မတ် ၊ ၂၅ ၊ ၂၀၂၄ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အိုးဘိုတောင်ရပ်ကွက်မှာရှိတဲ့ အစိုးရဌာနပိုင် အမှတ် ၇၅ သစ်စက်ဟာ ဒီကနေ့မနက်ပိုင်း ၄ နာရီကျော်က မီးလောင်သွားတယ်လို့ စစ်ကိုင်းတိုင်း မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ဒီမနက် သစ်စက်ရုံ မီးလောင်တာက အတော်များတယ် ၊ အရင်ကလည်း အဲ့ဒီစက်ရုံက မီးလောင်ဖူးတယ် ၊ အခုတကြိမ်လောက် မီးများဘူး ” လို့ အိုးဘိုတောင်ရပ်ကွက်နေ ဒေသခံတယောက်က ပြောပါတယ်။ မုံရွာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ ၂၀၂၂ သြဂုတ်လတုန်းက အဲ့ဒီ အမှတ် ၇၅ သစ်စက်ရုံက သစ်ပုံတွေ မီးရှို့ခံရတာ တကြိမ်ရှိတယ် ၊ အဲ့ဒီနောက် အောက်တိုဘာမှာ အဲ့ဒီစက်ရုံထဲက ရုံးခန်းထဲမှာ…
Read MoreMonth: March 2024
မန္တလေး ကုန်စည်ဒိုင် ၂၅-၃-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ
မန္တလေး- မတ်- ၂၅- ၃-၂၀၂၄ (VoiceOfMyanmar) ဂျုံစျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/ မြို့သာ)-60ပိဿာ(သစ်) 160000/ 165000 ဂျုံ(မုံရွာ/ ဘုတလင်)-60ပိဿာ-(သစ်) 160000/ 165000 ဂျုံ – ( စစ်ကိုင်း/ဆားတောင်/ရွှေဘို) -60 ပိဿာ-(သစ်) -160000/ 165000 ဂျုံ – (မြင်းမူ/ မြောင်)-60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ကလေး) 60 ပိဿာ-(သစ်) – 160000/ 165000 ဂျုံ – (ရှမ်း)-60 ပိဿာ-(သစ်)- 150000/ 152000 ဂျုံ – (အထွက်တိုး)-60 ပိဿာ-(သစ်) – 145000 ဂျုံ – ပန်ဆိုင်း(ကြူကုတ် – (60 ပိဿာ)- 155000/ 160000/ ဂျုံ…
Read Moreချမ်းအေးသာစံမြို့နယ်က KBZဘဏ်မှာ သိန်း(၂)ထောင်နီးပါး ဓားပြတိုက်ခံရ
မန္တလေး၊ မတ် ၂၅-၂၀၂၄ Voice Of Myanmar(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၇၄လမ်း ၃၁ နဲ့ ၃၂လမ်းကြားရှိ KBZဘဏ်မှာ ဒီကနေ့မနက် ၁၁နာရီကျော်အချိန်ခန့်က သိန်း(၂)ထောင်နီးပါး ဓားပြတိုက်လုယက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ ” ဖြစ်စဉ် CCTVကိုတော့ တာဝန်ရှိသူတွေ ကြည့်နေပါပြီ၊ စိစစ်ဆဲ သေနတ်အတိုနဲ့ ရဲဒင်း(၁)ခု ကိုင်ထားသူအပါအဝင် အမျိုးသား(၃)ယောက် ဆိုင်ကယ်နဲ့လာပြီး ဓားပြလုယက်တိုက်သွားတာပါ၊ ခန့်မှန်းချေအရတော့ သိန်း ၂၀၀၀ထောင်နီးပါးရှိမယ်”လို့ ရဲနဲ့နီးစပ်သူကပြောပါတယ်။ အမည်မသိ အမျိုးသား(၃)ဦးက ဆိုင်ကယ်(၂)စီးနဲ့ ရောက်လာပြီး ဘဏ်အတွင်းရှိ ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်း လာရောက်ဆောင်ရွက်သူများကို သေနတ်ပြခြိမ်းခြောက်ကာ ဘဏ်ကောင်တာအတွင်းမှ ဆာလာအိတ်ေတွနဲ့ ငွေ သိန်း(၂)ထောင်နီးပါးကို ဓားပြတိုက်လုယူသွားတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃၊ နိုဝင်ဘာ ၁၇ရက်ကလည်း မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း၃၀ ၇၂နဲ့၇၃လမ်းကြားက “အောင်”ရွှေဆိုင်…
Read Moreမြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီ ပထမအသုတ် ထိုင်းအစိုးရ ပေးပို့
ဘန်ကောက်၊ မတ်-၂၅-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပထမအသုတ်ကို မတ် ၂၅ ရက်မှာ စတင်ပေးပို့ခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အကူအညီ ပထမအသုတ်အနေနဲ့ လူနှစ်သောင်းအတွက် ဆန်၊ အစာခြောက်နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေပါဝင်တဲ့အိတ် လေးထောင်ကို ထိုင်းကြက်ခြေနီဖွဲ့ယာဉ်တန်းနဲ့ မဲဆောက်-မြဝတီ နယ်စပ်ဖြတ်ကျော်ပြီး မြန်မာဘက်ကို ပို့ခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အကူအညီတွေကို အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက စောင့်ကြည့်လေ့လာခဲ့တဲ့ ကရင်ပြည်နယ်ရှိ နေရာသုံးနေရာမှာ ဖြန့်ဝေသွားမှာဖြစ်ပြီး တခြားနေရာတွေကို ပေးပို့ဖို့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ဒီကူညီမှုဟာ အာဆီယံအဖွဲ့ရဲ့ ကျောထောက်နောက်ခံပြုတဲ့ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြ ံတခုထူထောင်ဖို့ ထိုင်းနိုင်ငံရဲ့ ပိုမိုကျယ်ပြန့်တဲ့အစီအစဉ်ရဲ့ တစိတ်တပိုင်းလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူ ၂ ဒသမ ၆ သန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး…
Read Moreမော်စကို တိုက်ခိုက်မှုအပြီး ပြင်သစ်မှာ အကြမ်းဖက်မှုသတိပေးချက် အမြင့်ဆုံးထုတ်ပြန် တပ်လှန့်ထား
ပါရီ၊ မတ်-၂၅-၂၀၂၄ မျိုးဆက်(VOM) ရုရှားနိုင်ငံ မော်စကိုမှာ လူ ၁၃၀ ကျော်သေဆုံးခဲ့တဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြင်သစ်နိုင်ငံမှာလည်း အကြမ်းဖက်မှုသတိပေးချက်ကို အစိုးရက အမြင့်ဆုံး တပ်လှန့်လိုက်ပါတယ်။ ပြင်သစ်သမ္မတ မက်ခရိုနဲ့ လုံခြုံရေး၊ ကာကွယ်ရေးဆိုင်ရာ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အခုလိုက် သတိပေးချက်ကို တိုးမြှင့်လိုက်တာဖြစ်ကြောင် ပြင်သစ်ဝန်ကြီးချုုပ် ဂါဘရီရယ် အက်တယ်လ်က ပြောပါတယ်။ ပါရီမှာ များမကြာခင်ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲမတိုင်ခင် အခုလို ဆုံးဖြတ်လိုက်တာဖြစ်ပြီး မော်စကိုမှ တိုက်ခိုက်ခဲ့တဲ့ အိုင်အက်စ်အဖွဲ့ဟာ ပြင်သစ်မှာလည်း ခြိမ်းခြောက်လာနိုင်ခြေရှိကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်မှု သတိပေးချက်အနေနဲ့ အဆင့်သုံးဆင့်ရှိပြီး ပြင်သစ် သို့မဟုတ် ပြည်ပ သို့မဟုတ် တစုံတရာ ခြိမ်းခြောက်မှုနီးကပ်လာတယ်လို့ ယူဆတဲ့အခါ အမြင့်ဆုံး သတိပေးချက်ကို ထုတ်ပြန်လေ့ရှိပါတယ်။ ဒီလို သတိပေးချက်အဆင့် အမြင့်ဆုံးထားလိုက်ပြီးနောက်မှာ ရထားဘူတာတွေ၊ လေဆိပ်တွေနဲ့ ဘာသာရေးနေရာလိုမျိုး နေရာတွေမှာ…
Read Moreမြင်းခြံ – မြို့သာကားလမ်းမှာ မိုင်းထိမှန်ခဲ့တဲ့ ဒုရဲမှူးကြီး တယောက်သေဆုံး
မတ် ၊ ၂၅ ၊ ၂၀၂၄ SP (VOM) မန္တလေးတိုင်း ရဲတပ်ဖွဲရုံးမှာ တိုင်း မှု့ခင်းကျဆင်းရေးနဲ့နှိမ်နင်းရေး (တိုင်းမှုကူ)ဌာန ၊ တာဝန်ခံ ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကြောင်းထွက်ရင်း မိုင်းထိမှန်ပြီး နောက်ပိုင်းမှာ သေဆုံးခဲ့တာကြောင့် သူရဲ့ ရုပ်အလောင်းကို ဒီကနေ့မှာ သဂြိုလ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ဒုရဲမှူးကြီး ကျော်ဇင်မြင့် ဆိုသူက မန္တလေးတိုင်းမှာ အနေကြာ တာဝန်ထမ်းဆောင်ခဲ့တယ် ၊ အရင်က အမရပူရ ယာဉ်ထိန်း ၊ အဲ့ဒီနောက် အောင်မြေသာဇံ မြို့နယ်မှူး ၊ ရာထူးတိုးပြီး ချင်းပြည်နယ်မှာ တာဝန်ကျတယ် ၊ ချင်းပြည်နယ်မှာ မသွားရပဲ မန္တလေး ၊ တိုင်းမှုကူ တာဝန်ခံ လုပ်နေတာဖြစ်တယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်းက မြင်းခြံနယ်ဘက်ကို…
Read Moreယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မတ် – ၂၅ ရက်)
Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၇၄၀ ကျပ် ဝယ်ဈေး – ၃၆၇၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၇၆၀ ကျပ် ဝယ်ဈေး – ၂၇၁၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၄၆ ကျပ် ဝယ်ဈေး – ၄၀၆၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၃.၆၆ ကျပ် ဝယ်ဈေး – ၁၀၁.၅၂ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၅၆ ကျပ် ဝယ်ဈေး – ၈၄၆ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၂ ကျပ် ဝယ်ဈေး – ၅၀၂ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…
Read Moreယနေ့ ရွှေဈေး (မတ် – ၂၅ ရက်၊ နံနက် ၁၀ နာရီ)
Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၁၆၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၂၂၅၀၀၀ ကျပ် ဝယ်ဈေး ၄၁၈၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၀၂၅၀၀၀ ကျပ် ဝယ်ဈေး ၃၉၈၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Read Moreနိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား ၁၃၀ ကျော် ပြန်လည်လွတ်မြောက်လာ
အဘူဂျာ၊ မတ်-၂၅-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကူရီဂါမြို့မှာ ယခုလအစောပိုင်းက သေနတ်သမားတွေ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ဂျီးရီးယားကျောင်းသားတွေ ထိခိုက်မှုမရှိဘဲ လွတ်မြောက်လာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိကြောင့် ကယ်တင်နိုင်ခဲ့ကြောင်း ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကျောင်းအာဏာပိုင်တွေက ကျောင်းသား ၂၈၀ ကျော်ကို သေနတ်သမားတွေက ခေါ်ဆောင်သွားတယ်လို့ ပြောပေမယ့် လက်ရှိမှာ ဓါးစာခံ ၁၃၇ ယောက်ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်တပ်က ပြောပါတယ်။ အခုလို အရေအတွက် ကွာဟမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ပြန်ပေးငွေပေးရမယ့် မတိုင်ခင် စစ်ဆင်ရေးကို မတ် ၂၄ ရက်မှာ ပြုလုပ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဇမ်ဖာရာပြည်နယ်ကနေ မိန်းကလေး ၇၆ ယောက်နဲ့ ယောက်ကျားလေး ၆၁ ယောက်တို့ကို ကယ်တယ်နိုင်ခဲ့တယ်လို့…
Read MoreThis Day In History
Voice of Myanmar စနေဂြိုဟ်၏ အကြီးဆုံးဂြိုဟ်ရံလ ဖြစ်သော တိုက်တန်ကို ဒတ်ချ်လူမျိုး နက္ခတ္တပညာရှင် Christiaan Huygens ဆိုသူက ၁၆၅၅ ခုနှစ် မတ် ၂၅ ရက်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး တိုက်တန်သည် လကမ္ဘာထက် ၅၀ ရာခိုင်နှုန်း ပိုမိုကြီးမားသည်။
Read More