သြစတြေးလျမှာ လေးရက်ကို အမျိုးသမီးတယောက်နှုန်း အသတ်ခံနေရ

ဆစ်ဒနီ၊ ဧပြီ-၂၉-၂၀၂၄
မျိုးဆက်(VOM)
သြစတြေးလျနိုင်ငံမှာ ယခုနှစ်အတွင်း လေးရက်ကြာတိုင်း အမျိုးသမီးတယောက်နှုန်း အသတ်ခံနေရပြီး မကြာသေးမီကဖြစ်ပွားခဲ့တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတွေ မြင့်တက်လာတဲ့အပေါ် နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားနေပါတယ်။
နိုင်ငံတွင်းမျာ ကျား၊မ အခြေပြု အကြမ်းဖက်မှုတွေကို အမျိုးသားအရေးပေါ်အခြေအနေကြေညာဖို့နဲ့ ဒါတွေကို ရပ်တန့်ဖို့အတွက် သြစတြေးလျအစိုးရက တင်းကြပ်တဲ့ဥပဒေတွေ ချမှတ်ဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေပါတယ်။
နိုင်ငံတွင်းမှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုနဲ့ အသတ်ခံနေရမှုတွေဟာ အမျိုးသားရေး အကျပ်အတည်းဖြစ်ကြောင်း သြစတြေးလျ ဝန်ကြီးချုပ် အယ်လ်ဘာနီးစ်က ဝန်ခံပြောဆိုထားပါတယ်။
ယဉ်ကျေးမှု၊ သဘောထားအမြင်၊ တရားစီရင်ရေးစနစ်နဲ့ အစိုးရရဲ့ ချဉ်းကပ်မှုတွေကို ပြောင်းလဲဖို့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။ ယခုလအစောပိုင်းကလည်း ဆစ်ဒနီဈေးဝယ်စင်တာတခုမှာ အမျိုးသားတယောက်က လူခြောက်ယောက်ကို ဓါးနဲ့ထိုးခဲ့ပြီး သေဆုံးသူတွေထဲက ငါးဦးဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်၏ ပထမ ၁၁၉ ရက်အတွင်း သြစတြေးလျနိုင်ငံတွင် အမျိုးသမီး ၂၇ ဦးထိ သတ်ဖြတ်ခံခဲ့ရကြောင်း အမျိုးသမီး အကြမ်းဖက်မှုဆိုင်ရာ တားဆီးရေးအဖွဲ့တဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာတရပ်မှာ ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW