နေပြည်တော်က ကားမိုင်း အချိန်မီ ထိမ်းသိမ်းနိုင်

နေပြည်တော် ၊ ဧပြီ ၂-၂၀၂၄
KT(VOM)

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိ ဟိုတယ်ဇုံမှာ 5F 2047 Toyota Passo အဖြူရောင်ယာဉ် ရပ်တန့်ထားတာကြာလို့ဆိုပြီး ဟိုတယ်တာဝန်ခံက သက်ဆိုင်ရာကို အကြောင်းကြားတာကြောင့် အချိန်မီ မပေါက်ကွဲခင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ရဲနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သ်ိရပါတယ်။

အဲဒီကားဟာ ၂၄.၃.၂၄ ရက် နေ့မှစထားခဲ့ကြောင်းနဲ့ ကားထိုင်ခုံရှေ့ ခုံေတွဖြုတ်ထားပြီး သစ်သားတွေနဲ့ပြန်လည်တပ်ဆင်ကာ အဝေးထိန်း စနစ်နဲ့ မောင်းနှင်နိုင်တဲ့ ပုံစံပြုလုပ်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းမှ သက်ဆိုင်ရာကို အကြောင်းကြားလို့ သိရတာမို့ အဲဒီမိုင်းကို သက်မဲ့ ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဖြစ်စဥ်ဟာ နေပြည်တော်မှာ ပထမဆုံးဖြစ်စဥ်မို့ လုံခြုံရေးအဖွဲ့တွေက အထူးစုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW