ရုရှားနဲ့မြောက်ကိုရီးယားကို လာတိုက်ခိုက်ရင် စစ်ရေးအကူအညီတွေ အပြန်အလှန်ပေးဖို့ ပူတင်နဲ့ ကင်ဂျုံအန် သဘောတူ

 

ပြုံးယမ်း၊ ဇွန်-၂၀-၂၀၂၄
မျိုးဆက်(VOM)

ရုရှားသမ္မတပူတင် မြောက်ကိုရီးယားကို လာရောက်ပြီး ကင်ဂျုံအန်နဲ့ ထိပ်သီးဆွေးနွေးပြီးနောက် ရရှိခဲ့တဲ့ အထင်ကရ သဘောတူညီချက်တွေကို မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက ဒီနေ ဇွန် ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသဘောတူညီချက်ထဲမှာတော့ မြောက်ကိုရီးယားနဲ့ရုရှားတို့အနေနဲ့ လက်နက်ကိုင်ရန်စမှုတွေ ကြုံခဲ့မယ်ဆိုရင် စစ်ရေးအကူအညီ ချက်ချင်းပေးဖို့အချက်လည်း ပါဝင်နေပါတယ်။

ပူတင်ဟာ မြောက်ကိုရီးယားကနေ ဗီယက်နမ်ကို ဆက်လက်ထွက်ခွာပြီးနောက် နာရီပိုင်းအကြာမှာ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနက အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ၁၉၆၀ ခုနှစ်တွေက ပျက်ပြယ်သွားတဲ့ ရုရှားနဲ့ အပြန်အလှန်ကာကွယ်ရေးသဘောတူညီချက်ကို ပြန်လည်အသက်ဝင်စေတဲ့ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီသဘောတူညီချက်ထဲမှာတော့ မြောက်ကိုရီးယား သို့မဟုတ် ရုရှားကို လက်နက်ကိုင်ကျူးကျော်မှုတွေကြောင့် စစ်မက်ဖြစ်ပွားမယ်ဆိုရင် စစ်ရေးနဲ့အခြားအကူအညီတွေ အပြန်အလှန်ပံ့ပိုးပေးရမယ်ဆိုတဲ့ အချက်ပါဝင်ပါတယ်။

သဘောတူညီချက်ကြောင့် ၂၀၂၂ ခုနှစ်မှာစတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲအပေါ် ဘယ်လောက်ထိ အကျိုးသက်ရောက်မယ်ဆိုတာကိုတော့ ရှင်းလင်းစွာမသိရသေးပါဘူး။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကတော့ ရုရှားနဲ့မြောက်ကိုရီးယား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နေတဲ့အပေါ် စိုးရိမ်ပူပန်နေကြပြီး ရုရှားအတွက လက်နက်တွေရောင်းချပေးနေတာဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာလို့ စွပ်စွဲထားပါတယ်။

Ref:Reuters
Photo:Reuters

#Voiceofmyanmar #VOM #ရုရှား #မြောက်ကိုရီးယား #စစ်ရေးအကူအညီ #သဘောတူညီချက်

Related posts

Leave a Comment

VOM News

FREE
VIEW