အရှေ့တောင်အာရှနဲ့ တောင်အာရှတဝန်းမှာ ဆိုးရွားတဲ့အပူလှိုင်းဖြတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေ

ဘန်ကောက်၊ ဧပြီ-၂၉-၂၀၂၄
မျိုးဆက်(VOM)
တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတဝန်းရှိ နိုင်ငံအများအပြားမှာ ဆိုးရွားတဲ့ အပူလှိုင်းဖြတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး အပူချိန်တွေဟာ ဆက်လက်မြင့်တက်နေပါတယ်။
ဒေသတွင်းမှာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ပြင်းထန်တဲ့ အပူလှိုင်းတွေ ဖြစ်ပေါ်ခဲ့ပြီး အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့ကာ စာသင်ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာမှာတော့ စံချိန်တင်ပူပြင်းမှုအပြီးနောက်တနေ့မှာတော့ အစိုးရကျောင်းတွေအားလုံးကို နှစ်ရက်ကြာ ပိတ်လိုက်ကြောင်း ဧပြီ ၂၈ ရက်မှာ ကြေညာခဲ့ပါတယ်။
ယခုနှစ်အတွင်း အပူလှိုင်းကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့တဲ့ ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ ဧပြီ ၂၇ ရက်မှာ အပူချိန် ၄၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်သွားပြီး အာဏာပိုင်တွေက အပူချိန်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ဒါအပြင် ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ အိနိ္ဒယနဲ့ ဘင်္ဂလားဒေ့ရှေ့နိုင်ငံတို့မှာလည်း အပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အပူချိန်ဟာ ပြီးခဲ့တဲ့နှစ်က ဆက်လက်မြင့်မားခဲ့ပြီး အာရှတိုက်ဟာ အထူးသဖြင့် အရှိန်အဟုန်နဲ့ ပူနွေးလာတယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့က ပြောပါတယ်။
ကျယ်ပြန့်တဲ့ သုတေသနပြုမှုတွေအရ ရာသီဥတုပြောင်းလဲလာမှုဟာ အပူလှိုင်းတွေကို မကြာခဏနဲ့ ပိုမိုကြာမြင့်စွာ ဖြစ်ပွားစေတယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ပြောပါတယ်။
Ref:CNA
Photo:AFP/Reuters

Related posts

Leave a Comment

VOM News

FREE
VIEW