ဧပြီ ၁၈၊ ၂၀၂၄
Shy V (VOM)
ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်ရဲ့ ဥက္ကဌဟောင်း ဖြစ်သူ ဒေါက်တာ ခလမ်ဆမ်ဆွန်မြန်မာနှစ်သစ်ကူးနေ့က ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ လွတ်မြောက်လာပေမယ့် ညတွင်းချင်း ပြန်လည် ဖမ်းဆီး ခေါ်ဆောင် သွားခံရကြောင်း KBC အသိုင်းအဝိုင်းက သိရပါတယ်။
“ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်လာခေါ်သွားကြတယ်” လိုဘ KBC အသိုင်းအဝိုင်းက တယောက်က ပြောပါတယ်။
မနေ့ ၁၀ နာရီ ဝန်းကျင်က စစ်တပ်က လာခေါ်သွားတာဖြစ်ပြီး ဒီနေ့ ပြန်လာမယ်လွှတ်မယ်တော့ ပြောသွားတယ်လို့ သိရပေမယ့် ဘာကြောင့် လာခေါ်သွားတယ် ဆိုတာ မသိရဘူးလို့ ဆိုပါတယ်။
“ဆရာ့ကို စစ်တပ်က လာခေါ်သွားတာ မှန်တယ်။ သူတို့ နဂိုကတည်းက စီစဉ်ထားတာ ထင်တယ်” လို့ ဒေသခံ တယောက်က ပြောပါတယ်။
ဒေသခံ တယောက်ကတော့ မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ ။သူတို့ရုံးခန်းထဲမှာပဲ၊ အချုပ်ထဲမဟုတ်ပါဘူးလို့ ပြောပါတယ်။
ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ထိုင်းနိုင်ငံဘက် ဆေးကုသဖို့ ထွက်လာရာ မန္တလေးလေဆိပ်မှာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့ဆောင်ကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊ ပုဒ်မ (၅၂) တို့နဲ့ တရားစွဲဆိုကာ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရာက ယမန်နေ့ မြန်မာ နှစ်ဆန်း ၁ ရက်နေ့မှာ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတာ ဖြစ်ပါတယ်။
Photo Crd# KBC
ကချင် KBC ဥက္ကဌဟောင်း ဒေါက်တာ ခလမ်ဆမ်ဆွန် ထောင်ကလွတ်လာပြီးနောက် ပြန်လည်ဖမ်းဆီးခံရ
