အိန္ဒိယနိုင်ငံမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ နိုင်ငံသား ၃၈ ယောက်ကို မြန်မာဘက်ပြန်ပို့

    ဇွန် ၊ ၁၂ ၊ ၂၀၂၄ SP (VOM) အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊ အင်ဖာမြို့ ၊ ထိန်းသိမ်းရေး အကျဥ်စခန်းမှာ အကျဥ်းကျခံနေရတဲ့ မြန်မာစစ်ရှောင်တွေက အကျဥ်းသား တချို့ကို အိန္ဒိယအာဏာပိုင်တွေက မနေ့ ဇွန် ၁၁ ရက် မနက်ပိုင်းက မိုးရေး – တမူး နယ်စပ်ဂိတ်ကနေ နစက အဖွဲ့ထံ လွဲပြောင်း ပေးအပ်ခဲ့တယ်လို့ မိုးရေးမြို့ခံ နယ်စပ်ကုန်သာ်တွေဆီက သိရပါတယ်။ အင်ဖာထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာ ၃၈ ယောက်ကို ရဟတ်ယာဥ်နဲ့ မိုးရေးကို ခေါ်လာတယ် ၊ တမူး – မိုးရေး နယ်စပ်ဂိတ်ကနေ နစက အဖွဲ့ထံ ဒုတိယအကြိမ် လွဲပေးတာဖြစ်တယ် ၊ လွဲပြောင်းပေးခံရတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂၆…

Read More

မုံရွာနယ် ထီးတော်တင်ရွာနားမှာ နစက တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေ တိုက်ပွဲဖြစ် ၊

  ဇွန် ၊ ၁၂ ၊ ၂၀၂၄ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ်နဲ့ ဘုတလင်မြို့နယ် အစပ်က ထီးတော်တင်ကျေးရွာနားမှာ မနေ့ ဇွန် ၁၁ ရက် ညနေ ၆ နာရီဝန့းကျင်က နစက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ဒေသတွင်း လက်နက်ကိုင် PDF အဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” နစက အဖွဲ့တွေနဲ့ PDF တွေ အပြန်အလှန် ပစ်ကြတယ် ၊ တရွာလုံးကြောက်လို့ ထွက်ပြေးနေရတယ် ၊ အခုထိ ရွာမပြန်နိုင်သေးဘူး ” လို့ ဒေသခံတယောက်က ပြောပါတယ်။ အဆိုပါ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒေသတွင်း လူမှုကွန်ရက်မှာ သတင်းထုတ်ပြန်ထားတာက စစ်သား ၂၀ ဦးသေဆုံးပြီး ၊ ငါးယောက်…

Read More

ယနေ့ ရွှေဈေး (ဇွန် – ၁၂ ရက်၊ ညနေ ၃ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အပိတ်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၈၆၄၁ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

မြန်မာပြည်ရဲ့ ဆင်းရဲကျပ်တည်းမှု အခြေအနေ အဆိုးဆုံး အဆင့်ကို ရောက်ရှိနေကြောင်း ကမ္ဘာ့ဘဏ်ပြော

  ဇွန် ၁၂ – ၂၀၂၄ SN (VOM) လက်ရှိ မြန်မာနိုင်ငံရဲ့ ဆင်းရဲကျပ်တည်းမှု ပြဿနာဟာ ပိုမိုဆိုးဝါးလာတဲ့ ပဋိပက္ခတွေကြောင့် ဆက်လက် ကျယ်ပြန့်လာပြီး လွန်ခဲ့တဲ့ ခြောက်နှစ်တာအတွင်း အဆိုးဆုံး အဆင့်ကို ရောက်ရှိလာတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာ ထုတ်ပြန်လိုက်တဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့မှုအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရိပ်ရိပ်တိုးလာတဲ့ ပဋိပက္ခတွေ၊ လုပ်သားရှားပါးမှု ပြဿနာတွေ၊ ငွေကြေးဖောင်းပွမှုတွေက စီးပွားရေးလုပ်ငန်း အားလုံးလိုလိုကို အကျပ်အတည်းတွေ ကြုံစေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့စီးပွားရေးကဏ္ဍ တိုးတက်မှုနှုန်းဟာ လွန်ရောကျွံရော ၁ ရာခိုင်နှုန်းထက် မပိုနိုင်ဘူးလို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကမ္ဘာ့ဘဏ်ဟာ အခု ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြန်မာ့စီးပွားရေး တိုးတက်နှုန်းကို ၁…

Read More

ယနေ့ ရွှေဈေး (ဇွန် – ၁၂ ရက်၊ နံနက် ၉ နာရီ)

Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၃၁၃ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၄၆၅၈၆၄၁ ကျပ် “လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။” ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #vom #TodayGoldprice #ရွှေစျေး

Read More

ကူဝိတ်မှာ အလုပ်သမားတွေနေတဲ့ အဆောက်အအုံ မီးလောင်မှု လူ ၄၁ ယောက်ထက်မနည်း သေဆုံး

  ကူဝိတ်စီးတီး၊ ဇွန်-၁၂-၂၀၂၄ မျိုးဆက်(VOM) ကူဝိတ်နိုင်ငံတောင်ပိုင်း မန်းဂတ်ဖ်မြို့မှာ အလုပ်သမားထိုင်ကြတဲ့ အဆောက်အအုံ တခုမီးလောင်မှုကြောင့် လူ ၄၁ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကူဝိတ်တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ အဆောက်အအုံပိုင်ဆိုင်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ လောဘဇောတိုက်မှုကြောင့် အခုလို မတော်တဆမှုဖြစ်ရတာလို့ ကူဝိတ်ဒုတိယဝန်ကြီးချုပ်က စွပ်စွဲပြောဆိုပါတယ်။ မီးလောင်မှုဟာ ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီက ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ အဆောက်အအုံအတွင်း အလုပ်သမား အများအပြားရှိနေကာ မီးလောင်မှုကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ မီးလောင်မှုကနေ အလုပ်သမားအများအပြားကို ကယ်တင်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာဖြင့် မီးခိုးငွေ့တွေရှူမိပြီး သေဆုံးခဲ့သူတွေ အများအပြားရှိခဲ့တယ်လို့ ကူဝိတ်ရဲတပ်ဖွဲ့ထိပ်တန်းတာဝန်ရှိသူကပြောပါတယ်။ အလုပ်သမားတွေ လုပ်ကိုင်တဲ့အလုပ်တွေနဲ့ သူတို့ရဲ့ မိခင်နိုင်ငံတွေကို အသေးစိတ်မသိရသေးပေမယ့် အဲဒီအဆောက်အအုံမှာ အလုပ်သမားတွေ ကြိတ်ကြိတ်တိုး နေထိုင်နေကြတာကို သတိပေးမှုများ ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။…

Read More

ဂါဇာအပစ်အခတ်ရပ်စဲရေး အဆိုပြုချက် ဟားမတ်စ်အဖွဲ့ ပြန်လည်တုံ့ပြန်

  ဂါဇာစီးတီး၊ ဇွန်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဂါဇာအပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်တဲ့ အဆိုပြုချက်ကို ဟားမတ်စ်တို့က တုံ့ပြန်ခဲ့ပြီး သဘောတူညီချက်တခုခုရရှိဖို့ ကျယ်ပြန်တဲ့လမ်းကြောင်းကို ဖွင့်ပေးထားတယ်လို့ ဟားမတ်စ်အဖွဲ့ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် အိုက်ဇက်အယ်လ်ရီရှာက ပြောပါတယ်။ အဆိုပြုချက်အပေါ် အခုလိုတုံ့ပြန်တာဟာ တာဝန်ယူမှု၊ လေးနက်မှုနဲ့ အပြုသဘောဆောင်တယ်လို့ သူကဆိုပါတယ်။ အမေရိကန်ကျောထောက်နောက်ခံပြုထားတဲ့ ဒီသဘောတူညီချက်အပေါ် တုံ့ပြန်ချက်ကို ဖြန်ဖြေသူတွေဆီ ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီအဆိုပြုချက်ထဲမှာ ပြင်ဆင်ချက်တချို့ကိုလည်း ရှာတွေ့ခဲ့တယ်လို့ သူကပြောပါတယ်။ အမေရိကန်က တွန်းအားပေးနေတဲ့ ဂါဇာစစ်ပွဲအဆုံးသတ်ရေးကို နှစ်ဘက်စလုံးက လက်ခံမှုနည်းပါးနေသေးပေမယ့် ရှစ်လကြာ စစ်ပွဲကို အဆုံးသတ်ဖို့ ခက်ခဲတဲ့ ညှိနှိုင်းမှုတွေကတော့ ဆက်လက်ရှင်သန်နေသေးပါတယ်။ အမေရိကန်နဲ့အတူ ကြားဝင်ဖြန်ဖြေပေးတဲ့ ကာတာနဲ့ အီဂျစ်တာဝန်ရှိသူတွေကလည်း အဆိုပြုချက်အပေါ် ဟားမတ်စ်တို့ရဲ့ တုံ့ပြန်မှုကို လက်ခံရရှိတယ်လို့ အတည်ပြုပြောဆိုပါတယ်။ တုံ့ပြန်ချက်မှာတော့ အပစ်အခတ်ရပ်စဲရေး၊ တပ်တွေရုပ်သိမ်းရေး၊ ပြန်တည်တည်ဆောက်ရေးနဲ့ အကျဉ်းသားလဲလှယ်ရေးတို့ကို အတည်ပြုတဲ့ ပြင်ဆင်ချက်တွေပါဝင်တယ်လို့ ဟားမတ်စ်ပြောရေးဆိုခွင့်ရှိသူ…

Read More

ကိုရီးယားခေါက်ဆွဲခြောက်ထုပ် အစပ်တွေမှာ အဆိပ်ဖြစ်နိုင်ခြေမြင့်မားတယ်ဆိုပြီး ဒိန်းမတ်မှာ ပြန်သိမ်း

  ကိုပင်ဟေဂင်၊ ဇွန်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဒိန်းမတ်အာဏာပိုင်တွေဟာ တောင်ကိုရီးယားအခြေစိုက် Samyang ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ကိုရီးယားခေါက်ဆွဲအစပ်ထုပ်တွေကို ပြန်လည်သိမ်းယူနေပြီး ဒီထဲမှာပါဝင်တဲ့ အစပ်အရသာ ကက်ပ်ဆိုင်စင်ဓါတ် ပမာဏဟာ စားသုံးသူတွေကို အန္တရာယ်ဖြစ်စေတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ Samyang ကုမ္ပဏီကထုတ်တဲ့ ခေါက်ဆွဲအစပ်ထုပ်တွေကတော့ Buldak 3x Spicy & Hot Chicken ၊ 2x Spicy & Hot Chicken နဲ့ Hot Chicken Stew ဆိုတဲ့ သုံးမျိုးဖြစ်တယ်လို့ ဒိန်းမတ်အာဏာပိုင်တွေက ပြောပါတယ်။ ဒီခေါက်ဆွဲခြောက်ထုပ်တွေကို စွန့်ပစ်ဖို့နဲ့ စျေးကွက်ထဲကနေ ပြန်လည်သိမ်းဆည်းဖို့ကို ဇွန် ၁၁ ရက်မှာ တာဝန်ရှိသူတွေက သတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ မလိုက်နာရင် ဘယ်လိုအရေးယူမလဲဆိုတာကိုတော့ ရှင်းလင်းစွာ မသိရသေးပါဘူး။ ဒီခေါက်ဆွဲခြောက်တထုပ်ချင်းစီမှာ ပါဝင်တဲ့ ကက်ပ်ဆိုင်စင် ပမာဏဟာ အလွန်မြင့်မားတာကြောင့် စားသုံးသူတွေအတွက်…

Read More

တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့လုပ်ရပ်တွေကို ဖိလစ်ပိုင်မှာ ဆန္ဒပြကန့်ကွက်မှုဖြစ်ပွား

  မနီလာ၊ ဇွန်-၁၂-၂၀၂၄ မျိုးဆက်(VOM) ဖိလစ်ပိုင် တက်ကြွလှုပ်ရှားသူနဲ့ ရာနဲ့ချီတဲ့ ငါးဖမ်းသမားတွေဟာ မနီလာရှိ တရုတ်ကောင်စစ်ဝန်ရုံးပြင်ပမှာ ဆန္ဒပြခဲ့ကြပြီး တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေဟာ ဖိလစ်ပိုင်ငါးဖမ်းသမားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်နေတဲ့အတွက် အငြင်းပွားဖွယ်ရေပြင်ကနေ တရုတ်သင်္ဘောတွေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ တရုတ်နိုင်ငံဟာ စတားဘော့သောင်ခုံအပါအဝင် တောင်တရုတ်ပင်လယ်ပြင်တခုလုံးကို ပိုင်ဆိုင်ကြောင်း အခိုင်အမာတောင်းဆိုထားသည်။ အဆိုပါကျောက်တန်းတွေဟာ ဖိလစ်ပိုင်စီးပွားရေးဇုန်အတွင်းနဲ့ ဖိလစ်ပိုင်ငါးဖမ်းသမားတွေ မိရိုးဖလာငါးဖမ်းခဲ့ကြရာနေရာဖြစ်တယ်လို့ ဖိလစ်ပိုင်ကဆိုပါတယ်။ မကြာသေးမီကာလတွေအတွင်း တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောတွေဟာ ဖိလစ်ပိုင်အစိုးရရဲ့ ထောက်ပံ့ရေးသင်္ဘောတွေကို ရေအမြှောက်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သင်္ဘောသားအများအပြား ဒဏ်ရာရရှိခဲ့ပြီး တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။ တောင်တရုတ်ပင်လယ်ရှိ ကင်းစခန်းတခုက ဖျားနာနေတဲ့ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တယောက်ကို ဆေးဝါကုသဖို့ ပြောင်းရွှေ့ရာမှာလည်း တရုတ်သင်္ဘောတွေက ပိတ်ဆို့တားဆီးခဲ့ပြီး ဒါဟာ လူမဆန်တဲ့လုပ်ရပ်လို့ ဖိလစ်ပိုင်က ရှုတ်ချပြောဆိုထားပါတယ်။ Ref:NHK…

Read More

ရုရှားသမ္မတပူတင် လာမယ့်သီတင်းပတ်မှာ မြောက်ကိုရီးယား သွားမယ်

  မော်စကို၊ ဇွန်-၁၂-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားကို သွားရောက်ဖို့ စီစဉ်နေကြောင်း ရုရှားအစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ ရုရှားအရှေ့ဖျားပိုင်းကို ပြီးခဲ့တဲ့စက်တင်ဘာလက လာရောက်ခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ ဖိတ်ကြားချက်ကို လက်ခံပြီး သွားရောက်ဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။ ခရီးစဉ်အသေးစိတ်ကို ရုရှားတာဝန်ရှိသူတွေက အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းမရှိပေမယ့် ပူတင်ဟာ လာမယ့်သီတင်းပတ်အစောပိုင်းမှာ ခရီးစဉ်စတင်မှာဖြစ်ပြီး ဗီယက်နမ်မှာလည်း ခရီးတထောက်နားမယ်လို့ ပြောပါတယ်။ ယူကရိန်းစစ်ပွဲ နှစ်နှစ်ကျော်ကာလအတွင်း ရုရှားဟာ လက်နက်ခဲယမ်းပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး မြောက်ကိုရီးယားဟာ ရုရှားကို ဒုံးကျည်တွေအပါအဝင် လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးနေတယ်လို့ အနောက်အုပ်စုနိုင်ငံတွေက စွပ်စွဲပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့လက စစ်ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ဖို့ကြိုးပမ်းမှု မအောင်မမြင်ဖြစ်ပြီးနောက် ယခုနှစ်အတွင်းမှာ ဂြိုဟ်တုသုံးလုံးလွှတ်တင်မယ်လို့ ဆိုထားတဲ့ မြောက်ကိုရီးယားကို ရုရှားကလည်း ကူညီပေးနေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။ ပူတင်ဟာ ၂၀၀၀ ပြည့်နှစ်က…

Read More
VOM News

FREE
VIEW