ဂါဇာနဲ့အီဂျစ်ကြားရှိ ဗျူဟာမြောက်ဇုန်ကို အစ္စရေးစစ်တပ် သိမ်းပိုက်



ဂါဇာစီးတီး၊ မေ-၃၀-၂၀၂၄
မျိုးဆက်(VOM)

ဖီလာဒဲဖီစင်္ကြံလို့ လူသိများတဲ့ ဂါဇာနဲ့အီဂျစ်နယ်စပ်တလျှောက် ဗျူဟာမြောက်ဇုန်ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။

အဲဒီနေရာမှာ ဂါဇာကမ်းမြှောင်ဒေသကို လက်နက်တွေ မှောင်ခိုသယ်ဖို့ ဟားမတ်စ်တွေ အသုံးပြုတဲ့ ဥမင်လှိုဏ်ခေါင်း ၂၀ ကိုတွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်း အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အီဂျစ်နဲ့ ရာဖာနယ်စပ်ရှိ ဖီလာဒဲဖီ စင်္ကြံမှာ စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး ဒီနေရာဟာ ဟားမတ်စ်တို့ လက်နက်ခိုးသွင်းတဲ့ အရေးပါတဲ့နေရာဖြစ်တယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တပ်ဖွဲ့ဝင်တွေဟာ နယ်မြေအတွင်းတွေ့ရှိရတဲ့ ဥမင်လှိုဏ်များအားလုံးဟာ အီဂျစ်ကို ဖြတ်ကျော်ဝင်ရောက်ခြင်းရှိ မရှိ မသေချာကြောင်း သူကပြောပါတယ်။ ဒီစင်္ကြံဟာ အီဂျစ်နဲ့ ၁၃ ကီလိုမီတာ နယ်နိမိတ်ချင်း ထိစပ်နေသော ဂါဇာမြောက်ပိုင်းရှိ ပေ ၃၃၀ သာကျယ်ဝန်းတဲ့ ကြားခံဇုန်တခုဖြစ်ပါတယ်။

အီဂျစ်ကတော့ ဟားမတ်စ်တို့က နယ်စပ်ဖြတ်ကျော် ဥမင်လှိုဏ်ခေါင်းတွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တာကြောင့် ဟားမတ်စ်တို့ လက်နက်တွေ မှောင်ခိုတင်သွင်းလို့မရကြောင်း ယခင်က ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW