ရွေးကောက်ပွဲမတိုင်ခင် အိန္ဒိအစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဒေလီမှာ အကြီးအကျယ်ဖြစ်ပွား

ဒေလီ၊ ဧပြီ-၁-၂၀၂၄
မျိုးဆက်(VOM)

အကျင့်ပျက်ချစားမှု စွဲချက်တွေနဲ့ ဒေလီဝန်ကြီးချုပ် ဖမ်းဆီးခံရမှုနဲ့ပတ်သက်ပြီး အိန္ဒိယအတိုက်အခံမဟာမိတ်အဖွဲ့ဟာ မြို့တော်ဒေလီမှာ ဆန္ဒပြပွဲအကြီးအကျယ် ပြုလုပ်ခဲ့ကြပါတယ်။

ဒီဆန္ဒပြပွဲဟာ အတိုက်အခံတွေ မဟာမိတ်ဖွဲ့ပြီးနောက် အကြီးမားဆုံးသော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ ဖြစ်ပြီး လူဦးရေ တသောင်းကျော် ပါဝင်ခဲ့ကြောင်း အတိုက်အခံတွေက ပြောပါတယ်။

ဒေလီဝန်ကြီးချုပ်ဖြစ်သူ အာဗင်ကက်ဂျ်ရီဝယ်လ်ဟာ မြို့တော်ဒေလီရဲ့ အရက်ရောင်းချမှု မူဝါဒနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ လနှောင်းပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ သူဟာ ဝန်ကြီးချုပ်မိုဒီကို ဝေဖန်လေ့ရှိသူအဖြစ် လူသိများပါတယ်။

တတိယသက်တမ်းအတွက် ကြိုးပမ်းနေတဲ့ ဝန်ကြီးချုပ်မိုဒီအစိုးရနဲ့ အတိုက်အခံတွေဟာ ဧပြီလထဲမှာ စတင်မယ့် အထွေထွေရွေးကောက်ပွဲမတိုင်မီ သဘောထားကွဲလွဲမှုတွေ ပိုမိုပြင်းထန်လာနေပါတယ်။

အစိုးရအနေနဲ့ အတိုက်အခံအုပ်စုတွေကို ဖိနှိပ်နေပြီး ဒီမိုကရေစီကို ကာကွယ်ရမယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ ဒေလီဝန်ကြီးချုပ် ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တရားမျှတ ပွင့်လင်းမြင်သာတဲ့ တရားစီရင်ရေးကို လိုလားကြောင်း အမေရိကန်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:NHK
Photo:AP

Related posts

Leave a Comment

VOM News

FREE
VIEW