ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားက ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး ဖမ်း၀ရမ်းထုတ်



မော်စကို၊ မေ-၅-၂၀၂၄
မျိုးဆက်(VOM)

ရုရှားအာဏာပိုင်တွေဟာ ယူကရိန်းသမ္မတ ဇီလန်စကီးကို ရာဇဝတ်မှုနဲ့ အမှုဖွင့်ထားပြီး အလိုရှိစာရင်းမှာ ထည့်သွင်းကာ ဖမ်း၀ရမ်းထုတ်လိုက်တယ်လို့ ရုရှားနိုင်ငံပိုင် တက်စ်သင်းဌာနက ဖော်ပြထားပါတယ်။

ဇီလန်စကီးကို အလိုရှိစာရင်းမှာ ထည့်သွင်းလိုက်ပေးမယ့် ဒီကိစ္စနဲပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

ရုရှားရဲ့ ဒီကြေညာချက်ဟာ စိတ်ပျက်ဖွယ် ဝါဒဖြန့်မှုတခုသာဖြစ်တယ်လို့ ယူကရိန်းကဆိုပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ရုရှားဟာ ယူကရိ်နးနဲ့ အခြားသော ဥရောပနိုင်ငံရေးသမားအချို့ကို ဖမ်း၀ရမ်းထုတ်ခဲ့ပါတယ်။

ရုရှားသမ္မတပူတင်ကိုလည်း စစ်ရာဇဝတ်မှုတွေကျူးလွန်မှုကြောင့်ဆိုကာ နိုင်ငံတကာ ရာဇဝတ်တရားရုံးက ဖမ်း၀ရမ်း ထုတ်ခံထားရပြီး သူကိုယ်တိုင် ဖမ်းဆီးခံရနိုင်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုပါတယ်။

စစ်ရာဇဝတ်မှုတွေကျူလွန်တယ်လို့ သံသယရှိတဲ့ ပူတင်ကို ဖမ်းဆီးဖို့အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ အမိ်န့ဟာ အလွန်မှန်ကန်ပြီး နိုင်ငံပေါင်း ၁၂၃ နိုင်ငံကအကောင်အထည်ဖော်ရမယ့် ကိစ္စဖြစ်တယ်ဆိုတာ သတိပေးလိုကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

Ref:Reuters
Photo:Reuters

Related posts

✕
VOM News

FREE
VIEW