နစက ဥက္ကဌနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်းဟွန်ဆန် ကမ်းလှမ်း

ဖနွမ်းပင်၊ ဧပြီ-၉-၂၀၂၄
မျိုးဆက်(VOM)

မြန်မာနိုင်ငံဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ကမ်းလှမ်းလိုက်ပါတယ်။

ကေအင်န်ယူပူးပေါင်းအဖွဲ့တွေက ထိုင်းနယ်စပ်ရှိ မြဝတီမြို့ကိုထိန်းချုပ်ပြီးနောက်မှာ ဟွန်ဆန်ဟာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမင်းနဲ့ ဖနွမ်းပင်မှာ တွေ့ဆုံခဲ့ပြီး နစကဥက္ကနဲ့ ဗီဒီယိုကွန်ဖရင့်စနစ်အသုံးပြု ဆွေးနွေးမယ်လို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ဟာ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ရည်ရွယ်ပြီး ဆွေးနွေးမှုတွေနဲ့ အကြံပြုမှုတွေကို ဖလှယ်သွားမှာဖြစ်တယ်လို့ ကမ္ဘောဒီးယားအစိုးရအာဘော် Fresh News က ဖော်ပြထားပါတယ်။

လာမယ့်သီတင်းပတ်မှာ ကျရောက်မယ့် ခမာနှစ်ကူးပွဲ သို့မဟုတ် သင်္ကြန်မတိုင်ခင်နဲ့ အပြီး သင့်တော်တဲ့အချိန်မှာ ဟွန်ဆန်နဲ့ နစက ဥက္ကဌတို့ ဆွေးနွေးဖို့ပြင်ဆင်ထားကြောင်း ခမာသတင်းဌာနက ဖော်ပြထားပါတယ်။

ဟွန်ဆန်ဟာ အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်းမှာ မြန်မာ့အရေး ဖြေရှင်းရေးနဲ့ပတ်သက်ပြီး နစကဥက္ကဌနဲ့ ပထမဆုံးတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

Ref:UCA News
Photo:RFA

Related posts

Leave a Comment

VOM News

FREE
VIEW