ဟောင်ကောင်၊ မေ-၃၀-၂၀၂၄
မျိုးဆက် (VOM)
ဟောင်ကောင်မှာ တရုတ်အစိုးရက ပြဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေအရ အဖျက်အမှောင့်တွေ ကျူးလွန်တယ်ခဲ့တယ်ဆိုပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
သူတို့ထဲမှာ လွှတ်တော်အမတ်ဟောင်း လွှတ်တော်အမတ်ဟောင်း Leung Kwok-hung နဲ့ Helena Wong သတင်းထောက်နေ တက်ကြွလှုပ်ရှားသူဖြစ်လာတဲ့ Gwyneth Ho အပြင် ၂၀၁၉ ခုနှစ်က လူထုဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ သာမန်ဟောင်ကောင်ပြည်သူတွေလည်း ပါဝင်ပါတယ်။
သူတို့ဟာ ၂၀၂၀ ခုနှစ်မှာ တရားမဝင်ရွေးကောက်ပွဲကျင်းပပြီး ဟောင်ကောင်အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုပြီး တရားစွဲဆိုခံရတဲ့ တက်ကြွလှုပ်ရှားသူ ၄၇ ယောက်ထဲမှာ ပါဝင်ပါတယ်။
တကယ်လို့ သူတို့ရဲ့ လုပ်ရပ်အောင်မြင်ခဲ့မယ်ဆိုရင် ဟောင်ကောင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ဖြစ်ပေါ်စေလိမ့်မယ်လို့ အစိုးရရှေ့နေတွေရဲ့ စောဒက တက်တဲ့အတိုင်း တရားရုံးက အမိန့်ချခဲ့တာဖြစ်ပါတယ်။
သက်သေအဖြစ် တရားရုံးဟာ လွန်ခဲ့တဲ့သုံးနှစ်က ဖမ်းဆီးစဉ်အတွင်း နေအိမ်တွေနဲ့ စက်ပစ္စည်းတွေကနေ တွေ့ရှိခဲ့တဲ့ စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကို တရားရုံးက ကိုးကား ဖော်ပြခဲ့ပါတယ်။
Ref:BBC
Photo:Getty Images
ဟောင်ကောင် ဒီမိုကနေစီတက်ကြွလှုပ်ရှားသူ ၁၄ ယောက်ကို အပြစ်ရှိကြောင်း တရားရုံး အမိန့်ချ
