ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ် သမ္မတရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးဖို့ တရုတ်သွားမယ်

ဘာလင်၊ ဧပြီ-၉-၂၀၂၄
မျိုးဆက်(VOM)

ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ဂျာမနီတာဝန်ရှိသူတွေက ပြောပါတယ်။

သုံးရက်ကြာမြင့်မယ့် သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ဧပြီ ၁၃ ရက်မှာ စတင်မှာဖြစ်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

ဒါဟာ အိုလပ်ရှုဇ်ရဲ့ ဒုတိယမြောက်တရုတ်ခရီးစဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါတယ်။ လက်ရှိခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ယောက်ဟာ ယူကရိန်းစစ်ပွဲနဲ့ တောင်တရုတ်ပင်လယ် အခြေအနေတွေကို ဆွေးနွေးသွားဖွယ်ရှိပါတယ်။

ဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ ဧပြီ ၁၆ ရက်မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ချုံကင်းနဲ့ ရှန်ဟိုင်းမြို့တွေကိုလည်း သွားရောက်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ဂျာမနီရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီဟာ ရုရှားရဲ့ ဓါတ်ငွေ့နဲ့ စွမ်းအင်အရင်းအမြစ်တွေအပေါ် မှီခိုနေနေရခြင်းမှ သင်ခန်းစာရယူကာ တရုတ်အပေါ် မှီခိုနေရတာတွေကို လျှော့ချဖို့ ကြိုးပမ်းနေကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW