ကိုင်ရို၊ မေ-၅-၂၀၂၄
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသ အပစ်အခတ်ရပ်စဲရေးနဲ့ ဓါစားခံတွေ ပြန်လည်လွတ်မြောက်ရေး ဆွေးနွေးပွဲတွေကို အီဂျစ်မှာ ကျင်းပနေပြီး မကြာသေးမီက ပေးပိုခဲ့တဲ့ အဆိုပြုချက်ကို ဟားမတ်စ်တို့က လက်မခံဘူးဆိုရင် အစ္စရေးကိုယ်စားလှယ်အဖွဲ့ကို အီဂျစ်စေလွှတ်မှာမဟုတ်ဘူးလို့ အစ္စရေးက ပြောပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး အမေရိကန် စီအိုင်အေညွှန်ကြားရေးမှူး ဝီလီယံဘန်းစ်နဲ့ ဟားမတ်စ် ကိုယ်စားလှယ်အဖွဲ့ဟာ အီဂျစ်ကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။
သဘောတူညီချက်တခုရရှိဖို့ အပြုသဘောဆောင်တဲ့ သဘောထားတွေနဲ့ ဆွေးနွေးပွဲကို လာရောက်မယ်လို့ ဟားမတ်စ်တို့က ပြောဆိုထားပြီး ပြသနာအများအပြားအပေါ် သဘောတူညီချက်တွေ ရရှိထားတယ်လို့ အီဂျစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
မကြာသေးမီက အီဂျစ်ရဲ့ အဆိုပြုချက်မှာတော့ ဓါးစာခံတွေ အဆင့်ဆင့်ပြန်လွှတ်ပေးရေးအတွက် ရက် ၄၀ ကြာ အပစ်အခတ်ရပ်စဲရေးလည်းပါဝင်သည်။ ဒါပေမယ့် ပြီးပြည့်စုံတဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားတဲ့ ဟားမတ်စ်နဲ့ ဟားမတ်စ်တို့ကို အပြီးတိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ အစ္စရေးတို့အကြား သဘောတူညီချက်ရရှိဖို့က မသေချာသေးပါဘူး။
ဒီအတောအတွင်း အစ္စရေးဟာ ဂါဇာကမ်းမြှောင်ဒေသ ရာဖာမြို့ကို ချေမှုန်းတိုက်ခိုက်ရေး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ လူပေါင်း သုံးသောင်းလေးထောင်ကျော် သေဆုံးခဲ့ပြီဖြစ်ပါတယ်။
Ref:NHK
Photo:CNN
Related posts
-
အီရန်သမ္မတနဲ့ နိုင်ငံခြားရေးဝန်ကြီး ရဟတ်ယာဉ်ပျက်ကျမှုမှာ သေဆုံးသွားကြောင်း အတည်ပြု
တီဟီရန်၊ မေ-၂၀-၂၀၂၄မျိုးဆက်(VOM)အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီနဲ့ နိုင်ငံခြားရေးဝန်ကြီၤးတို့ဟာ သူတို့စီးနင်းလာတဲ့ ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း အီရန်တာဝန်ရှိသူတွေက ဒီနေ့... -
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၀ ရက်)
Voice of Myanmar-အမေရိကန်ဒေါ်လာရောင်းဈေး – ၄၀၅၅ ကျပ်ဝယ်ဈေး – ၄၀၁၅ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး... -
မြင်းခြံနယ်က ယာယီတိုက်ပွဲရှောင်တွေ နီးစပ်ရာမြို့တွေပေါ်တက်ပြီး အလှူခံစားသောက်နေရ
မေ ၊ ၂၁ ၊ ၂၀၂၄SP (VOM)မြင်းခြံနယ်မှာ ဒီရက်ပိုင်းအတွင်း ယာယီတိုက်ပွဲရှောင်နေရသူ ခုနှစ်ထောင်ဝန်းကျင်ရှိနေပြီး...