တူရကီမှာ နိုက်ကလပ်မီးလောင်မှုကြောင့် ၂၉ ယောက်ထက်မနည်း သေဆုံး

အစ္စတန်ဘူ၊ ဧပြီ-၃-၂၀၂၄ မျိုးဆက်(VOM) တူရကီနိုင်ငံမှာ ဧပြီ ၂ ရက်ကဖြစ်ပွားခဲ့တဲ့ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၂၉ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မြို့တော် အစ္စတန်ဘူရှိ အထပ်မြင့်အဆောက်အအုံရဲ့ မြေအောက်ထပ်မှာရှိတဲ့ အဲဒီနိုက်ကလပ်ကို နေဘက်အချိန်မှာ ပြုပြင်မွန်းမံမှုတွေ ပြုလုပ်နေချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ မီးလောင်မှုကြောင့် သေဆုံးသူများထဲမှာ ပြုပြင်မွန်းမံရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အလုပ်သမားတွေလည်း ပါဝင်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း အစ္စတန်ဘူ အုပ်ချုပ်ရေးမှူးကပြောပါတယ်။ နိုက်ကလပ်မန်နေဂျာနဲ့ ပြုပြင်မွန်းမံရေးလုပ်ငန်း တာဝန်ရှိသူအပါအဝင် လူရှစ်ယောက်ကို စုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ထားပြီး သူတို့ထဲက သုံးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒီနိုက်ကလပ်ဟာ ပြုပြင်မွမ်းမံဖို့ သို့မဟုတ် ဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက်လျှောက်ထားခြင်းမရှိကြောင်း မြေအောက်ထပ်မှာ ဖြစ်တဲ့အတွက် ပြုပြင်မှုတွေ လုပ်ဆောင်နေတာကို မသိရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ Ref:BBC…

Read More

ပြည်ခရိုင်မှာ တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေတဲ့အပြင် အုပ်ချုပ်ရေးမှူးနဲ့ စစ်မှုထမ်းဟောင်းတွေပါ အသတ်ခံရ

ပြည် ၊ ဧပြီ ၃ – ၂၀၂၄ GG (VOM) ပဲခူးတိုင်းအနောက်ခြမ်း ၊ ပြည်ခရိုင်ထဲမှာ နယ်မြေခံ PDF အဖွဲ့တွေနဲ့စစ်တပ်အကြား တိုက်ပွဲတွေမကြာခဏဖြစ်ပွားနေသလို စစ်မှုထမ်းဟောင်းနဲ့ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ စစ်တပ်သတင်းပေးသူတွေလည်း အသတ်ခံနေရတယ်လို့သိရပါတယ်။ ခုရက်ပိုင်း ဧပြီလ ၂ ရက်နေ့မှာ ပြည်ခရိုင် ၊ပေါက်ခေါင်းမြို့နယ်က စစ်မှုထမ်းဟောင်းသားနဲ့ အဖေဖြစ်သူ အုပ်ချုပ်ရေးမှူးတို့ သတ်ဖြတ်ခံရပြီး မတ်လ ၃၀ ရက်ကလည်း ပြည်ခရိုင်ပေါင်းတည်မြို့က စစ်တပ်သတင်းပေးဆိုသူအမျိုးသားတဦး အသတ်ခံခဲ့ရ တယ်လို့ သိရပါတယ်။ ” မနေ့က ညက ညောင်ပင်အင်းအုပ်ကြီးနဲ့သူ့သားအသတ်ခံရတယ်။ သူတို့ကို Pdf တွေကစစ်ဆေးဖို့ဆိုပြီး.သူတို့အိမ်မှာလာခေါ်သွားတာ၊ လမ်းရောက်တော့ ထွက်ပြေးဖို့လုပ်လို့သတ်လိုက်တာဆိုပြီး ထုတ်ထားတာတွေ့ရတယ်။သူ့သားက အရင်က တပ်ကြပ်ကြီး ၊နှစ်ယောက်လုံး သေသွားပြီ ၊ကျနော်တို့ပေါက်ခေါင်းဘက်မှာကတော့ ပဲခူးရိုးမလည်းရှိတော့ တိုက်ပွဲတွေက ခဏခဏဖြစ်နေတာပဲ၊တချို့ဆို ရှောင်နေလိုက်၊အိမ်ပြန်လာလိုက်လုပ်နေကြတာ ” လို့ ပေါက်ခေါင်းမြို့ဒေသခံတ​​ယောက်ကပြောပါတယ်။ မတ်လ ၂၆…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၃ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၈၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၄၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၂၀၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၆၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ထိုင်းအတိုက်အခံ ရှေ့သို့ပါတီကို ဖျက်သိမ်းဖို့ တိုင်ကြားချက် ထိုင်းတရားရုံး လက်ခံလိုက်ပြီ

ဘန်ကောက်၊ မတ်-၃-၂၀၂၄ မျိုးဆက်(VOM) ထိုင်းနိုင်ငံရွေးကောက်ပွဲမှာ ထောက်ခံမှုအများဆုံးနဲ့ အနိုင်ရရှိခဲ့တဲ့ အဓိကအတိုက်အခံပါတီ ရှေ့သို့ပါတီကို ဖျက်သိမ်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးက ဒီနေ့ ဧပြီ ၃ ရက်မှာ လက်ခံလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း လူပေါင်း ၂၆၀ ထက်မနည်း တရားစွဲခံခဲ့ရတဲ့ ထိုင်းဘုရင်စနစ်ကိုစော်ကားမှုဆိုင်ရာ ဥပဒေကို ပြုပြင်ပြောင်းလဲဖို့ အတွက် ရွေးကောက်ပွဲမှာ မဲဆွယ်တယ်ဆိုကာ ရှေ့သို့ပါတီကို ဖျက်သိမ်းပေးဖို့ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းတဲ့ တိုင်ကြားချက်ကို တရားရုံးက သဘောတူလိုက်တာဖြစ်ပါတယ်။ ရှေ့သို့ပါတီက ဒီဥပဒေကို ပြင်ဆင်မယ့် အစီအစဉ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီဘူးလို့ ဖွဲ့စည်းပုံအခြေခံနဲ့ မညီဘူးလို့ တရားရုံးက ဇန်နဝါရီလမှာ စီရင်ချက်ချမှတ်ခဲ့ပါသေးတယ်။ဒါဟာ ဘုရင်စနစ်ကို ဖြုတ်ချဖို့ ကြံစည်တာလို့ တရားရုံးကဆိုပါတယ်။ ဒါပေမယ့် ရှေ့သို့ပါတီကတော့ ဒီလိုရည်ရွယ်ချက်မရှိဘူးလို့ ပယ်ချထားပါတယ်။ တရားရုံးက ရွေးကောက်ပွဲကော်မရှင်ရဲ့ ပါတီဖျက်သိမ်းဖို့ တင်သွင်းမှုကို လက်ခံလိုက်တဲ့အပေါ် ဥပဒေကြောင်းအရ ဖြေရှင်းဖို့ ပြင်ဆင်ထားကြောင်း…

Read More

မန္တလေး ကုန်စည်ဒိုင် ၃- ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ဧပြီ- ၃- ၄-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့ စျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000 ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000 ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000 ဂျုံ (AUS) – ၁…

Read More

ထိုင်ဝမ်မှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး မြေငလျင်လှုပ်ခတ် ၊ လေးယောက်သေပြီး ၅၀ ကျော်ဒဏ်ရာရ

တိုင်ပေ၊ ဧပြီ-၃-၂၀၂၄ မျိုးဆက်(VOM) ထိုင်ဝမ်အရှေ့ပိုင်းကမ်းရိုးတန်းမှာ ဒီနေ့ ဧပြီ ၃ ရက်က အင်အားပြင်းမြေငလျင်လှုပ်ခတ်မှုကြောင့် လက်ရှိမှာ လူလေးယောက်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရစ်ချ်တာစကေး ၇ ဒသမ ၄ အဆင့်ရှိ အင်အားပြင်း မြေငလျင်ရဲ့ ဗဟိုချက်နဲ့နီးတဲ့ အနီးဆုံးမြို့ဖြစ်တဲ့ ဟူလီယန်မြို့မှာတော့ အဆောက်အအုံအများအပြား ပြိုကျခဲ့ပြီး ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် မနက် ၇ နာရီ ၅၈ မိနစ်မှာ လှုပ်ခတ်ခဲ့တာဖြစ်ပြီး သေဆုံးသူအရေအတွက် တိုးမြင့်လာနိုင်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ထိုင်ဝမ်ကျွန်းမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း အပြင်းထန်သော ငလျင်ဖြစ်ပြီး မြို့တော်တိုင်ပေအပြင် တောင်တန်းဒေသတွေထိပါ ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ရပါတယ်။ ငလျင်ကြောင့် လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဟူလီင်္ယန်မြို့ဝန်းကျင်ရှိ အဆောက်အအုံနဲ့ ဥမင်တွေလည်း ပြိုကျခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက…

Read More

မူဆယ်မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး အွန်လိုင်းငွေလိမ်တဲ့ နောက်ကွယ်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင် ၂၁ ဦး အပါအဝင် အွန်လိုင်း ငွေလိမ် သံသယ ရှိသူ ၈၀၇ ဦးဖမ်းဆီး

ဧပြီ ၃၊ ၂၀၂၄ ShyV(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့မှာ တရုတ်နဲ့ မြန်မာ ရဲတပ်ဖွဲ့တွေပူးပေါင်းပြီး အွန်လိုင်းမှာငွေလိမ်ပြီး နောက်ကွယ်က ကြိုးကိုင်နေတဲ့ ခေါင်းဆောင် ၂၁ ဦး အပါအဝင် အွန်လိုင်း ငွေလိမ် သံသယ ရှိသူ ၈၀၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၃၅၂ ဦးကို တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးအပ် ခဲ့ကြောင်း CCTV သတင်းနဲ့ MOI (ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဝန်းကြီး ဌာန) ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။ မူဆယ်မှာ တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲ့တို့ ပထမဆုံးအကြိမ် ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းငွေလိမ်လည်မှု ဂိုဏ်းတွေက ဖြိုခွင်းမှု ပြုလုပ်ခဲ့ပြီး အွန်လိုင်းငွေလိမ်မှု ကျူးလွန် သံသယရှိသူ ၈၀၇ ဦးကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့ကြောင်း တရုတ် CCTV…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၃ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၆၀ ကျပ် ဝယ်ဈေး – ၃၈၀၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၆၆ ကျပ် ဝယ်ဈေး – ၄၀၈၁ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၁၇ ကျပ် ဝယ်ဈေး – ၁၀၂.၀၄ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၉ ကျပ် ဝယ်ဈေး – ၈၅၉ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၂၆ ကျပ် ဝယ်ဈေး – ၅၁၆ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ဒီရက်ပိုင်းအတွင်း လူအသတ်ခံရမှုဖြစ်စဥ်တွေဟာ စားသောက်ဆိုင်တွေမှာ အဖြစ်များ

ဧပြီ ၊ ၃ ၊ ၂၀၂၄ SP (VOM) ခုရက်ပိုင်း စားသောက်ဆိုင်တွေထဲမှာ ပစ်ခတ်ခံရလို့ စားသောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ၊ ရပ်/ ကျေး အုပ်ချုပ်ရေးမှူးတွေ အပါအဝင် လူတချို့ ထိခိုက်သေဆုံးရတဲ့အပြင် တချို့လည်း ဒဏ်ရာရတာတွေ ဖြစ်တယ်လို့ ဖြစ်စဥ်ဖြစ်တဲ့ဒေသတွေက သိရပါတယ်။ ပုသိမ်ကြီးမြို့နယ်ထဲက ပစ်ခတ်ခံရမှုအကြောင်း နယ်မြေခံ တာဝန်ရှိသူ တယောက်က ” မနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီဝန်းကျင်က မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် ၊ ငွေတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အဆင်းလမ်းမိုင်တိုင်အမှတ် ၁၀/၁ နဲ့ ၁၀/၂ ကြားမှာရှိတဲ့ အောင်ကောင်းမိုး လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်မှုဖြစ်တယ် ၊ အမည်မသိ (စုံစမ်းဆဲ) လူနှစ်ယောက်က ဆိုင်ကယ်တစီးနဲ့လာပြီး လက်ရည်ဆိုင်ထဲကို ဝင်ပစ်တာဖြစ်တယ် ၊ အဲ့ဒီ…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၃ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၂၇၉ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၃၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၁၉၀၀၀၀ ကျပ် ဝယ်ဈေး ၄၁၅၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW