ပဲခူး ပဲနွယ်ကုန်းစျေး မီးလောင်မှု သုံးနာရီကျော်ကြာပေမယ့် မငြိမ်းသတ်နိုင်သေး ၊နေအိမ်တွေပါ ကူးစက်လောင်ကျွမ်းနေ

ဧပြီ ၂ ၊၂၀၂၄
GG (VOM)
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ၊ ပဲနွယ်ကုန်းမြို့က စည်ပင်သာယာစျေးကြီး မီးလောင်ကျွမ်းနေတဲ့အပြင် နေအိမ်တွေကိုပါ မီးကူးစက်လောင်နေတယ်လို့သိရပါတယ်။
ညနေ ၆ နာရီလောက်ကတည်းက မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး လက်ရှိ ည၉ နာရီကျော်တဲ့အထိ မီးလောင်ကျွမ်းနေဆဲဖြစ်လို့ မီးငြိမ်းသတ်ဖို့ အကူအညီတွေလိုအပ်နေပါတယ်။
မီးလောင်မှုကို ပဲနွယ်ကုန်းမီးသတ်ကငြိမ်းသတ်နေပြီး ဖြူး၊ညောင်ပင်သာ၊ကညွှတ်ကွင်းက မီးသတ်ကားတွေလည်း မီးငြိမိးသတ်ဖို့သွားရောက်နေကြသလို တောင်ငူကလေည်း ကယ်ဆယ်ရေးအဖွဲ့တွေ ထွက်ခွာနေတယ်လို့သိရပါတယ်။
Photo: ပဲနွယ်ကုန်းမြို့ဒေသခံ

Related posts

Leave a Comment

VOM News

FREE
VIEW