တူရကီမှာ နိုက်ကလပ်မီးလောင်မှုကြောင့် ၂၉ ယောက်ထက်မနည်း သေဆုံး

အစ္စတန်ဘူ၊ ဧပြီ-၃-၂၀၂၄
မျိုးဆက်(VOM)

တူရကီနိုင်ငံမှာ ဧပြီ ၂ ရက်ကဖြစ်ပွားခဲ့တဲ့ နိုက်ကလပ်မီးလောင်မှုကြောင့် လူ ၂၉ ယောက်ထက်မနည်း သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

မြို့တော် အစ္စတန်ဘူရှိ အထပ်မြင့်အဆောက်အအုံရဲ့ မြေအောက်ထပ်မှာရှိတဲ့ အဲဒီနိုက်ကလပ်ကို နေဘက်အချိန်မှာ ပြုပြင်မွန်းမံမှုတွေ ပြုလုပ်နေချိန် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။

မီးလောင်မှုကြောင့် သေဆုံးသူများထဲမှာ ပြုပြင်မွန်းမံရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ အလုပ်သမားတွေလည်း ပါဝင်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးကြောင်း အစ္စတန်ဘူ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

နိုက်ကလပ်မန်နေဂျာနဲ့ ပြုပြင်မွန်းမံရေးလုပ်ငန်း တာဝန်ရှိသူအပါအဝင် လူရှစ်ယောက်ကို စုံစမ်းစစ်ဆေးဖို့ ဖမ်းဝရမ်းထုတ်ထားပြီး သူတို့ထဲက သုံးယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဒီနိုက်ကလပ်ဟာ ပြုပြင်မွမ်းမံဖို့ သို့မဟုတ် ဆောက်လုပ်ဖို့အတွက် ခွင့်ပြုချက်လျှောက်ထားခြင်းမရှိကြောင်း မြေအောက်ထပ်မှာ ဖြစ်တဲ့အတွက် ပြုပြင်မှုတွေ လုပ်ဆောင်နေတာကို မသိရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:AP

Related posts

✕
VOM News

FREE
VIEW