သြစတြေးလျစစ်တပ်မှာ ပြည်ပနိုင်ငံသားတွေကိုပါ စစ်မှုထမ်းခွင့် ပြုတော့မယ်

  ဆစ်ဒနီ၊ ဇွန်-၄-၂၀၂၄ မျိုးဆက်(VOM) သြစတြေးလျစစ်တပ်ဟာ ဗြိတိန်အပါအဝင် ပြည်ပနိုင်ငံတွေကလူတွေကို စစ်သားစုဆောင်းပြီး စစ်မှုထမ်းခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံဟာ ဒေသတွင်းခြိမ်းခြောက်မှုတွေတိုးပွားလာတာနဲ့ ရင်ဆိုင်နေရချိန်မှာ လက်နက်ကိုင်တပ်ဖွဲတွေကို အင်အားဖြည့်တင်းရေး စစ်မှုထမ်းနည်းပါးမှုနဲ့ ရင်ဆိုင်နေရပါတယ်။ ဇူလိုင်ကစပြီး သြစတြေးလျမှာ အမြဲတမ်းနေထိုင်တဲ့ နယူးဇီလန်နိုင်ငံသားတွေ စစ်မှုထမ်းလျှောက်ထားနိုင်ပြီး လာမယ့်နှစ်ကစပြီး ဗြိတိန်၊ အမေရိကန်၊ ကနေဒါအပါအဝင် အခြားပြည်ပနိုင်ငံတွေက အမြဲတမ်းနေထိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို စစ်မှုထမ်းခွင့် ပြုတော့မှာဖြစ်ပါတယ်။ စစ်မှုထမ်းအရည်အချင်းသတ်မှတ်ချက်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေဟာ လာမယ့် ဆယ်စုနှစ်တွေအတွင်း နိုင်ငံရဲ့ လုံခြုံရေးစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို မရှိမဖြစ်လိုတယ်လို သြစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက်မာလက်စ်က ပြောပါတယ်။ သြစတြေးလျဟာ မကြာသေးမီနှစ်တွေအတွင်း အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ရဲ့ စစ်အင်အားတိုးချဲ့လာမှုကို ထိန်းချုပ်ရန်ရည်ရွယ်တဲ့ ကျယ်ပြန့်တဲ့ လုံခြုံရေးမဟာမိတ်စာချုပ်ဖြစ်တဲ့ Aukus သဘောတူစာချုပ်ကို ၂၀၂၁ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ ဒါအပြင် သြစတြေးလျ၊ ဗြိတိန်၊…

Read More

အမေရိကန်ဒုသမ္မတ ကမလာဟားရစ် ယူကရိန်းငြိမ်းချမ်းရေး ညီလာခံ တက်ရောက်မယ်

  ဝါရှင်တန်၊ ဇွန်-၄-၂၀၂၄ မျိုးဆက်(VOM) ဒီလနှောင်းပိုင်းမှာ ဆွစ်ဇာလန်မှာကျင်းပမယ့် ယူကရိန်းငြိမ်းချမ်းရေး ညီလာခံကို အမေရိကန်ဒုသမ္မတ ကမလာဟားရစ် တက်ရောက်မယ်လို့ အမေရိကန်အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ အဲဒီညီလာခံမှာ အမေရိကန်ကိုယ်စားပြုအဖြစ် ဒုတိယသမ္မတဟားရစ်တက်ရက်မယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကိုယ်တိုင်တက်ရောက်ဖို့ တောင်းဆိုထားပါတယ်။ ညီလာခံကို ဇွန် ၁၅ ရက်နဲ့ ၁၆ ရက်တို့ ကျင်းပဖို့စီစဉ်ထားပြီး ယူကရိန်းက အဆိုပြုထားတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရေး ဆွေးနွေးမှုတွေ ပြုလုပ်ကြမှာဖြစ်ပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကတော့ သမ္မတရွေးကောက်ပွဲမဲဆွယ်မှုအတွက် ရန်ပုံငွေပွဲကို ဇွန် ၁၅ မှာ လော့အိန်ဂျလိစ်မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ယူကရိန်းငြိမ်းချမ်းရေး ညီလာခံမှာ ရုရှားရဲ့ ဆွေးနွေးအဆိုပြုချက်တွေမပါဘဲ သို့မဟုတ် မတက်ရောက်ရင် ညီလာခံကို တက်ရောက်မှာမဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နေ့က ထုတ်ပြန်ထားပါတယ်။ ဒီအတောအတွင်း ရုရှားဟာ…

Read More

ာက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက်ကို အပြည့်အ၀ရပ်ဆိုင်းဖို တောင်ကိုရီးယား ဆုံးဖြတ်

မြေ ဆိုးလ်၊ ဇွန်-၄-၂၀၂၄ မျိုးဆက်(VOM) တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတိုအကြား တင်းမာမှုတွေလျှော့ချဖို ရည်ရွယ်ရရှိထားတဲ့ ၂၀၁၈ ခုနှစ် နှစ်နိုင်ငံစစ်ရေးသဘောတူညီချက်ကို တောင်ကိုရီးယားက အပြည့်အ၀ရပ်ဆိုင်းဖို ဆုံးဖြတ်လိုက်ပါတယ်။ မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဘက်ကို မကြာသေးမီရက်တွေအတွင်း အမှိက်တွေနဲ့ အညစ်အကြေးတွေပါတဲ့ အမှိက်ထုတ်တွေကို မိုးပျံပူပေါင်းတွေနဲ့ လွှတ်တင်ပြီးနောက် တောင်ကိုရီးယားဘက်က အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ အဲဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အပြန်အလှန်ယုံကြည်မှု ပြန်လည်ရတဲ့ထိ ရပ်ဆိုင်းဖို အမျိုးသားလုံခြုံရေးကောင်စီဟာ မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲက ဒီနေ့မှာ အတည်ပြုဖိုရှိနေပြီး သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တာကြောင့် တောင်ကိုရီးယားအနေနဲ့ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာနယ်နိမိတ်မျဉ်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ကာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ချက်ချင်းအပြည့်အ၀တုံပြန်နိုင်မယ်လို သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တောင်ကိုရီးယားဟာ နှစ်နိုင်ငံအကြားရရှိထားတဲ့ စစ်ရေးသဘောတူညီချက်ကို တစိတ်တပိုင်း ဆိုင်းငံ့ခဲ့ပြီး…

Read More

အီရန်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို ကိုယ်စားလှယ်လောင်း ၈၀ စာရင်းသွင်းထား

  တီဟီရန်၊ ဇွန်-၄-၂၀၂၄ မျိုးဆက်(VOM) အီရန်မှာ ယခုလအတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို ကိုယ်စားလှယ်လောင်း ၈၀ မှတ်ပုံတင်စာရင်းပေးသွားထားကြောင်း အီရန်ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။ မေ ၁၉ ရက်က လေယာဉ်ပျက်ကျမှုကြောင့် သမ္မတရိုင်ဆီ သေဆုံးပြီးနောက်မှာ နောက်ထပ်သမ္မတသစ်ရွေးချယ်မယ့် ရွေးကောက်ပွဲကို ဇွန် ၂၈ ရက်မှာကျင်းပဖို စီစဉ်ထားကြပါတယ်။ သမ္မတလောင်း ဝင်ရောက်ယှဉ်ပြိုင်မယ့်သူတွေထဲမှာ အီရန်တော်လှန်ရေးအစောင့်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အီရန်ပါလီမန်ဥက္ကဌ မိုဟာမက် ဘာကာကာလီဘက်ဖ်လည်းပါဝင်ပြီး သူဟာ အနောက်အုပ်စုဆန့်ကျင်ရေး ရှေးရိုးစွဲဝါဒီလည်း ဖြစ်ပါတယ်။ အခြားသော ကိုယ်စားလှယ်လောင်းတွေထဲမှာတော့ အနောက်အုပ်စုနိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို ပွင့်လင်းတဲ့ သဘောထားပျော့ပြောင်းသူတွေ၊ လွှတ်တော်ဥက္ကဌဟောင်း အလီလာဂျာနီ၊ ဒုတိယသမ္မတဟောင်း အီရှက်ဂျာဟန်ဂီရီတိုလည်း ပါဝင်နေပါတယ်။ အီရန် ဆင်းရဲနွမ်းပါး လူတန်းစားကြားမှာ ရေပန်းစားတဲ့ သမ္မတဟောင်း မိုဟာမက်အာမက်ဒီဂျက်ကလည်း သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားသူတွေကို အီရန်ဘာသာရေးခေါင်းဆောင်…

Read More

ဟားမတ်စ်တို ဖမ်းဆီးသွားတဲ့ အစ္စရေးဓါးစာခံလေးယောက် ထပ်မံသေဆုံး

  တဲလ်အဗစ်၊ ဇွန်-၄-၂၀၂၄ မျိုးဆက်(VOM) အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ်တို ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အစ္စရေးဓါးစာခံတွေထဲက နောက်ထပ် လေးယောက်သေဆုံးခဲ့ကြောင်း အစ္စရေးတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ဂါဇာတောင်ပိုင်း ခန်းယွန်နစ်မှာ ပြုလုပ်တဲ့အစ္စရေးရဲ့စစ်ဆင်ရေးတခုအတွင်း ဟားမတ်စ်တွေနဲ့အတူရှိနေတဲ့ အစ္စရေးဓါးစာခံ လေးယောက်သေဆုံးခဲ့တာဖြစ်ပြီး အလောင်းတွေက ဟားမတ်စ်တို လက်ထဲမှာပဲရှိနေတယ်လို ဆိုပါတယ်။ သေဆုံးသူတွေကတော့ ဗြိတိန်-အစ္စရေးနိုင်ငံသား Nadav Popplewell ၊ Chaim Peri Y၊ oram Metzger ၊ Amiram Cooper တိုဖြစ်ပြီး ပြီးခဲ့တဲ့သီတင်းပတ်တွေက ထောက်လှမ်းအရေးအချက်အလက်တွေကို စုစည်းအတည်ပြုခဲ့တာလို ပြောပါတယ်။ သူတိုလေးယောက်ဟာ ဟားမတ်စ်တွေကို တိုက်ခိုက်တဲ့ စစ်ဆင်ရေးအတွင်း ခန်းယွန်နစ်မှာ အတူသေဆုံးခဲ့ကြတယ်လို အစ္စရေးစစ်တပ်တာဝန်ရှိသူကပြောပါတယ်။ ဟားမတ်စ်တိုဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်း ဓါးစာခံသုံးယောက်ရဲ့ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့ပါသေးတယ်။ ဟားမတ်စ်တိုဟာ အစ္စရေးကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ပြီးနောက် အစ္စရေးမှာ လူ ၁၂၀၀…

Read More
VOM News

FREE
VIEW