ဟောင်ကောင် ဒီမိုကနေစီတက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို အပြစ်ရှိကြောင်း တရားရုံး အမိန့်ချ

ဟောင်ကောင်၊ မေ-၃၀-၂၀၂၄မျိုးဆက် (VOM)ဟောင်ကောင်မှာ တရုတ်အစိုးရက ပြဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ အဖျက်အမှောင့်တွေ ကျူးလွန်တယ်ခဲ့တယ်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။သူတို့ထဲမှာ လွှတ်တော်အမတ်ဟောင်း လွှတ်တော်အမတ်ဟောင်း Leung Kwok-hung နဲ့ Helena Wong သတင်းထောက်နေ တက်ကြွလှုပ်ရှားသူဖြစ်လာတဲ့ Gwyneth Ho အပြင် ၂၀၁၉ ခုနှစ်က လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ သာမန်ဟောင်ကောင်ပြည်သူတွေလည်း ပါဝင်ပါတယ်။သူတို့ဟာ ၂၀၂၀ ခုနှစ်မှာ တရားမဝင်ရွေးကောက်ပွဲကျင်းပပြီး ဟောင်ကောင်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုပြီး တရားစွဲဆိုခံရတဲ့ တက်ကြွလှုပ်ရှားသူ ၄၇ ယောက်ထဲမှာ ပါဝင်ပါတယ်။တကယ်လို့ သူတို့ရဲ့ လုပ်ရပ်အောင်မြင်ခဲ့မယ်ဆိုရင် ဟောင်ကောင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေလိမ့်မယ်လို့ အစိုးရရှေ့နေတွေရဲ့ စောဒက တက်တဲ့အတိုင်း တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။သက်သေအဖြစ် တရားရုံးဟာ လွန်ခဲ့တဲ့သုံးနှစ်က ဖမ်းဆီးစဉ်အတွင်း နေအိမ်တွေနဲ့ စက်ပစ္စည်းတွေကနေ တွေ့ရှိခဲ့တဲ့…

Read More

မြန်မာပြည် အလယ်ပိုင်းက ကွမ်းစိုက်တောင်သူတွေ စျေးကောင်းရပေမယ့် ရောင်းစရာကွမ်းရွက်မရှိ

မေ ၊ ၃၀ ၊ ၂၀၂၄SP ( VOM)မြန်မာပြည် အလယ်ပိုင်းက ထွက်ရှိတဲ့ ကွမ်းရွက်တွေဟာ အချိန်အခါမဟုတ် စျေးကောင်းရလာပေမယ့် ကွမ်းစိုက်တောင်သူတွေအဖို့ တင်ပို့ရောင်းချစရာ ကွမ်းရွက်ကုန်ကြမ်း မရှိဘူးလို့ ကွမ်းရွက်ဒိုင်တွေဆီက သိရပါတယ်။မုံရွာဒေသခံ ကွမ်းစိုက်တောင်သူ တယောက်က” ကွမ်းစိမ်းနဲ့ ကွမ်းနုဝါဆိုတာ မြန်မာပြည်အလယ်ပိုင်းမှာ စိုက်တာများတယ် ၊ မုံရွာ ၊ ရွှေဘို ၊ မတ္တရာ ၊ စဥ့်ကူး စတဲ့မြို့နယ်တွေဘက်မှာ အစိုက်များတယ် ၊ ဘုတလင်နဲ့ ကနီနယ်မှာလည်း တွင်းကွမ်းဆိုပြီး ထွက်ရှိတယ် ၊ အများစုက မုံရွာနားအနီးတဝိုက်မှာ ထွက်ရှိတယ် ၊ ကွမ်းရွက်ဆိုတာ နှစ်စဥ် ဆောင်းရာသီမှာ ကွမ်းရွက်စျေး တက်လေ့ရှိပြီး နွေရာသီနဲ့ မိုးရာသီတွေမှာ ကွမ်းရွက်စျေးကျတယ် ၊ ပြီးခဲ့တဲ့နှစ်ကစလို့ အချိန်အခါ မဟုတ် နွေရာသီမှာ ကွမ်းရွက်စျေးတွေကောင်းလာတယ် ၊ ဒါပေမယ့်…

Read More

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် တော်ဝင်မိသားစုကို ဝေဖန်ပြောဆိုမှုကြောင့် တရားစွဲခံရတော့မယ်

ဘန်ကောက်၊ မေ-၃၀-၂၀၂၄မျိုးဆက်(VOM)ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဟာ ထိုင်းဘရင်ကို ဝေဖန်ပြောဆို စော်ကားမှုနဲ့တရားစွဲခံရမှာဖြစ်ကြောင်း ထိုင်းရှေ့နေချုပ်က ပြောပါတယ်။ပြည်ပြေးဘ၀နဲ့ ၁၅ နှစ်ကြာပြီးနောက် ထိုင်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့တဲ့ သက်ဆင်ဟာ ပြီးခဲ့တဲ့ ကိုးနှစ်ကျော်ကာလက ကိုရီးယားသတင်းစာတစောင်နဲ့ အင်တာဗျူးတခုမှာ ဘုရင်စနစ်ကို ဝေဖန်ပြောဆိုခဲ့မှုကြောင့် တရားစွဲဆိုခံရမှာဖြစ်ပါတယ်။အဲဒီအင်တာဗျူးမှာတော့ ထိုင်းဘုရင်ရဲ့ ထိပ်တန်းအကြံပေးအဖွဲ့ဖြစ်တဲ့ အထူးကောင်စီဟာ သက်ဆင်ရဲ့ ညီမ ယင်လပ်ဦးဆောင်တဲ့အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ကူညီခဲ့တယ်လို့ ပြောဆိုခဲ့တာပါ။ ၂၀၁၁ ရွေးကောက်ပွဲအနိုင်ရ ယင်လပ်အစိုးရဟာ အာဏာသိမ်းမခံရမီ သုံးနှစ်ကြာ အုပ်ချုပ်ခဲ့ပါတယ်။ဒါဟာ ထိုင်းနိုင်ငံမှာ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖိနှိပ်ရာမှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ တော်ဝင်ဥပဒေကို အသုံးပြုပြီး စွဲချက်တင်ခံရတဲ့အထဲမှာ သက်ဆင်ဟာ အထင်ရှားဆုံး နိုင်ငံရေးသမားတယောက်ဖြစ်ပါတယ်။ပြီးခဲ့တဲ့ လေးနှစ်တာကာလအတွင်း ဒီဥပဒေကိုအသုံးပြုပြီး ရာနှင့်ချီတဲ့လူတွေကို တရားစွဲဆို ဖမ်းဆီးထောင်ချခဲ့ပါတယ်။ ဒါဟာ သက်ဆင်ပြည်တော်ပြန်ဝင်ပြီးနောက် သူ့ကို တရားစွဲဖို့ဆုံးဖြတ်ချက် ထိုင်းနိုင်ငံရဲ့ ဩဇာကြီးမားတဲ့…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၃၀ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၇၄၀ ကျပ်ဝယ်ဈေး – ၄၆၈၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၅၀၅ ကျပ်ဝယ်ဈေး – ၃၄၁၀ ကျပ်-ယူရိုရောင်းဈေး – ၅၁၂၀ ကျပ်ဝယ်ဈေး – ၄၉၅၅ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၂၈.၅၃ ကျပ်ဝယ်ဈေး – ၁၂၅.၇၀ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၁၀၀၅ ကျပ်ဝယ်ဈေး – ၉၇၂ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၆၅၃ ကျပ်ဝယ်ဈေး – ၆၃၆ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၃၀.၁၂ ကျပ်ဝယ်ဈေး – ၂၉.၁၆ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၅၇.၄၆ ကျပ်ဝယ်ဈေး – ၅၄.၆၃ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၃.၄၉ ကျပ်ဝယ်ဈေး – ၃.၃၁ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၆၁၈၄ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၃၀ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၃၈ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၈၄၀၀၀၀ ကျပ် ဝယ်ဈေး ၅၈၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၆၄၀၀၀၀ ကျပ် ဝယ်ဈေး ၅၆၀၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ဂါဇာနဲ့အီဂျစ်ကြားရှိ ဗျူဟာမြောက်ဇုန်ကို အစ္စရေးစစ်တပ် သိမ်းပိုက်

ဂါဇာစီးတီး၊ မေ-၃၀-၂၀၂၄မျိုးဆက်(VOM)ဖီလာဒဲဖီစင်္ကြံလို့ လူသိများတဲ့ ဂါဇာနဲ့အီဂျစ်နယ်စပ်တလျှောက် ဗျူဟာမြောက်ဇုန်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။အဲဒီနေရာမှာ ဂါဇာကမ်းမြှောင်ဒေသကို လက်နက်တွေ မှောင်ခိုသယ်ဖို့ ဟားမတ်စ်တွေ အသုံးပြုတဲ့ ဥမင်လှိုဏ်ခေါင်း ၂၀ ကိုတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။မကြာသေးမီရက်ပိုင်းအတွင်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အီဂျစ်နဲ့ ရာဖာနယ်စပ်ရှိ ဖီလာဒဲဖီ စင်္ကြံမှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ဒီနေရာဟာ ဟားမတ်စ်တို့ လက်နက်ခိုးသွင်းတဲ့ အရေးပါတဲ့နေရာဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။တပ်ဖွဲ့ဝင်တွေဟာ နယ်မြေအတွင်းတွေ့ရှိရတဲ့ ဥမင်လှိုဏ်များအားလုံးဟာ အီဂျစ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်းရှိ မရှိ မသေချာကြောင်း သူကပြောပါတယ်။ ဒီစင်္ကြံဟာ အီဂျစ်နဲ့ ၁၃ ကီလိုမီတာ နယ်နိမိတ်ချင်း ထိစပ်နေသော ဂါဇာမြောက်ပိုင်းရှိ ပေ ၃၃၀ သာကျယ်ဝန်းတဲ့ ကြားခံဇုန်တခုဖြစ်ပါတယ်။အီဂျစ်ကတော့ ဟားမတ်စ်တို့က နယ်စပ်ဖြတ်ကျော် ဥမင်လှိုဏ်ခေါင်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဟားမတ်စ်တို့ လက်နက်တွေ မှောင်ခိုတင်သွင်းလို့မရကြောင်း ယခင်က ပြောဆိုထားပါတယ်။Ref:BBCPhoto:Getty Images

Read More

This Day in History

Voice of Myanmarစပိန်ပြည်တွင်းစစ်အတွင်း ပြည်ပနိုင်ငံများမှ ပထမဆုံးအကြိမ် သိသာထင်ရှားစွာ ပါဝင်လာမှုအဖြစ် အယ်လ်မားရီးယားဆိပ်ကမ်းကို ဂျာမန်စစ်သင်္ဘောလေးစင်းက ၁၉၃၇ ခုနှစ် မေ ၃၀ ရက်တွင် တိုက်ခိုက်ခဲ့ရာ လူပေါင်း ၄၀၀ ​​ကျော် သေဆုံးခဲ့သည်။

Read More

ယနေ့ ရွှေဈေး (မေ – ၂၉ ရက်၊ ညနေ ၄ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၅၁ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၈၂၀၀၀၀ ကျပ် ဝယ်ဈေး ၅၇၈၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၅၆၂၀၀၀၀ ကျပ် ဝယ်ဈေး ၅၅၈၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
VOM News

FREE
VIEW