မြဝတီမှာ ဘဏ်အချို့ပြန်ဖွင့်ပေမယ့် ချစ်ကြည်ရေးတံတား အမှတ်-၂ ပိတ်ထားဆဲဖြစ်ပြီး အမှတ်-၁ တံတားကိုလည်း အကန့်အသတ်နဲ့သာဖွင့်

မြဝတီ ၊ ဧပြီ ၂၄ – ၂၀၂၄
GG (VOM)
မြဝတီမြို့ မှာ တိုက်ပွဲငြိမ်သွားတာဟာ ဒီနေ့ဧပြီလ ၂၄ ရက်အထိဆိုရင် လေးရက်ကြာရှိပြီဖြစ်ပေမယ့် အမှတ် ၂ ချစ်ကြည်ရေးတံတားပြန်မဖွင့်သေးသလို အမှတ်၁ ချစ်ကြည်ရေးတံတားကနေပြီး မြဝတီမှမဲဆောက် ဝင်ရောက်ခွင့်လည်းကန့်သတ်ထားဆဲဖြစ်တယ်လို့သိရပါတယ်။
အမှတ် ၁ ချစ်ကြည်ရေးတံတားကနေ မြဝတီမှ မဲဆောက်ဝင်ခွင့်ကို တပတ်ကဒ်နဲ့သွားသူတွေကို ခုချိန်ထိ သွားလာခွင့်ပိတ်ထားတာဖြစ်သလို အမှတ်၂ချစ်ကြည်ရေးတံတားလည်းပိတ်ထားလို့ ထိုင်းမြန်မာ နယ်သပ်ကုန်သွယ်ရေး လည်ူရပ်တန့်နေဆဲ ဖြစ်ပါတယ်။
” တံတား၂ကလည်းခုထိမဖွင့်သေးဘူး။တံတား၂ဘက်ကိုတော့သွားလို့ရနေပြီ၊ တံတား၁ကလည်း ၇ ရက်သက်တမ်းစာရွက်နဲ့ကိုမဲတောက်ဝင်ခွင့်မပေးသေးဘူး။စာအုပ်အနီသမားတွေပဲ ဝင်လို့ရနေတယ်။မြဝတီမှာတော့ တိုက်ပွဲမရှိတော့လို့ စစ်ရှောင်တွေလည်းပြန်လာကြတာများတယ်။ မြို့ကလဲပုံမှန်လိုသွားလာမှုရှိနေတယ်။ အရင်ကသွားမရတဲ့ မြေနီကုန်းဘက်လည်းသွားလာလို့ရလို့ ကားတွေသွားနေကြပြီ၊အဲ့ဒီလမ်းကခလရ၂၇၅ ရှိတဲ့ဘက်ပါ ” လို့ မြို့ခံ တယောက်ကလက်ရှိအခြေအနေကိုပြောပြပါတယ်။
ထိုင်း မြန်မာ နယ်စပ်ချစ်ကြည်ရေးတံတားတွေပိတ်ထားပေမယ့် မြဝတီမြို့မှာတော့ လက်ရှိမှာ မြန်မာ့စီးပွားရေးဘဏ်အပါအဝင် ဘဏ်အချို့ပြန်လည်ဖွင့်လှစ်နေပြီး အစိုးရအုပ်ချုပ်ရေးယန္တရားလည်း လည်ပတ်နေတယ်လို့ဆိုပါတယ်။
တိုက်ပွဲငြိမ်သွားပေမယ့်မြဝတီမြို့မှာ BGF ၊ DKBA ၊ KNU၊ KNLA တပ်တွေကတော့သွားလာလှုပ်ရှားမှုရှိပြီး ခလရ ၂၇၅ တပ်ရင်းမှာလည်း နိုင်ငံတော်အလံကို ပြန်ပြီးလွှင့်ထူထားတာတွေ့ရတယ်လို့ ဒေသခံကပြောပါတယ်။
” ဘဏ်တချို့လည်းဖွင့်တယ်၊ထွေအုပ်လည်းလည်ပတ်နေတယ်။တံတား၂မှာလည်း နယ်စပ်လုံခြုံရေးယူတဲ့ တပ်ဖွဲ့တွေလောက်ပဲတွေ့တယ်။ခလရတပ်ရင်းဘက်မှာတော့ အလံပြန်လွှင့်တာတွေ့တယ်၊ BGF ကမြို့ထဲမှာ အမြဲတွေ့ရပေမယ့်ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကတော့အရင်တုန်းကလိုပဲသွားလိုက်လာလိုက်ပါပဲ” လို့ သူကထပ်မံပြောပြပါတယ်။
လက်ရှိ မြဝတီမြို့ပေါ်မှာ လမ်းအားလုံးသွားလာနိုင်တဲ့အပြင် အမှတ် ၂ ချစ်ကြည်ရေး တံတား၊ မြဝတီကုန်သွယ်ရေးဇုန် ၊စိုက်မွေးဇုန်စတဲ့နေရာတွေပါသွားလာနိုင်နေတာကြောင့် မဲဆောက်ရောက်စစ်ရှောင်တွေကလည်းချစ်ကြည်ရေးတံတားအမှတ် ၁ ကဝင်လာသူရှိသလို သောင်ရင်းမြစ်ကိုဖြတ်ပြီး ပစ္စည်းသယ်တဲ့လှေဂိတ်တွေကနေ ပြန်လာသူတွေလည်းရှိနေတယ်လို့သိရပါတယ်။
မြဝတီမှာ ဧပြီလ ၉ ရက်နေ့ကစပြီး ခလရ ၂၇၅ တပ်ရှိရာ မြို့ပြင်မှာ တိုင်းရင်းသားလက်နက်ကိုင်အကြားတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် ခလရ ၂၇၅ တပ်ဖွဲ့ဝင်တွေဟာ အမှတ် ၂ ချစ်ကြည်ရေးတံတားအောက်ကို တပ်ဆုတ်သွားခဲ့ချိန် ဧပြီလ ၁၁ ရက်မှာ တိုက်ပွဲရပ်သွားပါတယ်။
အဲ့ဒီနောက် သင်္ကြ န်အပြီး ဧပြီလ ၁၉ ရက်နေ့ညပိုင်းမှာ ခလရ ၂၇၅ ရှိရာအမှတ်၂ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲပြန်ဖြစ်ခဲ့ပြီး ၃ ရက်မြောက်နေ့ဖြစ်တဲ့ ဧပြီလ ၂၁ ရက်နေ့မှာတော့ တိုက်ပွဲတွေ ရပ်သွားတာ လက်ရှိ ဧပြီ ၂၃ ရက်နေ့အထိ ဖြစ်ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ အမှတ်၂ချစ်ကြည်ရေးတံတားအနီးမှာ တိုက်ပွဲမှာ အရပ်သားဒေသခံ ခုနှစ်ယောက်ထက်မနည်းသေဆုံးခဲ့ပြီးလေးယောက်ထက်မနည်းထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေကြရသလို နေအိမ်အချို့လည်း လက်နက်ကြီးထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။
Photo:CJ

Related posts

Leave a Comment

VOM News

FREE
VIEW