ကင်ညာမှာ ရေးဘေးကြောင့် လူ ၁၇၀ ကျော်သေဆုံး

နိုင်ရိုဘီ၊ ဧပြီ-၃၀-၂၀၂၄
မျိုးဆက်(VOM)
ကင်ညာနိုင်ငံမှာ ပြီးခဲ့တဲ့လကစပြီး မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၁၇၀ ကျော်ထိရှိလာကြောင်း အစိုးရက ထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ ရေကြီးရေလျှံမှု အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ကင်ညာသမ္မတ ဝီလျံရူတိုဟာ အစိုးရအဖွဲ့အထူးအစည်းအဝေး ခေါ်ယူကျင်းပသွားမှာဖြစ်ပါတယ်။
မြို့တော်နိုင်ရိုဘီမှ ၃၇ မိုင်အကွာမိုင်မာဟီရူ ဒေသအနီးမှာရှိတဲ့ ကျေးရွာတွေက ဒေသခံများတွေဟာ ညအချိန် အိပ်ပျှော်နေချိန်မှာ ရေကြီးရေလျှံမှုအတွင်းမျောပါသွားခဲ့ပြီး လူ ၅၀ သေဆုံးခဲ့ကြောင်း ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
သေဆုံးသူအရေအတွက် တိုးလာမှာ ကိုတာဝန်ရှိသူတွေက စိုးရိမ်နေကြပြီး အပျက်အစီးများအောက်မှ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။ ကင်ညာမှာ ပြီးခဲ့သည့်လကလည်း ရေဘေးကြောင့်လူ ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။
ကင်ညာနိုင်ငံတဝန်းမှာ မိုးသည်းထန်စွာရွာသွန်းမှုတွေ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စာသင်ကျောင်းတွေဖွင့်လှစ်မယ့် အစိုးရရဲ့ အစီအစဉ်နှောင့်နှေးဖွယ်ရှိနေကာ ရေဘေးကြောင့် လူပေါင်းတသိန်းသုံးသောင်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
အိမ်နီးချင်းတန်ဇန်းနီးယားနဲ့ ဘူရွန်ဒီတို့မှာလည်းမိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်နေပြီး တန်ဇန်နီးယားမှာ ရေဘေးကြောင့် ဇန်နဝါရီလနောက်ပိုင်း လူ ၁၅၅ ယောက်သေဆုံးခဲ့ပြီး ဘူရွန်ဒီမှာတော့ လူတသိန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Ref:BBC
Photo:AFP

Related posts

Leave a Comment

VOM News

FREE
VIEW