ယနေ့ ရွှေဈေး (မေ – ၅ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာရသူ သုံးသန်းကျော်ရှိပြီလို့ ကုလထုတ်ပြန်

မေ ၅ – ၂၀၂၄ SN (VOM) မြန်မာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ သုံးသန်းကျော်အထိ ရှိလာပြီဖြစ်တယ်ဆိုတဲ့ ကုလသမဂ္ဂမြန်မာရုံးရဲ့ မနေ့ မေ ၄ ရက်၊ မနက်အစောပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစလို့ မြန်မာနိုင်ငံမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခက်အခဲ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတဲ့ အရပ်သားအရေအတွက် စံချိန်တင် မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို စံချိန်တင် မြင့်တက်ခဲ့တာကြောင့် လက်ရှိ ထုတ်ပြန်ထားတဲ့ လူဦးရေ သုံးသန်းကျော်ဟာ ခြောက်လအတွင်း ၅၀ ရာခိုင်နှုန်း တဟုန်ထိုး ခုန်တက်သွားတာလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးက အဲဒီထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကရင်နီဒေသရဲ့ စစ်ရှောင်အရေး ဆောင်ရွက်သူတယောက်က…

Read More

ဒီရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူ ငါးဦးနဲ့ နွား ၂၄ ကောင် သေဆုံး

မေ ၊ ၅ ၊ ၂၀၂၄ SP (VOM) မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ ဒီရက်ပိုင်းအတွင်း မိုးသက်လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်ပြီး ၊ မိုးကြိုးထိမှန်တာတွေကြောင့် လူတချို့ သေဆုံးကာ တိရစ္ဆာန်အများအပြားလည်း သေဆုံးရတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” လတ်တလော ဆက်သွယ်လာတဲ့ စာရင်းအရတော့ စစ်ကိုင်းတိုင်းမှာ လူ ငါးယောက်ထက်မနည်း သေဆုံးပြီး ၊ ကချင်ပြည်နယ်မှာ တိရစ္ဆာန် (နွားအကောင် ၂၀ ကျော်) သေဆုံးတယ်” လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကူညီစောင့်ရှောက်ပေးရေး တာဝန်ရှိသူတယောက်က ပြောပါတယ်။ မနေ့ မတ် ၄ ရက် ညနေ ၅ နာရီဝန်းကျင်က မကွေးတိုင်း ၊ မြိုင်မြို့နယ်နဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ကြားက ယာယီတိုက်ပွဲရှောင်နေသူ သားအဖ နှစ်ယောက် မိုးကြိုးထိမှန် သေဆုံးတဲ့အပြင်…

Read More

ကချင်ပြည်နယ် အထက်ပိုင်းမှာ တိုက်ပွဲတွေကြောင့် ပူတာအိုနယ်မှာ ကုန်စျေးနူန်းတွေ အဆမတန်မြင့်တက်လာ

မေ ၊ ၅ ၊ ၂၀၂၄ SP ( VOM) ပြီးခဲ့တဲ့ မတ် ၈ ရက်ကစလို့ ကချင်ပြည်နယ် အထက်ပိုင်း မြစ်ကြီးနားနဲ့ ပူတာအိုကြားမှာ နစကတပ်ဖွဲ့တွေနဲ့ KIA လက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွားပြီး ၊ မြစ်ကြီးနား – ပူတာအို လမ်းပိုင်းဟာလည်း ပိတ်ဆို့မှုတွေလုပ်ထားကြောင့် အခုထိ ကုန်စည်သယ်ယူပို့ဆောင်ခွင့် မရသေးဘူးလိူ့ ကားသမားတွေဆီက သိရပါတယ်။ ကားသမား တယောက်က ” မြစ်ကြီးနား – လမ်းပိုင်းပိတ်ထားတာ ပြီးခဲ့တဲ့ မတ် ၈ ရက်စပိတ်တယ် ၊ အဲ့ဒါကြောင့် အတက်ကား ကုန်တင်ယာဥ်တချို့ လမ်းမှာ ပိတ်မိနေတာ ၂ လ ပြည့်တော့မယ် ” လို့ ပြောပါတယ်။ ပူတာအိုမြို့ခံတယောက်က ” ပူတာအိုနယ်မှာ ကုန်စည်ဝင်ရောက်မှုမရှိတာ ၂ လပြည့်တော့မယ်…

Read More

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ် စတင်

ပေကျင်း၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)တရုတ်သမ္မတရှီကျင်းပင်ရဲ့ ဥရောပသုံးနိုင်ငံခရီးစဉ်ကို ဒီနေ့ မေ ၅ ရက်မှာ စတင်လိုက်ပြီး သူဟာသက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တွေနဲ့ ထိပ်သီးဆွေးနွေးမှာဖြစ်ပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်၊ ဆားဘီးယားနဲ့ဟန်ဂေရီ နိုင်ငံတွေကို သွားရောက်မှာဖြစ်ပြီး ဒါဟာ ငါးနှစ်တာကာလအတွင်း သူ့ရဲ့ပထမဆုံးသော ဥရောပခရီးစဉ်ဖြစ်ပါတယ်။ပြင်သစ်မှာတော့ ရှီကျင်းပဟာ သမ္မတမက်ခရွန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေး ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်း အခြေအနေတွေကို ဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီခရီးစဉ်ဟာ ပြင်သစ်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်တဲ့ နှစ် ၆၀ ပြည့်အထိမ်းအမှတ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ရှီကျင်းပင်ဟာ ပြင်သစ်မှာ မက်ခရွန်၊ ဥရောပကော်မရှင်ဥက္ကဌ အူဆူလာဗွန်ဒါလီယန်တို့နဲ့အတူ ဥရောပ-တရုတ်ဆက်ဆံရေးကို သုံးပွင့်ဆိုင် ဆွေးနွေးမှာဖြစ်ပါတယ်။ဆားဘီးယားနဲ့ ဟန်ဂေရီခရီးစဉ်တွေမှာတော့ သက်ဆိုင်ရာနိုင်ငံခေါင်းဆောင်တွေနဲ့အတူ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးကြမှာဖြစ်ပြီး ဒီခရီးစဉ်ဟာ တရုတ်နဲ့ ဥရောပ်တို့အကြား ဆက်ဆံရေး အတွက် အရေးပါတယ်လို့ တရုတ်နို်ငငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။Ref:NHKPhoto:Reuters

Read More

ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားက ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး ဖမ်း၀ရမ်းထုတ်

မော်စကို၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)ရုရှားအာဏာပိုင်တွေဟာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး အလိုရှိစာရင်းမှာ ထည့်သွင်းကာ ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ရုရှားနိုင်ငံပိုင် တက်စ်သင်းဌာနက ဖော်ပြထားပါတယ်။ဇီလန်စကီးကို အလိုရှိစာရင်းမှာ ထည့်သွင်းလိုက်ပေးမယ့် ဒီကိစ္စနဲပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ရုရှားရဲ့ ဒီကြေညာချက်ဟာ စိတ်ပျက်ဖွယ် ဝါဒဖြန့်မှုတခုသာဖြစ်တယ်လို့ ယူကရိန်းကဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားဟာ ယူကရိ်နးနဲ့ အခြားသော ဥရောပနိုင်ငံရေးသမားအချို့ကို ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။ရုရှားသမ္မတပူတင်ကိုလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်မှုကြောင့်ဆိုကာ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖမ်း၀ရမ်း ထုတ်ခံထားရပြီး သူကိုယ်တိုင် ဖမ်းဆီးခံရနိုင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုပါတယ်။စစ်ရာဇဝတ်မှုတွေကျူလွန်တယ်လို့ သံသယရှိတဲ့ ပူတင်ကို ဖမ်းဆီးဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ အမိ်န့ဟာ အလွန်မှန်ကန်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံကအကောင်အထည်ဖော်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာ သတိပေးလိုကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။Ref:ReutersPhoto:Reuters

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၅ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၃၉၆၀ ကျပ်ဝယ်ဈေး – ၃၉၀၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၂၈၇၀ ကျပ်ဝယ်ဈေး – ၂၈၂၀ ကျပ်-ယူရိုရောင်းဈေး – ၄၃၀၁ ကျပ်ဝယ်ဈေး – ၄၂၁၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၀၇.၅၃ ကျပ်ဝယ်ဈေး – ၁၀၅.၂၆ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၈၇ ကျပ်ဝယ်ဈေး – ၈၇၇ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၄၀ ကျပ်ဝယ်ဈေး – ၅၃၀ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၅.၈၅ ကျပ်ဝယ်ဈေး – ၂၅.၃၀ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၇.၃၇ ကျပ်ဝယ်ဈေး – ၄၆.၃၇ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၂ ကျပ်ဝယ်ဈေး – ၂.၈၆ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၄၈၈၇ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၅ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၀၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၄၇၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၅၄၀၀၀၀ ကျပ် ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

အပစ်ရပ်ရေး အဆိုပြုချက် ဟားမတ်စ်တို့လက်မခံရင် အီဂျစ်ကို ကိုယ်စားလှယ်အဖွဲ့ မစေလွှတ်ဘူးလို့ အစ္စရေးပြော

ကိုင်ရို၊ မေ-၅-၂၀၂၄မျိုးဆက်(VOM)ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါစားခံတွေ ပြန်လည်လွတ်မြောက်ရေး ဆွေးနွေးပွဲတွေကို အီဂျစ်မှာ ကျင်းပနေပြီး မကြာသေးမီက ပေးပိုခဲ့တဲ့ အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘူးဆိုရင် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို အီဂျစ်စေလွှတ်မှာမဟုတ်ဘူးလို့ အစ္စရေးက ပြောပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်နဲ့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။သဘောတူညီချက်တခုရရှိဖို့ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ ဆွေးနွေးပွဲကို လာရောက်မယ်လို့ ဟားမတ်စ်တို့က ပြောဆိုထားပြီး ပြသနာအများအပြားအပေါ် သဘောတူညီချက်တွေ ရရှိထားတယ်လို့ အီဂျစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။မကြာသေးမီက အီဂျစ်ရဲ့ အဆိုပြုချက်မှာတော့ ဓါးစာခံတွေ အဆင့်ဆင့်ပြန်လွှတ်ပေးရေးအတွက် ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးလည်းပါဝင်သည်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟားမတ်စ်နဲ့ ဟားမတ်စ်တို့ကို အပြီးတိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ အစ္စရေးတို့အကြား သဘောတူညီချက်ရရှိဖို့က မသေချာသေးပါဘူး။ဒီအတောအတွင်း အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသ ရာဖာမြို့ကို ချေမှုန်းတိုက်ခိုက်ရေး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး…

Read More

This Day in History

Voice of Myanmarဥရောပသမိုင်းကို ပြောင်းလဲစေနိုင်ခဲ့သည့် ပြင်သစ်စစ်ဘုရင် နပိုလီယံဘိုနာပတ်သည် စိန့်ဟယ်လယ်နာကျွန်းတွင် ၁၈၂၁ ခုနှစ် မေ ၅ ရက်တွင် ကွယ်လွန်ခဲ့သည်။

Read More
VOM News

FREE
VIEW