အိန္ဒိယမှာ မောင်းသူမပါတဲ့ ကုန်ရထားတစင်း မိုင် ၄၀ ကျော်ခရီးနှင်ခဲ့မှု စုံစမ်းစစ်ဆေးနေ

  ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ ကုန်တင်ရထားတစင်းဟာ မောင်းသူမပါဘဲ ၄၃ မိုင်ကျော် ခရီးနှင်ခုတ်မောင်းခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ မီးရထားဌာနက အမိန့်ပေးလိုက်ပါတယ်။ ရထားဟာ ဂျမူးနဲ့ ကက်ရှ်မီးယားကနေ ပန်ဂျပ်ပြည်နယ် ဟိုရှီယာပါ ခရိုင်ထိ မောင်းသူမပါဘဲ ခုတ်မောင်းခဲ့တာဖြစ်ပြီး ရထားဘူတာတွေကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။ ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၂၅ ရက် ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တွေတင်လာတဲ့ တွဲပေါင်း ၅၃ တွဲပါ ရထားဟာ ကတ်ဝါဘူတာမှာ ရထားမောင်းသူအပြောင်းအလဲအတွက် ရထားမောင်းသူနဲ့ လက်ထောက်ဖြစ်သူတို့ ဆင်းသွားချိန်မှာ ရထားလမ်း လျှောစောက်ကနေ စတင်ရွေ့လျားခဲ့တာဖြစ်ပါတယ်။ ရထားထွက်ခွာပြီးနောက်မှာ ရထားဟာ တနာရီကို ကီလိုမီတာ ၁၀၀ နီးပါးနှုန်းနဲ့ ခုတ်မောင်းခဲ့ပြီး လမ်းကြောင်းပေါ်ရှိ လမ်းကူးနေရာတွေနဲ့ ဘူတာရုံငါးခုကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ရပါတယ်။ ရထားကို ရပ်တန့်နိုင်ဖို့ ရထားလမ်းပေါ်မှာ သစ်တုံးတွေချထားခဲ့ရပြီး နောက်ဆုံးတွင် ရထားကို…

Read More

ကချင်ပြည်နယ် စီခမ်းကြီး တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရ

  ဖေဖော်ဝါရီ ၂၆ – ၂၀၂၄ SN (VOM) ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ စီခမ်းကြီးကျေးရွာ တိုက်ပွဲကြောင့် ဒေသခံ နှစ်ထောင်နီးပါး စစ်ရှောင်နေရတယ်လို့ သုညသုခ ပရဟိတ လူငယ်အသင်းမှ သိရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက်က စီခံကြီးကျေးရွာအနီး ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ KPDF ပူးပေါင်းအဖွဲ့နဲ့ နစကတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံ လူဦးရေ စုစုပေါင်း ၁၇၄၁ ယောက်ဝန်းကျင် စစ်ရှောင်နေကြရပြီး အရေးပေါ် အကူအညီတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။ “အဓိက ကတော့ စားစရာတွေ လိုအပ်နေတာပါ။ အခုက ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်နေရပြီဆိုတော့ နေရေးထိုင်ရေး ဆိုတာထက် သူတို့ရဲ့ စားသောက်ရေးအတွက် အဓိက လိုနေတာပေါ့။ စားစရာနဲ့ပတ်သက်လို့ ဘယ်ရာမဆို လိုအပ်နေတာပါ။ တနေရာနဲ့ တနေရာတော့ လိုအပ်မှုအတိုင်းအတာတော့ မတူပါဘူး။…

Read More

ကသာ ပေါမမြိုင် ဘုန်းကြီးကျောင်းဝန်းအတွင်း ဒရုန်းဗုံးကျပြီး ပေါက်ကွဲလို့ ဘုန်းကြီးတပါး ပျံလွန်တော်မူ

  ဖေဖော်ဝါရီ ၊ ၂၆ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း အထက်ပိုင်း ကသာခရိုင် ၊ ကသာမြို့ ၊ ကားကွင်းအနီးက ပေါမမြိုင် ဘုန်းကျောင်းဝန်းထဲကို မနေ့ ဖေဖော်ဝါရီ ၂၅ ရက် မနက်ပိုင်းက ဒရုန်းဗုံးတလုံး ကျရောက်ပေါက်ကွဲတာကြောင့် အဲ့ဒီကျောင်းမှာ သီတင်းသုံးနေတဲ့ ဘုန်းကြီးတပါး ထိခိုက်ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ အကြောင်းနဲ့ ပတ်သက်ပြီး ပေါမမြိုင် ဆရာတော်တပါး က ” ဒရုန်းဗုံးကျတဲ့အချိန် ဘုန်းကြီး ဥူးစံသာဝရ သက်တော် ၇၁ နှစ် ၊ ဝါတော်က ၁၀ ဝါ က လမ်းလျှောက်နေတုန်း သူ့နားကို ဗုံးက မိုးပေါ်ကကျလာပြီး ပေါက်ကွဲတယ် ၊ အဲ့ဒါကြောင့် ဘုန်းကြီး ဥူးစံသာဝရက နေရာမှာတင် ပျံတော်မူခဲ့တယ် ၊…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဖေဖော်ဝါရီ- ၂၆ ရက်)

  Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၆၃၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၆၇၀ ကျပ် ဝယ်ဈေး – ၂၆၂၀ ကျပ် -ယူရို ရောင်းဈေး – ၃၈၈၄ ကျပ် ဝယ်ဈေး – ၃၈၀၇ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၁.၀၀ ကျပ် ဝယ်ဈေး – ၉၉.၀၀ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၆၂ ကျပ် ဝယ်ဈေး – ၇၅၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၉၆ ကျပ် ဝယ်ဈေး – ၄၈၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး…

Read More

ယနေ့ ရွှေဈေး (ဖေဖော်ဝါရီ – ၂၆ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၀၃၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၉၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၉၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အမေရိကန်ရှိ အစ္စရေးသံရုံးရှေ့မှာ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြမှု ဖြစ်ပွား

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၄ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးရှေ့မှာ အမျိုးသားတယောက် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးရှို့ဆန္ဒပြသူဟာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လက်ရှိမှာ ဆေးရုံပို့ထားရပါတယ်။ ဒီကိစ္စအပေါ် အမေရိကန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။ အဆိုပါဖြစ်စဉ်အတွင်း သံရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးရှို့ဆန္ဒပြသူဟာ သံရုံးဝန်ထမ်းတွေနဲ့ သိကျွမ်းသူမဟုတ်ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမေရိကန်ရှိ အစ္စရေးသံရုံးရှေ့မှာ အခုလိုမီးရှို့ဆန္ဒပြမှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့မှာ လူတယောက် မီးရှို့ဆန္ဒပြခဲ့ပါသေးတယ်။ ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေအပေါ် ကန့်ကွက်ပြီး ပါလက်စတိုင်းတို့ကို ထောက်ခံတဲ့အနေနဲ့ အမေရိကန်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref:BBC Photo:Getty Images

Read More

This Day in History

Voice of Myanmar ဗြိတိန်သည် ပထမဆုံးသော ကိုယ်ပိုင်အဏုမြူဗုံးကို တီထွင်စမ်းသပ်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီက ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာခဲ့သည်။

Read More

စိမ်းစိမ်းစိုစို အာဟာရလေးတွေ

  ဆူးငှက်       ”ရိုးတစ်လျှောက် … ဖြိုးမောက်ပါတဲ့ လယ်ပဒူ အရွက်ချွန်း ကန်စွန်းပုစွန်စာနှင့် လွန်တရာ ကညို့ပေါတယ်၊ တောဖြစ်လို့ထူ…” ငယ်ငယ်က ကျက်မှတ်ခဲ့ဖူးသော ကဗျားလေးတစ်ပုဒ်ကို သတိရနေမိသည်။ အခုလို မိုးလေးကျလာတော့ ပတ်ကြားအက်နေသော လယ်မြေတွေက ဖန့်ဖန့်စွတ်စိုသွားသည်။ ငိုက်ကာညှိုးနေသော အပင်လေးတွေလည်း ခေါင်းမတ်လာကြ၏။ ဖုန်မှုန့်အညစ်အကြေး ဝတ်ရုံတွေ ဖို့ရိုးဖားယား ဆင်ယင်ထားသည့် သစ်ပင်သစ်ရွက်တို့ စိမ်းရွှင်လန်းဆတ်သွားသည်။ ခြံနံဘေးရေအိုင်စပ်က ကန်စွန်းရွက်နွယ်ကလေး လူးလွန့်လာ၏။ စည်းရိုးပေါ်က ခွေးတောက်ညွန့်ကလည်း ဆန့်လာ၏။   ရေနီမြောင်း အရှေ့ဘက် ရန်ကင်းတောင်သွား ကားလမ်းနဘေး ကျွန်းပင်တောလေး အောက်က မနက်ဈေးကလေးမှာဟင်းသီးဟင်းရွက်တွေ စိမ်းစိုနုသစ်နေသည်။ ခြံထွက်သီးနှံတွေချည်းမို့ လတ်ဆတလှချည့်..။ တကယ်တော့ မြန်မာ့မြေမှာအသီးအနှံပေါသည်။ မြေဆီကလည်း နဂိုကတည်းက ပေါကြွယ်လှတာမို့ သဘာဝအလျောက်ပင်ဖြစ်ထွန်းကြီးထွားလွယ်သည်။ကိုယ့်မှာ ရှိသည့် တန်ဖိုးကို သတိမမူနိုင်ဘဲ ရေချိုခမ်း၊ မြေဆီခမ်းနေကြသည့်…

Read More
VOM News

FREE
VIEW