လိူင်သာယာနဲ့ ရွှေပြည်သာမှာ ယာဉ်တိုက်မှုဖြစ်ပြီး တယောက်သေ ၂၇ ယောက်ဒဏ်ရာရ

ရန်ကုန် ၊ ဧပြီ ၁၈ – ၂၀၂၄
GG (VOM)
ရန်ကုန်တိုင်းက လိူင်သာယာနဲ့ ရွှေပြည်သာမြို့နယ်မှာ ယာဥ်တိုက်မှုတွေဖြစ်ပြီး တယောက်သေဆုံးကာ ၂၇ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကူညီရေးအသင်းက သိရပါတယ်။
” လိူင်သာယာမှာက ခုမနက်ပိုင်းဖြစ်တာ ၊ရွှေပြည်သာကတော့ မနေ့ကဖြစ်တာပေါ့၊ရွှေပြည်သာက လူနာ ၂၀ ကျော်ထွက်တယ်၊သေဆုံးတော့မရှိပါဘူး။လိူင်သာယာကတော့တ​ယောက် သေတယ် အသက်က ၄၈ နှစ်လောက်တော့ရှိမယ် ၊ဒဏ်ရာရသူလည်းရှိတယ် ” လို့ လိူင်သာယာမြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းတာဝန်ရှိသူတဦးက ပြောပြပါတယ်။
လိူင်သာယာ ယာဥ်တိုက်မှုက ဒီကနေ့ ဧပြီလ ၁၈ ရက်နေ့ မနက်ပိုင်း ၉ နာရီကျော်လောက်မှာ
အိမ်စီးကား Alphard နဲ့ တက္ကစီ အငှားယာဥ် တို့ တိုက်မိတာဖြစ်ပြီး ဖြစ်စဥ်မှာ တက္ကစီကားပေါ်မှာလိုက်ပါလာတဲ့ ခရီးသည်အမျိုးသမီးသေဆုံးကာ နောက်ထပ် ငါး​ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ရွှေပြည်သာမြို့နယ် ယာဥ်တိုက်မှုဖြစ်စဥ်ကတော့ ဧပြီလ ၁၇ ရက်နေ့ကဖြစ်ပွားတာဖြစ်ပြီး ဘုရားဖူးကားနဲ့ နောက်ထပ်ကား နှစ်စီး ဆင့်တိုက်တာ ဖြစ်ကြောင်း ၊ ယာဥ်တိုက်မှုမှာ အမျိုးသမီး လေးယောက်နဲ့အမျိုးသား ၂၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။
လိူင်သာယာမြို့နယ်မှာ ဧပြီလ ၁ ရက်နေ့ကလည်း ယာဥ်ဆင့်တိုက်မှုတွေ ဖြစ်ပွားပြီး လူ နှစ်ယောက်သေဆုံးကာ ရှစ်ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ ၂၇ ရက်နေ့ကလည်း ရန်ကုန်၊ပုသိမ်လမ်းမကြီး လှိုင်သာယာမြို့နယ် ၊ အနောက်ပိုင်းနည်းပညာတက္ကသိုလ်လမ်းထိပ်မှာ ယာဥ်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ ငါး​ယောက်ရှိခဲ့သလို မတ်လအတွင်းမှာ အခြားသောယာဥ်မတော်နဆမှုဖြစ်စဥ်အချို့လည်းရှိခဲ့တယ်လို့သိရပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း လိူင်သာယာ BOC အဝိုင်းနားမှာ ယာဥ်တိုက်မှုဖြစ်ပြီး လူလေးယောက်ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပါတယ်။
Photo – ရွှေမေတ္တာလူမှုကူညီရေးအသင်း

Related posts

Leave a Comment

VOM News

FREE
VIEW