အီရန် ဒုသမ္မတကို ယာယီသမ္မတခန့်အပ်၊ သမ္မတရွေးကောက်ပွဲကို ရက်ပေါင်း ၅၀ အတွင်း ကျင်းပမယ်

တီဟီရန်၊ မေ-၂၁-၂၀၂၄မျိုးဆက်(VOM)အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီ ရဟတ်ယာဉ်ပျက်ကျ သေဆုံးသွားပြီးနောက်မှာ ဒုတိယသမ္မတဖြစ်သူ မိုဟာမက်မိုဟာဘာက သမ္မတရွေးကောက်ပွဲ မပြီးမချင်း ယာယီသမ္မတအဖြစ် တာဝန်ယူမယ်လို့ အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ပြောပါတယ်။သမ္မတရိုင်ဆီ၊ နိုင်ငံခြားရေးဝန်ကြီးနဲ့ အခြား ခုနှစ်ယောက်တို့ကို တင်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ အီရန်အနောက်မြောက်ပိုင်း အရှေ့အဇာဘိုင်ဂျန်ပြည်နယ်မှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပျက်ကျခဲ့ပါတယ်။ရဟတ်ယာဉ်အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး လိုက်ပါသူူအားလုံး သေဆုံးခဲ့တာဖြစ်ပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုကြောင့် ရဟတ်ယာဉ်ပျက်ကျခဲ့တာလို့ အီရန်မီဒီယာတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီက ငါးရက်ကြာ နိုင်ငံတော်ဝမ်းနည်းကြေကွဲကြောင်း ကြေညာခဲ့ပြီး ရက်ပေါင်း ၅၀ အတွင်း သမ္မတရွေးကောက်ပွဲ ကျင်းပမယ်လို့ ဆိုပါတယ်။ရဟတ်ယာဉ်ပျက်ကျခဲ့တဲ့နေရာအနီးရှိ မြို့တမြို့ ဒီနေ့ဈာပနအခမ်းအနား ကျင်းပနေပြီး ပြည်သူသောင်းပေါင်းများစွာ တက်ရောက်နေပါတယ်။ သေဆုံးသွားတဲ့ သမ္မတရိုင်ဆီဟာ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီအဖြစ် လူသိများပါတယ်။သူဟာ ၂၀၂၁ ခုနှစ်မှာ အာဏာရပြီးနောက် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို နှိမ်းနှင်းခဲ့ပြီး ဟားမတ်စ်နဲ့ အစ္စရေးဆန့်ကျင်ရေးအဖွဲ့တွေကို…

Read More

လပွတ္တာမှာ အစာအဆိပ်သင့်လို့ လူ ၄၅ ယောက်အစာအဆိပ်သင့်ပြီး ဆေးကုသမှုခံယူနေရ

မေ -၂၁ ၊၂၀၂၄GG (VOM)ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ နေ့လယ်စာထမင်းဗူးစားရာကနေ အစာအဆိပ်သင့်ပြီး ကလေးအပါအဝင်လူပေါင်း ၄၅ ယောက်အစာအဆိပ်သင့်မှုဖြစ်ပွားပြီး ဆေးရုံမှာကုသမှုခံယူနေကြရတယ်လို့သိရပါတယ်။လပွတ္တာမြို့ပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေတဲ့အလုပ်သမားတွေကို ပေးဝေးတဲ့ ထမင်းဗူးကိုစားမိရာမှ အလုပ်သမားတွေအပါအဝင်မိသားစုဝင်တွေပါအစာအဆိပ်သင့်ခဲ့မှု မနေ့က မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ် ပါတယ်။” ကျောက်လောင်းကြတာကို ဆိုက်ကပြီးတော့ထမင်းဗူးလှူတာမှာ စားမိပြီးအစာအဆိပ်သင့်တာ၊ သူတို့ကထမင်းဗူးကိုဆိုက်ထဲမစားပဲအိမ်ရောက်မှစားကြတာဒီတော့ အိမ်ကမိသားစုဝင်တွေကလေးငယ်တွေပါ အစာအဆိပ်သင့်ကုန်တာ၊ အဆိပ်သင့်တော့အများစု အော့အန်ကြတာပေါ့၊ ထမင်းဗူးကလဲ ဘဲဥငံပြာရည်ချက်ပဲလူတိုင်းချက်စားနေကြ၊ထမင်းဗူးကလည်းသုံးနေကျဗူးပဲကိုဘယ်လိုဖြစ်လဲသေချာမသိဘူး။ဒီနေ့တော့ရန်ကုန်ကိုဓာတ်ခွဲစစ်ဆေးဖို့ပို့ထားတယ်၊ ” လို့ ကူညီရေးလမ်းကြောင်း ပါဝင်ခဲ့တဲ့ ကရုဏာမျက်ဝန်းလူမှုကူညီရေးအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။အစာအဆိပ်သင့်သူတွေက လပွတ္တာမြို့၊ လ/တောင် ကွမ်းခြံကုန်း ၊ ချောင်းကလေးအမှတ်(၉)ရပ်ကွက်၊အမှတ်(၃)ရပ်ကွက်တို့မှဖြစ်ပြီး လူကြီးက၃၃ ယောက်ပါက ကလေးငယ်က ၁၀ ယောက်ကျော်ပါဝင်ပါတယ်။အစာအဆိပ်သင့်သူအားလုံးကို ၃ မိုင်ကုတင်၂၀၀ ဆေးရုံကိုပို့ဆောင်ထားပြီး ဒီနေ့မှာ လူကြီး၂၄ ယောက်ဆေးရုံကဆင်းရပြီး ကလေးငယ်တွေနဲ့ကျန်လူကြီး၉ယောက်က အ​ခြေနေစောင့်ကြည့်ပြီး မနက်ဖန်မှဆေးရုံကဆင်းရနိုင်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင်လနုန်းကလည်း ပဲခူးမြို့နယ် ၊ အဆိပ်တောင်ကျေးရွာအုပ်စု၊…

Read More

မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲသူတွေနဲ့ ဓားပြမှုကျူးလွန်သူတွေ ဒီရက်ပိုင်းအတွင်း ဖမ်းခံရမှုများလာ

မေ ၊ ၂၂ ၊ ၂၀၂၄SP (VOM)စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်မှာ လူပြန်ပေးဆွဲ ဖမ်းဆီးသူတွေနဲ့ ဓားပြမှုကျူးလွန်းသူတွေကို ဒီရက်ပိုင်းအတွင်း ဖမ်းဆီးရခံတာ များပြားလာတယ်လို့ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံး အသိုင်းအဝိုင်းဆီက သိရပါတယ်။” လူပြန်ပေးဆွဲ ဖမ်းဆီးရာမှာ အသုံးပြုတဲ့ အိမ်စီးကား (ယာဥ်လိုင်စင်မဲ့)ကား ငါးစီးနဲ့ ဆိုင်ကယ်မျိုးစုံ ဆယ်စီးကျော် အပါအဝင် လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ် ၊ ပြစ်မှုကျူးလွန်သူတွေကို ပစ်ခတ်ဖမ်းဆီးတဲ့အခါ အသေ (ရုပ်အလောင်း) ဖမ်းဆီးရမိသလို ၊ အရှင်ဖမ်းမိထားတဲ့ သူတွေလည်းရှိတယ် ၊ ဖမ်းမိသူတွေကို အမှုဖွင့် စစ်ဆေးနေတယ် ” လို့ ပြောပါတယ်။မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနဲ့ နီးစပ်သူတယောက်က” ပြီးခဲ့တဲ့ မေ ၁၉ ရက် ၊ မနက် ၂ နာရီဝန်းကျင်က မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ကမ်းနားလမ်းမှာရှိတဲ့…

Read More

ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပေါ်မှာ အမျိုးသားတယောက်အောက်ဆီဂျင်ပြတ်သေဆုံး

မေ ၂၁ – ၂၀၂၄GG (VOM)ရန်ကုန် – မော်မြိုင်ကားလမ်းပေါ်က ယာယီမြေသားလမ်းဖောက်လုပ်ဖြတ်သန်းခွင့်ပြုနေတဲ့ ကျုံအိတ်တံတားကို ဖြတ်သန်းဖို့စောင့်နေတဲ့ ကုန်ကားပေါ်မှာ အမျိုးတယောက်အောက်ဆီဂျင်ပြတ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။သေဆုံးသူအမျိုးသားဟာ ကားခေါင်းခန်းအတွင်းမှာ အကျီင်္ ဝ တ်ဆင်ထားခြင်းမရှိဘဲ ပက်လက်အနေအထားနဲ့သေဆုံးနေတာဖြစ်ကြောင်း ၊ ခန္ဓာကိုယ် ပြင်ပတစုံတရာဒဏ်ရာမရှိဘဲ သေဆုံးနေတာဖြစ်လို့ အောက်ဆီဂျင်ပြတ်ပြီးသေဆုံးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။“ဘီးလင်းမြို့ဝင်ကြေးဂိတ်အကျော်လေးမှာပေါ့။ကျုံအိတ်တံတားကိုဖြတ်ဖို့စောင့်နေတဲ့ကုန်ကားပါ၊ ကျနော်တို့သတင်းရတာ ၇နာရီလောက်သိရတယ်၊သွားသယ်တယ်။ ဘီးလင်းဆေးရုံပို့လိုက်တယ်၊အိပ်ပျော်နေရင်းသေဆုံးတာပါ၊တခြားထူးခြားမှုမရှိဘူး။မိုးလင်းမှသေနေတာကိုသိရတာပေါ့ ” လို့ နာရေးလမ်းကြောင်းကူညီပေးခဲ့တဲ့ရှင်သန်ရေးနှင့်နာရေးကူညီမှုအသင်း အဖွဲ့ဝင် တဦးကပြောပါတယ်။အဆိုပါ အမျိုးသားဟာ မကွေးတိုင်း၊ပေါက်မြို့နယ်ဇာတိဖြစ်ပြီး အသက်က ၄၀ ေလာက်ရှိကြောင်း ၊ ကာ​းက ​ရန်ကုန်ကနေ လာရောက်ပြီး မနေ့က မေ၁၉ ရက်နေ့ကတည်းက ကျုံအိတ်တံတားကို ဖြတ်ဖို့စောင့်ဆိုင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။သေဆုံးအမျိုးသားကို ဘီးလင်းဆေးရုံကို ပို့ဆောင်ကာတာဝန်ရှိသူတွေကစစ်ဆေးပြီးနောက် ဒီနေ့မေ ၂၁ ရက်မနက်ပိုင်းမှာပဲ သဂြိုလ်လိုက်ပြီလို့ဆိုပါတယ်။ကျုံအိတ်တံတားမှာ ယာယီမြေသားလမ်းဖောက်လုပ်ပြီး ကားတွေကိုဖြတ်သန်းခွင့်ပြုနေပေမယ့် တလမ်းမောင်းစနစ်နဲ့ ရန်ကုန် – မော်လမြိုင် တဘက်စီကိုအလှည့်ကျစီဖြတ်သန်းခွင့်ပေးနေတာဖြစ်လို့ တံတားရဲ့နှစ်ဖက်လုံးမှာကားတွေအများအပြားတန်းစီစောင့်ဆိုင်းနေရပါတယ်။ကျုံအိတ်တံတားကတော့ မေလ၁၁…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ – ၂၁ ရက်)

Voice of Myanmar-အမေရိကန်ဒေါ်လာ‌ရောင်းဈေး – ၄၀၈၀ ကျပ်ဝယ်ဈေး – ၄၀၄၀ ကျပ်-စင်္ကာပူဒေါ်လာရောင်းဈေး – ၃၀၂၅ ကျပ်ဝယ်ဈေး – ၂၉၅၀ ကျပ်-ယူရိုရောင်းဈေး – ၄၄၂၅ ကျပ်ဝယ်ဈေး – ၄၂၉၀ ကျပ်-ထိုင်းဘတ်ရောင်းဈေး – ၁၁၂.၅၀ ကျပ်ဝယ်ဈေး – ၁၁၀.၂၅ ကျပ်-မလေးရှားရင်းဂစ်ရောင်းဈေး – ၈၆၉ ကျပ်ဝယ်ဈေး – ၈၄၂ ကျပ်-တရုတ်ယွမ်ရောင်းဈေး – ၅၆၃ ကျပ်ဝယ်ဈေး – ၅၄၉ ကျပ်-ဂျပန်ယန်းရောင်းဈေး – ၂၆.၀၆ ကျပ်ဝယ်ဈေး – ၂၅.၂၈ ကျပ်-အိန္ဒိယရူပီးရောင်းဈေး – ၄၈.၉၃ ကျပ်ဝယ်ဈေး – ၄၇.၄၆ ကျပ်-ကိုရီးယားဝမ်ရောင်းဈေး – ၂.၉၈ ကျပ်ဝယ်ဈေး – ၂.၈၉ ကျပ်-စတာလင်ပေါင်ရောင်းဈေး – ၅၀၇၈ ကျပ်ဝယ်ဈေး…

Read More

ယနေ့ ရွှေဈေး (မေ – ၂၁ ရက်၊ နံနက် ၁၀ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၄၂၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၅၁၁၀၀၀၀ ကျပ် ဝယ်ဈေး ၅၀၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၄၉၁၀၀၀၀ ကျပ် ဝယ်ဈေး ၄၈၇၀၀၀၀ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More

ကွတ်ခိုင်မြို့ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားတဲ့ ယူကလစ်နဲ့ ထင်းရှူးတောတွေ စီးပွားဖြစ်ခုတ်နေ

မေ ၂၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အနီးဝန်းကျင်ရှိ နှစ်ပေါင်းများစွာ ထိန်းတောအဖြစ် ထိန်းသိမ်းထားတဲ့ ယူကလစ်နဲ့ ထင်းရှူးတောတွေ စီးပွားဖြစ် ခုတ်ထွင်တာတွေ ဖြစ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “ယူကလစ်တော ပြောင်ကုန်ပြီလေ။ ကောင်းခါးလမ်းဘက်က ကုန်ပြီ။ ဟိုးအရင်ကတည်းက ရှိတဲ့ ယူကလစ်တော အခု မရှိတော့ဘူး။ သစ်ပင်တွေက ပြောင်ကုန်ပြီ။ထိန်းတောလို ထိန်းသိမ်းထားတဲ့ နေရာ ဆိုပေမယ့် ဘယ်သူတက်ရင် ဘယ်သူ လုပ်စားတာမျိုး နေမှာပေါ့။ ကွတ်ခိုင်မှာ ပူလာပြီ။ ပြောင်ကုန်ပြီ။ အရင် အစိုးရက စိုက်ထားတာဟုတ်တယ်” လို့ကွတ်ခိုင် ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ အဲဒီ ခုတ်ထားတဲ့ သစ်တွေကို ကွတ်ခိုင် ရပ်ကွက် ၈ က သစ်စက်မှာ အဓိက သစ်ထုတ်တာဖြစ်ပြီး ကာလိယုင်ဘက်မှာတော့ မီးသွေး…

Read More

အစ္စရေးဝန်ကြီးချုပ်နဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ အိုင်စီစီ ပြင်ဆင်

သည်ဟိတ်၊ မေ-၂၁-၂၀၂၄မျိုးဆက်(VOM)အိုင်စီစီရှေ့နေတွေဟာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေကို ဖမ်း၀ရမ်းထုတ်ဖို့ ပြင်ဆင်နေကြပါတယ်။အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နဲ့ ဟားမတ်စ်ခေါင်းဆောင် ယာ့ယာဆင်ဝါတို့ဟာ လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ယုံကြည်ရတဲ့ အထောက်အထားတွေရှိတယ်လို့ အိုင်စီစီရှေ့နေ ကာရင်ခန်းက ပြောပါတယ်။ဒါအပြင် အိုင်စီစီရှေ့နေတွေက ဖမ်း၀ရမ်းထုတ်ဖို့ ကြိုးပမ်းနေသူတွေထဲမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး ဂဲလ်လန့်၊ ဟားမတ်စ်နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ်ဟာနီယာ့နဲ့ ဟားမတ်စ်စစ်ရေးအကြီးအကဲ မိုဟာမက် ဒိုင်ဖ်တို့လည်း ပါဝင်ပါတယ်။ဒါပေမယ့် အစ္စရေးဟာ သူ့ရဲ့မဟာမိတ် အမေရိကန်နည်းတူ အိုင်စီစီ အဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။ ဟားမတ်စ်ခေါင်းဆောင်တွေနဲ့အတူ ဖမ်း၀ရမ်းထုတ်ဖို့ စီစဉ်နေတဲ့အပေါ် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိုင်စီစီကို ဒေါသတကြီး ရှုတ်ချပြောဆိုခဲ့ပါတယ်။ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ အစ္စရေးက အစုလိုက်အပြုံလိုက် လူသတ်သမားတွေဖြစ်တဲ့ ဟားမတ်စ်တို့နဲ့ နှိုင်းယှဉ်ခံရတာဟာ စက်ဆုပ်ရွံရှာဖွယ်ဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတည်း အစ္စရေးနဲ့ဟားမတ်စ်တို့ကို နှိုင်းယှဉ်လို့မတူဘူးလို့ မှတ်ချက်ပြုပြောဆိုပါတယ်။ ဒီလိုဖမ်း၀ရမ်းတောင်းခံခြင်းဟာ အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုတွေကို ထိခိုက်စေတယ်လို့…

Read More

This Day in History

Voice of Myanmarအိန္ဒိယနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၁၉၈၄ ခုနှစ်မှ ၁၉၈၉ ခုနှစ်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ရာဂျစ်ဂန္ဒီသည်၁၉၉၁ ခုနှစ်မေ၂၁ ရက်တွင် အသေခံဗုံးခွဲလုပ်ကြံမှုတခုအတွင်း သေဆုံးခဲ့သည်။

Read More

ဝိုင်းမော်ခတ်ချိုရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ၆ ယောက်သေဆုံးပြီး ၁၁ ယောက် ထိခိုက် ဒဏ်ရာရ

မေ ၂၀၊ ၂၀၂၄ Shy V(VOM) ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ခတ်ချိုရွာမှာ မေလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး ၁၁ ယောက် ထိခိုက် ဒဏ်ရာရရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “၆ ယောက် သေဆုံး ပြီး ၁၁ ယောက် ထိခိုက် ဒဏ်ရာရတာက ခတ်ချိုမှာ ဖြစ်တာ။ မိသားစု တစု ထဲကပဲ ၆ ယောက် သေဆုံးသွားတယ်။ လက်နက်ကြီးထိလို့လေ။ အဲမှာ လက်ကျိုးသူကကျိုး၊ ခြေကျိုးသူကကျိုး ဖြစ်ကုန်တာ။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ သေဆုံးတဲ့ ၆ ယောက်မှာက အသက်ငယ်တဲ့ သူ နှစ်ယောက်၊ အမျိုးသား…

Read More
VOM News

FREE
VIEW