ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ် သမ္မတရှီကျင်းပင်နဲ့ ထိပ်သီးဆွေးနွေးဖို့ တရုတ်သွားမယ်

ဘာလင်၊ ဧပြီ-၉-၂၀၂၄ မျိုးဆက်(VOM) ဂျာမနီဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ တရုတ်နိုင်ငံကို သွားရောက်မယ်လို့ ဂျာမနီတာဝန်ရှိသူတွေက ပြောပါတယ်။ သုံးရက်ကြာမြင့်မယ့် သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်ကို ဧပြီ ၁၃ ရက်မှာ စတင်မှာဖြစ်ပြီး အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောဆိုပါတယ်။ ဒါဟာ အိုလပ်ရှုဇ်ရဲ့ ဒုတိယမြောက်တရုတ်ခရီးစဉ်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်ခဲ့ပါတယ်။ လက်ရှိခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ယောက်ဟာ ယူကရိန်းစစ်ပွဲနဲ့ တောင်တရုတ်ပင်လယ် အခြေအနေတွေကို ဆွေးနွေးသွားဖွယ်ရှိပါတယ်။ ဝန်ကြီးချုပ် အိုလပ်ရှုဇ်ဟာ ဧပြီ ၁၆ ရက်မှာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ပေကျင်းမှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ချုံကင်းနဲ့ ရှန်ဟိုင်းမြို့တွေကိုလည်း သွားရောက်ဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ ဂျာမနီရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် ဂျာမနီဟာ ရုရှားရဲ့ ဓါတ်ငွေ့နဲ့ စွမ်းအင်အရင်းအမြစ်တွေအပေါ် မှီခိုနေနေရခြင်းမှ သင်ခန်းစာရယူကာ တရုတ်အပေါ် မှီခိုနေရတာတွေကို လျှော့ချဖို့…

Read More

မြဝတီမြို့ ခလရ ၂၇၅ ဘက်မှာ တိုက်ပွဲစတင်ဖြစ်ပွား ၊ဘဏ်နဲ့အစိုးရဌာနအားလုံး ပိတ်ထားပြီး မဲဆောက်ဘက်တိမ်းရှောင်သူလည်းများ

မြ၀တီ ၊ ဧပြီ ၉ – ၂၀၂၄ GG (VOM) ကရင်ပြည်နယ် ၊မြဝတီမြို့ အပြင်ဘက် ခလရ ၂၇၅ တပ်ဘက်မှာ တိုက်ပွဲတွေစတင်ဖြစ်ပွားနေတာကြောင့် မြဝတီမြို့တွင်းက ဌာနဆိုင်ရာရုံးတွေနဲ့ အစိုးရဘဏ်၊ပုဂ္ဂလိကဘဏ်တွေအားလုံး ဒီနေ့ကစပြီး ပိတ်ထားလိုက်ပြီဖြစ် တယ်လို့သိရပါတယ်။ ခလရ ၂၇၅ ဘက်မှာ ဒီနေ့ ဧပြီလ ၉ ရက် နေ့လယ်ပိုင်းကစပြီး နစကတပ်နဲ့ KNU ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲစတင်ဖြစ်ပွားတာဖြစ်ပြီး ဘဏ်တွေ အစိုးရဌာနတွေကလည်း ခုမနက်ပိုင်းကစပြီး အရေးပေါ်ပိတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” မြို့ပြင်မှာ ၁၂ နာရီကျော် ၁ နာရီလောက်က ၂၇၅ ဘက်မ​ှာ စပြီးတော့တိုက်ပွဲဖြစ်နေပြီ၊လေယာဥ်လည်းလာတယ်။လက်နက်ကြီးသံတွေလည်းမြို့ထဲကနေကြားနေရတယ်။ ဘဏ်တွေကတော့ ၁၂ နာရီလောက်ကအကုန်ပိတ်သွားတယ်။ဌာနဆိုင်ရာရုံးတွေလည်း ခရိုင်ရုံးကညွှန်ကြားချက်နဲ့ ကိုယ့်အိမ်ကိုပြန်နေဖို့ ညွှန်ကြားထားတယ်။နောက်နေ့ဖွင့်မဖွင့်မသိရဘူး၊ဒီနေ့တော့အကုန်လုံးပိတ်ပြီးအိမ်ပြန်နားကြတယ် ” လို့ မြဝတီ မြို့ခံတယောက်က လက်ရှိ မြဝတီမြု့အခြေအနေကိုပြောပြပါတယ်။…

Read More

၄၇ သိန်းနီးပါး ဆက်လက်မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေး

ယနေ့ ရွှေဈေး (ဧပြီ – ၉ ရက်၊ ညနေ ၄ နာရီ) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၅၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၆၉၅၀၀၀ ကျပ် ဝယ်ဈေး ၄၆၅၅၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၄၉၅၀၀၀ ကျပ် ဝယ်ဈေး ၄၄၅၅၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

နစက ဥက္ကဌနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ကမ်းလှမ်း

ဖနွမ်းပင်၊ ဧပြီ-၉-၂၀၂၄ မျိုးဆက်(VOM) မြန်မာနိုင်ငံဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ကမ်းလှမ်းလိုက်ပါတယ်။ ကေအင်န်ယူပူးပေါင်းအဖွဲ့တွေက ထိုင်းနယ်စပ်ရှိ မြဝတီမြို့ကိုထိန်းချုပ်ပြီးနောက်မှာ ဟွန်ဆန်ဟာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနဲ့ ဖနွမ်းပင်မှာ တွေ့ဆုံခဲ့ပြီး နစကဥက္ကနဲ့ ဗီဒီယိုကွန်ဖရင့်စနစ်အသုံးပြု ဆွေးနွေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ပြီး ဆွေးနွေးမှုတွေနဲ့ အကြံပြုမှုတွေကို ဖလှယ်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရအာဘော် Fresh News က ဖော်ပြထားပါတယ်။ လာမယ့်သီတင်းပတ်မှာ ကျရောက်မယ့် ခမာနှစ်ကူးပွဲ သို့မဟုတ် သင်္ကြန်မတိုင်ခင်နဲ့ အပြီး သင့်တော်တဲ့အချိန်မှာ ဟွန်ဆန်နဲ့ နစက ဥက္ကဌတို့ ဆွေးနွေးဖို့ပြင်ဆင်ထားကြောင်း ခမာသတင်းဌာနက ဖော်ပြထားပါတယ်။ ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာ့အရေး ဖြေရှင်းရေးနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ Ref:UCA News Photo:RFA

Read More

မာလီမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လူ ၁၀၀ ကျော်သေဆုံး

ဘာမာကို၊ ဧပြီ-၉-၂၀၂၄ မျိုးဆက်(VOM) မာလီနိုင်ငံမှာ ပြီးခဲ့လက ပြင်းထန်တဲ့အပူလှိုင်းကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း နိုင်ငံအနောက်တောင်ပိုင်း ကာရက်စ်မြို့မှာ အပူချိန် ၄၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်မြင့်မားခဲ့ပြီး ဧပြီလမှာ မှတ်တမ်းတင်ထားခဲ့သမျှ အာဖရိကသမိုင်းမှာ အပူဆုံးနေ့လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ မြို့တော်ဘာမာကိုရှိ ဂါဘရီရယ်တိုရေးဆေးရုံမှာ အပူချိန်မြင့်မားမှုကြောင့် လူ ၁၀၂ ယောက်ထိ သေဆုံးခဲ့တယ်မလို့ တာဝန်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေထဲက အများစုဟာ အသက် ၆၀ ကျော်အရွယ်တွေလို့ ဆိုပါတယ်။ ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ သုံးရက်အတွင်း သေဆုံးသူ ၂၅၀ ကျော်ထိ ရှိတယ်လို့လည်း ပြောကြပါတယ်။ သေဆုံးအရေအတွက် တိုးလာတာကို တွေ့ရပြီး ရေခဲတိုက်တွေ ပြည့်နေတယ်လို့ နာရေးကူညီမှုဝန်ဆောင်မှုဌာနက ပြောပါတယ်။ အပူဒဏ်ဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်လွယ်ဆုံးဖြစ်တာကြောင့်…

Read More

မန္တလေး ကုန်စည်ဒိုင် ၉- ၄-၂၀၂၄ အရောင်းအဝယ်စျေးကွက်အခြေအနေ

မန္တလေး- ဧပြီ- ၉- ၄-၂၀၂၄ (VoiceOfMyanmar) ဂျုံစေ့အမျိုးမျိုး -စျေးနှုန်းများ ဂျုံ (တောင်ဘက်/ငါန်းဇွန်/မြို့သာ) – ၆၀ ပိဿာ – 150000/ ဂျုံ (မုံရွာ/ဘုတလင်) – ၆၀ ပိဿာ – 150000/ ဂျုံ (စဈိကိုငျး/ဆားတောင်/ရွှေဘို) – ၆၀ ပိဿာ – 150000/ ဂျုံ (မြင်းမူ/မြောင်) – ၆၀ ပိဿာ – 150000 ဂျုံ (ကလေး) – ၆၀ ပိဿာ – 120000 ဂျုံ (ရှမ်း) – ၆၀ ပိဿာ – 140000 ဂျုံ (အထွက်တိုး) – ၆၀ ပိဿာ – 125000 ဂျုံ (AUS) – ၁…

Read More

မြန်မာ့အရေး တွေ့ဆုံဆွေးနွေးမှုစဖို့ ထိရှလွယ်ပြသနာတွေရှိ၊ ဒုက္ခသည် တသိန်းကျော်ထိ လက်ခံပေးမယ်လို့ ထိုင်းအစိုးရပြော

ဘန်ကောက်၊ ဧပြီ-၉-၂၀၂၄ မျိုးဆက်(VOM) နစက နဲ့ အတိုက်အခံတွေအကြား တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ဖို့ရာမှာ ထိရှလွယ်တဲ့ ပြသနာတွေရှိကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က မြန်မာ့အရေးနဲ့ပတ်သက်ပြီး အစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ “ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်နေတဲ့အဖွဲ့တွေအားလုံးနဲ့ စကားပြောဆို ဆွေးနွေးရမယ်” လို့ ဝန်ကြီးချုပ် သာဗီဆင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းက ထိုင်းနယ်စပ် မြဝတီမြို့ကို အတိုက်အခံပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်လိုက်ပြီးနောက် စစ်ရေးတင်းမာမှုတွေ မြင့်တက်နေပါတယ်။ မြန်မာစစ်တပ်အနေနဲ့ အင်အားယုတ်လျော့လာတယ်လို့ ထိုင်းဝန်ကြီးချုပ်သာဗီဆင်က ယခုသီတင်းပတ်အစောပိုင်းက ပြောဆိုထားပြီး ဆွေးနွေးပွဲတွေစတင်ဖို့ အချိန်ကောင်းဖြစ်တယ်လို့ သူကဆိုပါတယ်။ ထိုင်းအနေနဲ့ မြန်မာ့အရေးမှာ ကြားနေအဖြစ် ရပ်တည်နေပြီး ဒုက္ခသည် တသိန်းကျော်ထိ လက်ခံနိုင်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပရန်ပီးဘာဟစ်ဒါနူကာရာက ဧပြီ ၉ ရက်မှာ ထုတ်ဖော်ပြောဆိုထားပြီး ငြိမ်းချမ်းရေးအတွက် စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဖို့ သက်ဆိုင်သူတွေကို…

Read More

၁၀၅ မိုင် ကုန်သွယ် ရေးစခန်းက လိုင်စင်ကျ ပြီးသား ယာဉ်၊ ယန္တရားတွေ တာချီလိတ် နယ်စပ်ဂိတ် တပေါက်ကနေပဲ တင်သွင်းခွင့်ရလို့ ကြန့်ကြာ ခက်ခဲ

ဧပြီ ၉၊ ၂၀၂၄ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး စခန်းက လိုင်စင်ကျ ပြီးသား ယာဉ်၊ ယန္တရားတွေ လတ်တလော တာချီလိတ် နယ်စပ်ဂိတ် တပေါက်ကနေပဲ တင်သွင်းခွင့်ရလို့ ကြန့်ကြာ ခက်ခဲနေကြောင်း နယ်စပ် သွင်းကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “တကယ်တမ်း ဂိတ် အပေါက်ပြောင်းမှုအတွက် ဒီ မူဆယ်မှာ ချထားတဲ့ လိုင်စင်တွေကို ဂိတ် အပေါက်ပြောင်းဖို့ တကယ်တမ်း သွားပြီးတော့ စာတင်တဲ့ အချိန်မှာ ဘယ် ဂိတ် အပေါက်ကိုမှ မပေးပဲနဲ့ တာချီလိတ် ဂိတ် အပေါက် တစ်ခုပဲ ပေးတယ်။” လို့ ယာဉ်၊ ယန္တရား လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ အဲဒီတော့ တာချီလိတ်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဧပြီ – ၉ ရက်)

Voice of Myanmar -အမေရိကန်ဒေါ်လာ ရောင်းဈေး – ၃၈၄၀ ကျပ် ဝယ်ဈေး – ၃၇၈၀ ကျပ် -စင်္ကာပူဒေါ်လာ ရောင်းဈေး – ၂၈၀၀ ကျပ် ဝယ်ဈေး – ၂၇၅၀ ကျပ် -ယူရို ရောင်းဈေး – ၄၁၈၈ ကျပ် ဝယ်ဈေး – ၄၁၀၂ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၁၀၄.၇၁ ကျပ် ဝယ်ဈေး – ၁၀၂.၅၆ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၈၆၅ ကျပ် ဝယ်ဈေး – ၈၅၅ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၅၁၈ ကျပ် ဝယ်ဈေး – ၅၀၈ ကျပ် -ဂျပန်ယန်း ရောင်းဈေး –…

Read More

ယနေ့ ရွှေဈေး (ဧပြီ – ၉ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၇ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၅၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၄၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၃၈၀၀၀၀ ကျပ် ဝယ်ဈေး ၄၃၄၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW