ကူဝိတ်မှာ အလုပ်သမားတွေနေတဲ့ အဆောက်အအုံ မီးလောင်မှု လူ ၄၁ ယောက်ထက်မနည်း သေဆုံး

 

ကူဝိတ်စီးတီး၊ ဇွန်-၁၂-၂၀၂၄
မျိုးဆက်(VOM)

ကူဝိတ်နိုင်ငံတောင်ပိုင်း မန်းဂတ်ဖ်မြို့မှာ အလုပ်သမားထိုင်ကြတဲ့ အဆောက်အအုံ တခုမီးလောင်မှုကြောင့် လူ ၄၁ ယောက်ထက်မနည်းသေဆုံးခဲ့တယ်လို့ ကူဝိတ်တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာ အဆောက်အအုံပိုင်ဆိုင်သူ ဘေးကင်းလုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ လောဘဇောတိုက်မှုကြောင့် အခုလို မတော်တဆမှုဖြစ်ရတာလို့ ကူဝိတ်ဒုတိယဝန်ကြီးချုပ်က စွပ်စွဲပြောဆိုပါတယ်။

မီးလောင်မှုဟာ ဇွန် ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီက ဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားချိန်မှာ အဆောက်အအုံအတွင်း အလုပ်သမား အများအပြားရှိနေကာ မီးလောင်မှုကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မီးလောင်မှုကနေ အလုပ်သမားအများအပြားကို ကယ်တင်နိုင်ခဲ့ပေမယ့် ကံမကောင်းစွာဖြင့် မီးခိုးငွေ့တွေရှူမိပြီး သေဆုံးခဲ့သူတွေ အများအပြားရှိခဲ့တယ်လို့ ကူဝိတ်ရဲတပ်ဖွဲ့ထိပ်တန်းတာဝန်ရှိသူကပြောပါတယ်။

အလုပ်သမားတွေ လုပ်ကိုင်တဲ့အလုပ်တွေနဲ့ သူတို့ရဲ့ မိခင်နိုင်ငံတွေကို အသေးစိတ်မသိရသေးပေမယ့် အဲဒီအဆောက်အအုံမှာ အလုပ်သမားတွေ ကြိတ်ကြိတ်တိုး နေထိုင်နေကြတာကို သတိပေးမှုများ ပြုလုပ်ခဲ့တယ်လို့ သူကဆိုပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM # ကူဝိတ် #အလုပ်သမားတန်လျား #မီးလောင်မှု #၄၁ယောက်သေ

Related posts

Leave a Comment

VOM News

FREE
VIEW