မုံရွာမှာ အစိုးရပိုင် သစ်စက် မီးလောင်

မတ် ၊ ၂၅ ၊ ၂၀၂၄
SP ( VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ အစိုးရဌာနပိုင် အမှတ် ၇၅ သစ်စက်ဟာ ဒီကနေ့မနက်ပိုင်း ၄ နာရီကျော်က မီးလောင်သွားတယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။

” ဒီမနက် သစ်စက်ရုံ မီးလောင်တာက အတော်များတယ် ၊ အရင်ကလည်း အဲ့ဒီစက်ရုံက မီးလောင်ဖူးတယ် ၊ အခုတကြိမ်လောက် မီးများဘူး ” လို့ အိုးဘိုတောင်ရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။

မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က
” ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လတုန်းက အဲ့ဒီ အမှတ် ၇၅ သစ်စက်ရုံက သစ်ပုံတွေ မီးရှို့ခံရတာ တကြိမ်ရှိတယ် ၊ အဲ့ဒီနောက် အောက်တိုဘာမှာ အဲ့ဒီစက်ရုံထဲက ရုံးခန်းထဲမှာ ဗုံးဖောက်ခွဲခံရပြီး စက်ရုံလုပ်သားတွေဆီက ပစ္စည်းတွေ လုယက်ယူခံရတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ သစ်စက်ရုံ မီးစတင်လောင်ရတယ်ဆိုတဲ့ အခြေအနေနဲ့ ဘယ်လောက်ပျက်စီးဆုံးရှုံးတယ်ဆိုတာ သက်ဆိုင်ရာက တွက်ချက်နေဆဲဖြစ်လို့ မသိရသေးပါဘူး။

အခုရက်ပိုင်းအတွင်း ၊ မုံရွာမြို့နယ်ရဲ့ တောင်ဘက်ပိုင်းနဲ့ မြောက်ဘက်ပိုင်းက ကျေးရွာတွေ မီးလောင်ပျက်စီးပြီး ဒေသခံ တထောင်ကျော်ဟာလည်း မီးဘေးဒုက္ခသည်အဖြစ် နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

ဓာတ်ပုံ ၊ မုံရွာခရိုင် မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW