အိန္ဒိယတောင်ပိုင်းမှာ ချက်အရက်တွေသောက်ပြီး လူ ၃၄ ယောက်သေဆုံး၊ ၈၀ ကျော် ဆေးရုံရောက်

 

ဒေလီ ၊ ဇွန်-၂၀-၂၀၂၄
မျိုးဆက်(VOM)

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ အဆိပ်သင့်ချက်အရက်တွေသောက်ပြီး လူ ၃၄ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလိုသေဆုံးမှုဟာ ကာလာကူရူချီခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အရက်ပုန်းဆိုင်တွေက ချက်အရက်တွေသောက်ပြီးနောက်မှာ လူအများအပြား နေထိုင်မကောင်းစဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

အလွန်အကျွံဝမ်းလျှောခြင်းအပါအဝင် ဖျားနာမှုတွေကြောင့် လူ ၈၀ ထက်မနည်းကို ဆေးရုံပို့ထားပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လူနှစ်ယောက်ကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးနေပါတယ်။

ပြည်နယ်အတွင်းမှာ တရားမဝင်အရက်ရောင်းချမှုတွေကို မျက်ကွယ်ပြုတယ်ဆိုကာ ပြည်နယ်ထိပ်တန်း ရဲအရာရှိတယောက်နဲ့ ပြည်နယ်ထိန်းသိမ်းရေးအဖွဲ့က ၁၀ ယောက်ကို ပေါ့ဆမှုနဲ့ တာဝန်တွေကနေ ဆိုင်းငံ့ထားပါတယ်။

အိနိ္ဒယနိုင်ငံမှာ လမ်းဘေးချက်အရက်တွေသောက်ပြီး နှစ်စဉ်နှစ်တိုင်း လူဒါဇင်ချီသေဆုံးလေ့ရှိပါတယ်။ အရက်ချက်သူတွေဟာ အရက်ထဲမှာ မက်သနောကိုလည်း ထည့်လေ့ရှိကြပြီး မက်သနောဟာ သောက်သုံးမိပါက မျက်စိကွယ်တာ၊ အသည်းပျက်စီးတာနဲ့သေဆုံးမှုကို ဖြစ်ပေါ်စေတတ်ပါတယ်။

Ref:BBC
Photo:BBC/ANI
#Voiceofmyanmar #VOM #အိန္ဒိယ #တမီလ်နာဒူပြည်နယ် #ချက်အရက်သောက်သုံးမှု #လူ၃၀ကျော်သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW