အီရန်တော်လှန်ရေး အစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် ကနေဒါ ကြေညာ

 

တိုရွန်တို ၊ ဇွန်-၂၀-၂၀၂၄
မျိုးဆက်(VOM)

ကနေဒါအတိုက်အခံ အမတ်တွေနဲ့ အီရန်နိုင်ငံသားတချို့ရဲ့ နှစ်ပေါင်းများစွာ ဖိအားပေးခံရပြီးနောက် ကနေဒါအစိုးရဟာ အီရန်တော်လှန်ရေးအစောင့်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ပါတယ်။

အခုလို သတ်မှတ်ကြေညာလိုက်တာဟာ ကမ္ဘာ့အကြမ်းဖက်တိုက်ဖျက်ရေးမှာ အရေးပါတဲ့ ယန္တယားတခုဖြစ်တယ်လို့ ကနေဒါ အများပြည်သူဘေးကင်းလုံခြုံရေးဆိုင်ရာဝန်ကြီး ဒေါမနစ်လီဘလန့်က ပြောပါတယ်။

ကနေဒါအစိုးရရဲ့ အခုလိုသတ်မှတ်ကြေညာလိုက်တာကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် ထိပ်တန်းတာဝန်ရှိသူတွေအပါအဝင် အီရန်အစိုးရထိပ်တန်းတာဝန်ရှိသူတွေအနေနဲ့ ကနေဒါနိုင်ငံကို ဝင်ရောက်ခြင်းကို တားမြစ်ခံရမှာဖြစ်ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဟာ အီရန်ရဲ့ အဓိကစစ်ရေး၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အဓိကအင်အားစုဖြစ်ပြီး အီရန် ဘာသာရေးခေါင်းဆောင် ခါမေနီနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။

ကနေဒါဟာ အီရန်ရဲ့ ကွပ်ဒ်တပ်ဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခဲ့ပြီးဖြစ်ပေမယ့် လက်ရှိကြေညာချက်ကတော့ အီရန်တော်လှန်ရေးအစောင့်တပ်တခုလုံးကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

အီရန်ဟာ ဗျူဟာမြောက်လက်နက်တွေကို ကြီးကြပ်ကွပ်ကဲတဲ့ ကြည်းတပ်း၊ လေတပ်နဲ့ လေတပ်မှာ တပ်ဖွဲ့ဝင်ပေါင်း တသိန်းကိုးသောင်းကျော်ရှိပါတယ်။ အီရန်တော်လှန်ရေးအစောင့်တပ်ဟာ ငွေကြေး၊ လက်နက်၊ နည်းပညာ၊ လေ့ကျင့်ရေးနဲ့ အကြံဉာဏ်တွေကို မဟာမိတ်နိုင်ငံတွေနဲ့လက်နက်ကိုင်အဖွဲ့တွေကို ပံ့ပိုးပြီး အရှေ့အလယ်ပိုင်းမှာ ဩဇာထူထောင်နေပါတယ်။

Ref:BBC
Photo:AFP

#Voiceofmyanmar #VOM #အီရန် #တော်လှန်ရေးအစောင့်တပ် #အကြမ်းဖက်အဖွဲ့ #ကနေဒါ #ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW