ရန်ကုန်၊ မေ ၁၀-၂၀၂၄
GG (VOM)
ပဲခူးတိုင်း၊ တောင်ငူခရိုင် ၊ တောင်ငူမြို့ လေတပ်စခန်းကို ဒီနေ့မေလ ၁၀ ရက်နေ့ မနက်အစော ၄ နာရီကျော်လောက်က ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့သိရပါတယ်။
တောင်ငူလေတပ် စခန်းအတွင်း ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံး ပစ်ခတ် တိုက်ခိုက်ခဲ့မှုမှာ ၇ လုံးကို ပစ်ခတ် နိုင်ခဲ့ကြောင်း ၊ ပစ်ခတ်မှုကြောင့် လေတပ်စခန်းထဲမှာတာဝန်ကျနေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အချို့သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ငလို ဂျက်ဖိုက်တာနှစ်စီးလည်းပျက်စီးမှုရှိခဲ့ကြောင်း တိုက်ခိုက်မှုကိုဦးဆောင်ခဲ့တဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က ပြောဆိုထားတာတွေ့ရပါတယ်။
တောင်ငူမြို့ဒေသခံကတော့ ” ဖြစ်စဥ်တော့ကြားမိတယ်၊အတွင်းထဲကသတင်းကတော့အပြင်က သေချာမသိရပါဘူး။ဖြစ်စဥ််ပြီးနောက်ရက်လောက်ရောက်မှပဲ သိရတာများတယ်။ခုထိတော့သေချာမသိရသေးဘူး၊ မြို့ပြင်လည်းဖြစ်တော့လေ ” လို့ ေပြာပါတယ်။
အဆိုပါ လေတပ်စခန်းတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီတပ်ဖွဲ့ဝင်တွေက ပူးပေါင်းကာလုပ်ေဆာင်ခဲ့တာဖြစ်တယ်လို့ MWM အဖွဲ့ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
တောင်ငူလေတပ်စခန်း ရှော့တိုက်ဒုံးနဲ့ပစ်တခတ်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး နစကဘက်ကတော့ ခုညနေပိုင်းအထိ သတင်းထုတ်ပြန်တာမတွေ့ရှိရသေးပါဘူး။
ဧပြီလ ၁၁ ရက်နေ့ကလည်း Mountain Knights Defense Force (MKCDF) အဖွဲ့က နေပြည်တော်က အေလာလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးနဲ့ တိုက်ခိုက်ခဲ့မှုရှိခဲ့ပါတယ်။
Photo:CJ
Related posts
-
ထိုင်းရှိ ဘုန်းကြီးကျောင်းမှာ လူသေအလောင်း ၄၀ ကျော်တွေ့ရှိမှု ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ
ဘန်ကောက်၊ နိုဝင်ဘာ-၂၅-၂၀၂၄ ရတီ(VOM) ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတခုမှ တရားအားထုတ်ရာမှာ အသုံးပြုတယ်လို့ယူဆရတဲ့ လူသေအလောင်း... -
လားရှိုးမြို့နယ် နမ့်ပေါင်ဘက် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၅၊ ၂၀၂၄Shy V VOMရှမ်းပြည်နယ် မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်... -
အစ္စရေးကို ဟဇ်ဘိုလာအဖွဲ့က ဒုံးကျည် ၁၆၀ ကျော်နဲ့ လက်တုံ့ပြန် တိုက်ခိုက်
တဲလ်အဗစ်၊ နိုဝင်ဘာ-၂၅-၂၀၂၄မျိုးဆက်(VOM)လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ဟာ အစ္စရေးဘက်ကို ဒုံးကျည်အစင်း ၁၆၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က...