နိုင်ဂျီးရီးယားမှာ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသား ၁၃၀ ကျော် ပြန်လည်လွတ်မြောက်လာ

အဘူဂျာ၊ မတ်-၂၅-၂၀၂၄
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကူရီဂါမြို့မှာ ယခုလအစောပိုင်းက သေနတ်သမားတွေ အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှုအတွင်း ဖမ်းဆီးခံရတဲ့ နိုင်ဂျီးရီးယားကျောင်းသားတွေ ထိခိုက်မှုမရှိဘဲ လွတ်မြောက်လာကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ရဲစွမ်းသတ္တိကြောင့် ကယ်တင်နိုင်ခဲ့ကြောင်း ကာဒူနာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကျောင်းအာဏာပိုင်တွေက ကျောင်းသား ၂၈၀ ကျော်ကို သေနတ်သမားတွေက ခေါ်ဆောင်သွားတယ်လို့ ပြောပေမယ့် လက်ရှိမှာ ဓါးစာခံ ၁၃၇ ယောက်ပြန်လည်လွတ်မြောက်လာတယ်လို့ စစ်တပ်က ပြောပါတယ်။

အခုလို အရေအတွက် ကွာဟမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေက မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ပြန်ပေးငွေပေးရမယ့် မတိုင်ခင် စစ်ဆင်ရေးကို မတ် ၂၄ ရက်မှာ ပြုလုပ်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်း ကာဒူနာပြည်နယ်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဇမ်ဖာရာပြည်နယ်ကနေ မိန်းကလေး ၇၆ ယောက်နဲ့ ယောက်ကျားလေး ၆၁ ယောက်တို့ကို ကယ်တယ်နိုင်ခဲ့တယ်လို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောပါတယ်။

ပြန်ပေးဆွဲဂိုဏ်းတွေဟာ မကြာသေးမီနှစ်တွေအတွင်း အထူးသဖြင့် နိုင်ငံအနောက်မြောက်ပိုင်းမှာ လူထောင်ပေါင်းများစွာကို ပြန်ပေးဆွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ပြန်ပေးဆွဲမှုတွေ ကျဆင်းခဲ့ပေမယ့် အစုလိုက်အပြုံလိုက် ပြန်ပေးဆွဲမှု ခြောက်ခုက နိုင်ဂျီးရီးယားကို တုန်လှုပ်စေခဲ့ပါတယ်။

Ref:BBC
Photo: Nigerian Army

Related posts

Leave a Comment

VOM News

FREE
VIEW