အိန္ဒိယမှာ မောင်းသူမပါတဲ့ ကုန်ရထားတစင်း မိုင် ၄၀ ကျော်ခရီးနှင်ခဲ့မှု စုံစမ်းစစ်ဆေးနေ

 

ဒေလီ၊ ဖေဖော်ဝါရီ-၂၆-၂၀၂၄

မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံမှာ ကုန်တင်ရထားတစင်းဟာ မောင်းသူမပါဘဲ ၄၃ မိုင်ကျော် ခရီးနှင်ခုတ်မောင်းခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဖို့ မီးရထားဌာနက အမိန့်ပေးလိုက်ပါတယ်။

ရထားဟာ ဂျမူးနဲ့ ကက်ရှ်မီးယားကနေ ပန်ဂျပ်ပြည်နယ် ဟိုရှီယာပါ ခရိုင်ထိ မောင်းသူမပါဘဲ ခုတ်မောင်းခဲ့တာဖြစ်ပြီး ရထားဘူတာတွေကို အရှိန်ပြင်းပြင်းနဲ့ ဖြတ်သန်းခဲ့ပါတယ်။

ဒီဖြစ်စဉ်ဟာ ဖေဖော်ဝါရီ ၂၅ ရက် ကဖြစ်ပွားခဲ့တာဖြစ်ပြီး ကျောက်တွေတင်လာတဲ့ တွဲပေါင်း ၅၃ တွဲပါ ရထားဟာ ကတ်ဝါဘူတာမှာ ရထားမောင်းသူအပြောင်းအလဲအတွက် ရထားမောင်းသူနဲ့ လက်ထောက်ဖြစ်သူတို့ ဆင်းသွားချိန်မှာ ရထားလမ်း လျှောစောက်ကနေ စတင်ရွေ့လျားခဲ့တာဖြစ်ပါတယ်။

ရထားထွက်ခွာပြီးနောက်မှာ ရထားဟာ တနာရီကို ကီလိုမီတာ ၁၀၀ နီးပါးနှုန်းနဲ့ ခုတ်မောင်းခဲ့ပြီး လမ်းကြောင်းပေါ်ရှိ လမ်းကူးနေရာတွေနဲ့ ဘူတာရုံငါးခုကို အာဏာပိုင်တွေက ပိတ်ပစ်ခဲ့ရပါတယ်။

ရထားကို ရပ်တန့်နိုင်ဖို့ ရထားလမ်းပေါ်မှာ သစ်တုံးတွေချထားခဲ့ရပြီး နောက်ဆုံးတွင် ရထားကို ရပ်တန့်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC

Photo:ANI

 

Related posts

Leave a Comment

VOM News

FREE
VIEW