ကသာခရိုင် ၊ အင်းတော်မြို့နယ် ၊ အင်တော်နဲ့ မဲဇာကြားမှာရှိတဲ့ ခရမ်းစပ်ကုန်းရွာက ဘုန်းကြီးကျောင်း ၊ ကျောင်းဆောင်ပေါ်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းထိုင်ဆရာတော် ဥူးရာဇိန္ဒ သက်တော် ၇၇ နှစ် ၊ ဝါတော် ၅၇ ဝါ နဲ့ ကပ္ပိယ ဦးဝင်းသိန်းဆိုသူ လက်နက်ကြီးကျည် ထိမှန်ပြီး ဘုန်းကြီးရော ကပ္ပိယပါ နှစ်ဦးစလုံး သေဆုံးခဲ့ပါတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW