မန္တလေးမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက် အဆင့်မြှင့်တင်မှုတွေကို ၅ နှစ်တာစီမံချက်နဲ့ဆောင်ရွက်နေ

မန္တလေး၊ စက်တင်ဘာ- ၂၄- ၂၀၂၆
SA(VOM)
မန္တလေးမှာ ဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားအတွက် အဆင့်မြှင့်တင်မှုတွေကို ၅ နှစ်တာစီမံချက်နဲ့ ၂၀၂၆ ဇူလိုင်လ ၁ ရက်နေ့က စတင်ကာ ဆောင်ရွက်နေတယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက် က ဒီကနေ့ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
မန္တလေးမြို့မှာ နိုင်ငံတကာအဆင့်မီ ဖိုက်ဘာကွန်ယက်များဖြစ်ပေါ်လာစေရေးအတွက် ကောင်းကင် ဖိုက်ဘာ ကေဘယ်လ်ကြိုးတွေကို မြေအောက်ဖိုက်ဘာကွန်ယက်မှတဆင့် ပြောင်းလဲနိုင်ရေးအတွက် အဓိက လမ်းမကြီး ၇ ခုဖြစ်တဲ့ ၇၈ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ ၇၃ လမ်း ၂၆ လမ်းမှ ၄၁ လမ်းအထိ၊ ၆၆ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊ ၆၂ လမ်း ၂၆ လမ်းမှ သိပ္ပံလမ်းအထိ၊ ၂၇ လမ်း ၆၂ လမ်းမှ ၇၈ လမ်းအထိ၊ လမ်း ၃၀ ၆၂ လမ်းမှာ ၇၈ လမ်းအထိ၊ ၇၉ လမ်းမှ ၈၄ လမ်းအထိ၊ ၃၅ လမ်း ၆၂ လမ်းမှ ၇၈ လမ်းအထိ၊ လမ်း ၈၀ မှ ၈၄ လမ်းအထိ သတ်မှတ်ဆောင်ရွက်လျှက်ရှိပြီး ၇၈ လမ်း ၂၆ လမ်းကနေ သိပ္ပံလမ်းအထိ လမ်းဖြတ်ကြိုးတွေကို ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
မလှိုင်မြို့နယ်၊ ကိုယ်စားလှယ်အမှတ် ၁၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းဝင်းလတ် က “ရှုပ်ထွေးနေတဲ့ Wifi ကြိုးနဲ့ လျှပ်စစ်ကြိုးတွေကို ပြုပြင်ထိန်း သိမ်းနေတယ်လို့ သိရပေမယ့်လည်း မန္တလေးမြို့ပေါ်မှာ ဒီကနေ့အချိန်ထိ နေရာအနှံ့ရှုပ်ထွေးနေတာကို မြင်တွေ့နေရတာကြောင့် ခေတ်မှီတိုးတက်နေတဲ့ မြို့တမြို့ဖြစ်တာနဲ့အညီ အဲ့ဒီလို ရှုပ်ထွေးပြုတ်ကျနေတဲ့ Wifi ကြိုးနဲ့ လျှပ်စစ်ကြိုးတွေကို ပြုပြင်ထိန်းသိမ်းပေးဖို့ အစီအစဥ် ရှိမရှိ ” တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ် တော် စတုတ္ထပုံမှန်အစည်းအဝေး (ဒုတိယနေ့အခမ်းအနား) မှာ လွှတ်တော်ကတဆင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို မေးမြန်းခဲ့ပါတယ်။
မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ လမ်းမတွေပေါ်မှာ စည်း ကမ်းမဲ့ ရှုပ်ထွေးနေတဲ့ အင်တာနက်ကြိုးတွေနဲ့ လျှပ်စစ်ကြိုးတွေကြောင့် သဘာဝအလှတရားနဲ့ သဘာဝလှပမှု အမြားပွညျသူလုခွုံမှုအတှကျ အမှန်တကယ် လျော့နည်းကျဆင်းနေတဲ့အတွက် ဒါတွေကို ရှင်းလင်းမှသာ မီးလောင်ခြင်းနဲ့ ဓာတ်လိုက်တာတွေကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်တယ်လို့ မေးခွန်းမေးမြန်းရာမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက် က ဆက်သွယ်ရေးကဏ္ဍအနေနဲ့ ဒီဂျစ်တယ်ခေတ်ကို အသွင်ကူး ပြောင်းလာပြီဖြစ်တာကြောင့် ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဌာနအနေဖြင့်လည်း တွန်းအားပေးဆောင်ရွက်လျှက်ရှိသလို ဆက်သွယ်ရေးဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာနက ဖိုက်ဘာကေဘယ်လ်ကြိုးတွေ စနစ်တကျသွယ်တန်းဆောင်ရွက်နိုင်ရေးအတွက်ညလိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒေ ညွှန်ကြားချက်တွေကို ထုတ်ပြန်ခြင်း၊ ကြီးကြပ်ခြင်းတွေ ပြုလုပ်ဆောင်ရွက်လျှက်ရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း တွန်းအားပေးဆောင်ရွက်မှုနဲ့အတူ တဘက်မှာ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ တဖြည်းဖြည်းတိုးတက်များပြာလာတဲ့အတွက် မြို့ကြီးတွေတင်မက နယ်မြို့တွေအပါ အဝင် ဖိုက်ဘာကေဘယ်လ်ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ပြီး အမြင်မတင့်တယ်ပြီး ရှုပ်ထွေးလျှက်ရှိတဲ့ ဖိုက်ဘာကေဘယ်လ်တွေကို ဒီဂျစ်တယ်ဖွံဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်နဲ့အညီ သွယ်တန်းဆောင်ရွက်ထားခြင်းမရှိတဲ့ ဖိုက်ဘာကေဘယ်လ်တွေကို ရှင်းလင်းဆောင်ရွက်ရန်နဲ့ ခွင့်ပြုချက်မရှိပဲ သွယ်တန်းထားတဲ့ ဖိုက်ဘာကေဘယ်လ်တွေကို မရှိစေရေးအတွက် ၅ နှစ်တာလုပ်ငန်းစီမံချက်ရေးဆွဲပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ပြီး ချမ်းအေးသာစံမြို့နယ်မှာ စတင်အကောင်ထည်ဖော်ဆောင်ရွက်နေကာ ကျန်ရှိတဲ့မြို့နယ်တွေကိုလည်း စီမံချက်ပါအတိုင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်မိုးသက်က ဖြေကြားပါတယ်။
ဒါ့အပြင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်းမှာရှိတဲ့ ရှုပ်ထွေးနိမ့်ကျနေတဲ့ ကေဘယ်လ်ကြိုးတွေကို စုချည် ရှင်းလင်းမှုလုပ်ငန်းတွေကို အပတ်စဥ် အင်္ဂါနေ့နဲ့ ကြသပတေးနေ့တိုင်းမှာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲရဲ့ ဦးဆောင်မှုနဲ့အတူ မြို့နယ်စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးကော်မတီ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မြို့နယ်လျှပ်ဓာတ်အားပေးလုပ်ငန်း ကော်ပိုရေးရှင်း၊ မြန်မာ့မီးရထားလုပ်ငန်းတို့က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေက ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Related posts

✕
VOM News

FREE
VIEW