ချမ်းမြသာစည်မြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး (၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး သေဆုံးခဲ့

 

မန္တလေး၊မတ် ၂-၂၀၂၄

Voice Of Myanmar(VOM)

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကံသာယာရပ်ကွက်၊ ၁၁၂လမ်း ၅၈×၅၉လမ်းကြားရှိ‌ နေအိမ်တအိမ်မှာ ဒီကနေ့မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး အသက်(၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

” စလောင်တာကတော့ ဖုန်းအားသွင်းရာကနေ လောင်တာပါ၊ စလောင်တဲ့အိမ်က အသက်(၁၄)နှစ်အရွယ် မိန်းကလေး(၁)ဦး မီးခိုးမွှန်ပြီး မီးလောင်သေဆုံးသွားတယ်”လို့ မီးသတ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ်မှာ နေအိမ်အိပ်ခန်းအတွင်း ဖုန်းအားသွင်းထားခဲ့ရာ ဖုန်းဘထ္ထရီအပူလွန် ပွင့်ထွက်ပြီး အနီးရှိ အိမ်ထရံကို မီးကူးစက်ကာ မီးစလောင်ခဲ့တာဖြစ်ကြောင်း မီးလောင်မှုကြောင့် နေအိမ်(၁)လုံးနဲ့ ဘေးရှိ နေအိမ်(၂)လုံးမှ အပေါ်ထပ်တို့ မီးစွဲလောင်မှုဖြစ်ပွားကာ မီးသတ်တွက်ချက်တန်ဖိုးငွေ (၉၄)သိန်းခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုကို Level(1)အဆင့်နဲ့ မီးငြိမ်းသတ်ခဲ့ပြီး မီးလောင်မှုကြောင့် မီးစလောင်သည့်အိမ်မှ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတဦး မီးခိုးမွှန်ကာ မီးလောင်သေဆုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ အိမ်ရှင် ရဲ့ မြေးဖြစ်သူ အသက် (၁၈)နှစ်အရွယ်အမျိုးသားအား (ပ-၃၆/၂၀၂၄) ပုဒ်မ ၃၀၄(က)- ၂၈၅ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

Photo Crd – Original Upolader

 

Related posts

VOM News

FREE
VIEW