အမေရိကန်ရှိ အစ္စရေးသံရုံးရှေ့မှာ ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြမှု ဖြစ်ပွား

ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၆-၂၀၂၄
မျိုးဆက်(VOM)

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အစ္စရေးသံရုံးရှေ့မှာ အမျိုးသားတယောက် ကိုယ့်ကိုကိုယ် မီးရှို့ဆန္ဒပြခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

မီးရှို့ဆန္ဒပြသူဟာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လက်ရှိမှာ ဆေးရုံပို့ထားရပါတယ်။ ဒီကိစ္စအပေါ် အမေရိကန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်အတွင်း သံရုံဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာမရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မီးရှို့ဆန္ဒပြသူဟာ သံရုံးဝန်ထမ်းတွေနဲ့ သိကျွမ်းသူမဟုတ်ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အမေရိကန်ရှိ အစ္စရေးသံရုံးရှေ့မှာ အခုလိုမီးရှို့ဆန္ဒပြမှုဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းကလည်း အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးရှေ့မှာ လူတယောက် မီးရှို့ဆန္ဒပြခဲ့ပါသေးတယ်။

ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးရဲ့ ထိုးစစ်ဆင်မှုတွေအပေါ် ကန့်ကွက်ပြီး ပါလက်စတိုင်းတို့ကို ထောက်ခံတဲ့အနေနဲ့ အမေရိကန်၊ ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW