မုံရွာမြို့ပေါ်မှာ ပရီမီယာကော်ဖီ ကုမ္မဏီကား ဓားပြတိုက်ခံရ ၊ ငွေကျပ် သိန်း ၅၇၀ ကျော်ပါသွား

 

မတ် ၊ ၅ ၊၂၀၂၄

SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ မုံရွာမြို့၊ သလ္လာရပ်ကွက် ၊ စိတ္တသုခလမ်းနဲ့ ငွေသော်တာလမ်းဆုံနေရာမှာ ဒီကနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ကုမ္မဏီကုန်ပို့ယာဥ် (ကွန်တိန်နာအသေး) ကားတစီး ဓားပြတိုက် လုယက်ခံရတဲ့ ဖြစ်စဥ် ပေါ်ပေါက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

” ပရီမီယာ ကော်ဖီမစ် ကုမ္မဏီကားရှေ့မှာ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ကားရှေ့ကနေရပ်ပြီး ၊ ကားကို သေနတ်အတိုနဲ့ ချိန်ထားတယ် ၊ နောက်ပြီး ကားပေါ်မှာ လိုက်ပါလာတဲ့ (ကုမ္မဏီဝန်ထမ်းလို့ ယူဆရသူ) လူငယ် အမျိုးသား သုံးယောက်နဲ့ အမျိုးသမီး တယောက်ကို သေနတ်ကိုင်ထားသူ လူနှစ်ယောက်က ကားပေါ်ကနေဆွဲချပြီး လမ်းဘေးမှာ ထိုင်ခိုင်းတယ် ၊ အဲ့ဒီ နောက် သေနတ်ကိုင်ထားတဲ့ လူနှစ်ယောက်က ကားရှေ့ခန်းမှာရှိတဲ့ အိတ်တွေကို ယူပြီး ခြေလျင်ထွက်ပြေးသွားတယ် ၊ ပတ်ဝန်းကျင်ကလည်း နောက်မှ ဓားပြတိုက်ခံရတာဖြစ်တယ်လို့ သိရတယ် ၊ အခုတော့ နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေပိတ်ဆို့စစ်ဆေးနေတယ် ” လို့ မြင်တွေ့လိုက်ရတဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်ပြီး မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ဖြစ်စဥ်က ဒီကနေ့ ၁၂ နာရီမှာ မုံရွာမြို့ ၊ မြဝတီရပ်နဲ့ သလ္လာရပ်ကြားက မိုးကောင်းလမ်းမှာရှိတဲ့ ပရီမီယာ ကုမ္မဏီရုံးကနေ မုံရွာမြို့ထဲဘက်ကို ဘဏ်ငွေလွဲဖို့ ထွက်လာတဲ့ ကုမ္မဏီကား လုယက်ဓားပြတိုက်ခံရတာဖြစ်တယ် ၊ ကားပေါ်မှာ ယာဥ်မောင်း ကိုအောင်မြင့်မင်း ၊ ကုမ္မဏီဝန်ထမ်း ကိုပြည့်ဖြိုးအောင် ၊ ကိုအောင်မိုးကျော်နဲ့ မမြင့်မြင့်သူ ဆိုပြီး လူလေးယောက် လိုက်ပါလာတယ်၊ သူတို့မောင်းလာတဲ့ ကားရှေ့ကနေ အမည်မသိ (စုံစမ်းဆဲ ) Mask တပ်ထားတဲ့ လူနှစ်ယောက်က ကားကို သေနတ်အတိုနဲ့ ချိန်ပြီး ရပ်ခိုင်းတယ် ၊ အဲ့ဒိနောက်် ကားကှေ့ခန်းမှာ ပါလာတဲ့ အညိုရောင်လက်ဆွဲအိတ်နဲ့ အနက်ရောင်ကြွပ်ကြွပ်အိတ်တွေမှာ ထည့်ထားတဲ့ ကုမ္ပဏီပိုင် ငွေကျပ် (၅၇၄)သိန်းနဲ့ မမြင့်မြင့်သူရဲ့ MCB ဘဏ်စာအုပ် (၃)အုပ်၊ KBZ ဘဏ်စာအုပ်(၁)အုပ်န MCB ATM ကဒ်(၁)ခုတိုကို လုယူဓားပြတိုက် ယူဆောင်ပြေးသွားတာဖြစ်တယ်” လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ကနေစလို့ ဒီကနေ့အထိ ဓားပြတိုက်လုယက်မှု ၇၄ ကြိမ် ၊ လူပြန်ပေးဆွဲ ဖမ်းဆီးခံရမှုဖြစ်စဥ် ၂၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်တွေအနက် ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လကနေ ၂၀၂၃ ဒီဇင်ဘာလအထိ မုံရွာမြို့ပေါ်မှာ နေရာ ၁၄ ခု ၊ လုယက် ၊ ဓားပြတိုက် ၊ ပြန်ပေးဆွဲ မီးရှို့မှု့ ၁၆ ကြိမ် ကျူးလွန်သူ အမျိုးသား သုံးဦးနဲ့အမျိုးသမီး တယောက်တို့နဲ့အတူ ဖမ်းဆီးရမိသက်သေခံ ပစ္စည်း ကွန်ပျူတာလက်တော့ပ် ၁ လုံး ၊ ရွှေနားကပ် ၃ ရံ ၊ ဖုန်မျိုးစုံ ၂၀ လုံး ၊ ဆိုင်ကယ်မျိုးစုံ ၃ စီး ၊ ကားမျိုးစုံ ၃ စီး ၊ ပြန်ပေးဆွဲခံရသူ အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦး ၊ စုစုပေါင်း ငွေကျပ် ၃၆ သိန်း ၊ ၁ သောင်း အပါအဝင် ဖုန်းငွေဖြည့်ကဒ် (တန်ဘိုးစီစစ်ဆဲ) တွေ သိမ်းဆည်းရမိတယ်လို့ မုံရွာခရိုင် ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါသေးတယ်။

Photo Crd: Original Uploader

 

Related posts

Leave a Comment

VOM News

FREE
VIEW