တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ် စတင်



ပေကျင်း၊ မေ-၅-၂၀၂၄
မျိုးဆက်(VOM)

တရုတ်သမ္မတရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်ကို ဒီနေ့ မေ ၅ ရက်မှာ စတင်လိုက်ပြီး သူဟာသက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးမှာဖြစ်ပါတယ်။

ရှီကျင်းပင်ဟာ ပြင်သစ်၊ ဆားဘီးယားနဲ့ဟန်ဂေရီ နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ဒါဟာ ငါးနှစ်တာကာလအတွင်း သူ့ရဲ့ပထမဆုံးသော ဥရောပခရီးစဉ်ဖြစ်ပါတယ်။

ပြင်သစ်မှာတော့ ရှီကျင်းပဟာ သမ္မတမက်ခရွန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်း အခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ ပြင်သစ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၆၀ ပြည့်အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်မှာ မက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗွန်ဒါလီယန်တို့နဲ့အတူ ဥရောပ-တရုတ်ဆက်ဆံရေးကို သုံးပွင့်ဆိုင် ဆွေးနွေးမှာဖြစ်ပါတယ်။

ဆားဘီးယားနဲ့ ဟန်ဂေရီခရီးစဉ်တွေမှာတော့ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေနဲ့အတူ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ တရုတ်နဲ့ ဥရောပ်တို့အကြား ဆက်ဆံရေး အတွက် အရေးပါတယ်လို့ တရုတ်နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref:NHK
Photo:Reuters

Related posts

Leave a Comment

VOM News

FREE
VIEW