ာက်ကိုရီးယားနဲ့ စစ်ရေးသဘောတူညီချက်ကို အပြည့်အ၀ရပ်ဆိုင်းဖို တောင်ကိုရီးယား ဆုံးဖြတ်

မြေ

ဆိုးလ်၊ ဇွန်-၄-၂၀၂၄
မျိုးဆက်(VOM)

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားတိုအကြား တင်းမာမှုတွေလျှော့ချဖို ရည်ရွယ်ရရှိထားတဲ့ ၂၀၁၈ ခုနှစ် နှစ်နိုင်ငံစစ်ရေးသဘောတူညီချက်ကို တောင်ကိုရီးယားက အပြည့်အ၀ရပ်ဆိုင်းဖို ဆုံးဖြတ်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဘက်ကို မကြာသေးမီရက်တွေအတွင်း အမှိက်တွေနဲ့ အညစ်အကြေးတွေပါတဲ့ အမှိက်ထုတ်တွေကို မိုးပျံပူပေါင်းတွေနဲ့ လွှတ်တင်ပြီးနောက် တောင်ကိုရီးယားဘက်က အခုလို ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

အဲဒီသဘောတူညီချက်နဲ့ပတ်သက်ပြီး အပြန်အလှန်ယုံကြည်မှု ပြန်လည်ရတဲ့ထိ ရပ်ဆိုင်းဖို အမျိုးသားလုံခြုံရေးကောင်စီဟာ မနေ့ကပြုလုပ်တဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီဆုံးဖြတ်ချက်ကို အစိုးရအဖွဲက ဒီနေ့မှာ အတည်ပြုဖိုရှိနေပြီး သဘောတူညီချက်ကို ဆိုင်းငံ့လိုက်တာကြောင့် တောင်ကိုရီးယားအနေနဲ့ နှစ်နိုင်ငံအကြား စစ်ဘက်ဆိုင်ရာနယ်နိမိတ်မျဉ်းအနီးမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နိုင်မှာဖြစ်ကာ မြောက်ကိုရီးယားရဲ့ ရန်စမှုတွေကို ချက်ချင်းအပြည့်အ၀တုံပြန်နိုင်မယ်လို သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

မြောက်ကိုရီးယားရဲ့ပထမဆုံးသော စစ်ထောက်လှမ်းရေးဂြိုဟ်တုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်းက တောင်ကိုရီးယားဟာ နှစ်နိုင်ငံအကြားရရှိထားတဲ့ စစ်ရေးသဘောတူညီချက်ကို တစိတ်တပိုင်း ဆိုင်းငံ့ခဲ့ပြီး အဲဒီနောက်မှာတော့ ဒီစာချုပ်ကို လိုက်နာတော့မှာမဟုတ်ကြောင်း မြောက်ကိုရီးယားက တုံပြန်ခဲ့ပါတယ်။

Ref:NHK
Photo:Getty Images

Related posts

Leave a Comment

VOM News

FREE
VIEW