မာလီမှာ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် လူ ၁၀၀ ကျော်သေဆုံး

ဘာမာကို၊ ဧပြီ-၉-၂၀၂၄
မျိုးဆက်(VOM)

မာလီနိုင်ငံမှာ ပြီးခဲ့လက ပြင်းထန်တဲ့အပူလှိုင်းကြောင့် လူ ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း နိုင်ငံအနောက်တောင်ပိုင်း ကာရက်စ်မြို့မှာ အပူချိန် ၄၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်မြင့်မားခဲ့ပြီး ဧပြီလမှာ မှတ်တမ်းတင်ထားခဲ့သမျှ အာဖရိကသမိုင်းမှာ အပူဆုံးနေ့လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြို့တော်ဘာမာကိုရှိ ဂါဘရီရယ်တိုရေးဆေးရုံမှာ အပူချိန်မြင့်မားမှုကြောင့် လူ ၁၀၂ ယောက်ထိ သေဆုံးခဲ့တယ်မလို့ တာဝန်ရှိသူတွေကပြောပါတယ်။ သေဆုံးသူတွေထဲက အများစုဟာ အသက် ၆၀ ကျော်အရွယ်တွေလို့ ဆိုပါတယ်။

ဒေသတွင်း သတင်းရင်းမြစ်တွေကတော့ သုံးရက်အတွင်း သေဆုံးသူ ၂၅၀ ကျော်ထိ ရှိတယ်လို့လည်း ပြောကြပါတယ်။ သေဆုံးအရေအတွက် တိုးလာတာကို တွေ့ရပြီး ရေခဲတိုက်တွေ ပြည့်နေတယ်လို့ နာရေးကူညီမှုဝန်ဆောင်မှုဌာနက ပြောပါတယ်။

အပူဒဏ်ဟာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ထိခိုက်လွယ်ဆုံးဖြစ်တာကြောင့် လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာနေထိုင်ကြဖို့နဲ့ ကျောင်းနေအရွယ်ကလေးတွေကို ကျောင်းယာယီမပို့ကြဖို့ မာလီအာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။

အခုလို အပူချိန်မြင့်မားလာမှုတွေဟာ သမုဒ္ဒရာနဲ့လေထုအပူချိန်ကို မြင့်တက်စေတဲ့ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်လို့ မိုးလေဝသပညာရှင်တွေက သုံးသပ်ထားကြပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW