ကီတို၊ မေ-၁-၂၀၂၄
မျိုးဆက်(VOM)
အီကွေဒေါနိုင်ငံမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် ကမ်းရိုးတန်းပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။
ဒါဟာ နိုင်ငံတွင်းမှာ ဆိုးရွားတဲ့ လုံခြုံရေးအခြေအနေယိုယွင်းမှုတွေကို ကိုင်တွယ်ဖြေရှင်းမယ်ဆိုပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှ ရာထူးတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ နိုဘိုအာရဲ့ ဒုတိယမြောက်အရေးပေါ်အခြေအနေ ကြေညာချက်လည်းဖြစ်ပါတယ်။
အရေးပေါ်အခြေအနေကြေညာခဲ့တဲ့ ပြည်နယ်တွေကတော့ El Oro ၊Guayas ၊Los Rios ၊ Manabi နဲ့ Santa Elenaတို့ဖြစ်ပြီး လက်ရှိမှာ ရက်ပေါင်း ၆၀ သတ်မှတ်ထားပါတယ်။
လက်နက်ကိုင်အကြမ်းဖက်မှုတွေအပေါ် နည်းဗျူဟာမြာက် စစ်ဆင်ရေးတွေလုပ်ဖို့ လိုအပ်လာတာကြောင့် ပြည်နယ်တွေအတွင်းမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုဖြန့်ကြက်ချထားသွားမယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဇန်နဝါရီလအတွင်းက ရုပ်မြင်သံကြားဌာနတခုကို ဒရာမာဆန်ဆန် တိုက်ခိုက်မှုနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခံခဲ့ရတာတွေနဲ့ပတ်သက်ပြီး အီကွေဒေါအစိုးရက မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းတွေကို အပြစ်တင်ထားပါတယ်။
Ref:Reuters
Photo:Reuters
အီကွေဒေါမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေကြောင့် ပြည်နယ်ငါးခုမှာ အရေးပေါ်အခြေအနေ ကြေညာ
