မိုးကုတ်တိုက်ပွဲကြောင့် မန္တလေးဘက်စစ်ရှောင်လာသူထဲက ခြောက်ယောက် လက်နက်ထိမှန်ဒဏ်ရာရ

  ဇွန် ၃၀ – ၂၀၂၄ GG (VOM ) မိုးကုတ်မြို့အရှေ့ပိုင်းနဲ့အနောက်ပိုင်းမှာပါတိုက်ပွဲတွေဖြစ်ပွားလာတာကြောင့် စစ်ရှောင်ဖို့ထွက်လာတဲ့ ကားတစီးနဲ့ ဆိုင်ကယ်စီးနင်းသူအချို့ လက်နက်ကျည်ထိမိကာ ခြောက်ယောက် ထိခိုက်ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။ ” ဒီနေ့ကစစ်ရှောင်ဖို့ဆိုပြီးကားတွေရာနဲ့ချီထွက်ကြတဲ့အထဲမှာ ကားတစီးပစ်ခံရတာပါ၊ ကားတစီးထိတာမှာ အမေဖြစ်သူက ခြေသလုံးထိမှန်ပြီးမစိုးရိမ်ရပေမယ့် ကောင်မလေးက ခါးကိုဖောက်ထွက်လို့စိုးရိမ်ရတယ်ကြားတယ်၊ အခုဇရပ်ကွင်းဆေးရုံမှာကုသမှုခံယူနေတယ်၊အဲ့ဒီကားနောက်မှာပါလာတဲ့ဆိုင်ကယ်လည်းပစ်ခံရပြီးလေယာက်ထိတယ်သိရတယ်၊အခုအခြေအနေက စစ်ရှောင်ကားတွေ ထွက်ခွင့်ရတဲ့ကားရှိသလိုခုထိပိတ်မိနေတဲ့ကားတွေလည်းရှိကြတယ်၊ပြန်လှည့်ရတာတွေလည်းရှိတယ်၊အခြေအနေက မတည်ငြိမ်ဘူး ” လို့ အနောက်ပိုင်းဒေသခံတယောက်ကပြောပါတယ်။ မိုးကုတ်မြို့အနောက်ပိုင်းအပြင်မနေ့ကစပြီး မိုးကုတ်မြို့ အရှေ့ပိုင်းမှာပါ TNLA ၊ PDF ပူးပေါင်းတပ်နဲ့ နစကတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားလာပြီး လေကြောင်းပစ်ခတ်မှု၊ဒရုန်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုတွေ ရှိတာကြောင့် မြို့ခံတွေက ဒီနေ့ ဇွန်လ ၃၀ ရက်မှာ မြို့ကိုစွန့်ပြီး စစ်ရှောင်ဖို့ ကြိုးစားလာကြတာဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့မှာမိုးကုတ်မြို့ကနေ စစ်ရှောင်ဖို့အတွက် ထွက်လာတဲ့ ကားအစီးရေရာနဲ့ချီရှိပြီး မနက်အစောပိုင်း ကားအချို့သာ မိုးကုတ်ကနေထွက်ခွင့်ရပြီး ရာနဲ့ချီတဲ့ ကားအစီးရေကတော့ခုချိန်ထိ အနောက်ပိုင်း…

Read More

မတ္တရာမြို့နယ်မှာ နယ်မြေမအေးချမ်းပေမယ့် တောင်ပြုံးပွဲတော်ကို လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်

  မန္တလေး၊ ဇွန်- ၃၀- ၂၀၂၄ SA(VOM) မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တကျောမှာ နယ်မြေ အခြေအနေတွေ မတည်ငြိမ်ပေမယ့် တောင်ပြုံးကြီးကျေးရွာက အနော်ရထာမင်းတည်ထားကိုယ်းကွယ်ခဲ့တဲ့ ဆုတောင်းပြည့် ဆုတောင်းရစေတီဘုရားပွဲတော်နဲ့တောင်ပြုံးမင်းနှစ်ပါးပူဇော်ပွဲကို ဝါခေါင်လဆန်း ၈ ရက်နေ့ကစတင်ပြီး လုံခြုံရေးအပြည့်နဲ့ ကျင်းပသွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီကနေ သိရပါတယ်။ ” ဆိုင်ခန်းတချို့တောင် နေရာယူထားတာတွေ လုပ်နေကြပါပြီ၊ ကိုဗစ်ကာလတွေမှာလည်း ပွဲတော်ကို အကျဥ်းရုံးပြီး ကျင်ပခဲ့တော့ ၂၀၂၃ ခုနှစ် ပွဲတော်ကို ပြန်လည်ကျင်းပတဲ့နှစ်မှာလည်း လူစည်ကားခဲ့ပါတယ်။ တောင်ပြုံးနယ်မြေတဝိုက်မှာတော့ နယ်မြေအေးချမ်းပါတယ်။ လက်ရှိတိုက်ပွဲဖြစ်နေတာတွေက မတ္တရာမြို့နဲ့ မြောက်ဘက်ခြမ်းက ရွာတွေမှာပဲ ဖြစ်နေတာပါ၊ လုံခြုံးရေး အတွင်းစည်း၊ အပြင်စည်း နှစ်ထပ်ချပြီး ပွဲတော်ကို ကျင်းပသွားမှာပါ” လို့ တောင်ပြုံးကြီးကျေးရွာ ပွဲတော်ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးအောင်က VOM ကိုပြောပါတယ်။ တောင်ပြုံးနယ်တဝိုက်မှာရှိတဲ့ ကျေးရွာ ၈ ရွာက…

Read More

နိုင်ဂျီးရီးယား ဘော်နိုပြည်နယ်မှာ ပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပွားလို့ ၁၈ ယောက်သေပြီး ၃၀ ကျော်ဒဏ်ရာရ

  အဘူဂျာ၊ ဇွန်-၃၀-၂၀၂၄ မျိုးဆက်(VOM) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ဘောနိုပြည်နယ်မှာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားမှုကြောင့် လူ ၁၈ ယောက်သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ ပေါက်ကွဲမှုတွေထဲမှာ မင်္ဂလာဆောင်အခမ်းအနားတခုကို တိုက်ခိုက်တာလည်းပါဝင်ပြီး လူခြောက်ယောက်သေဆုံးခဲ့ပြီး သံသယဖြစ်ဖွယ် ဗုံးခွဲတိုက်ခိုက်မှုဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်ကြောင်း ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ ပြည်နယ်တွင်းရှိ ဂဝိုဇာမြို့မှာ မင်္ဂလာဆောင်၊ အသုဘအခမ်းအနားနဲ့ ဆေးရုံတွေကို အသေခံဗုံးခွဲသမားလို့ သံသယရှိသူတွေက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကလေး၊ လူကြီးနဲ့ ကိုယ်ဝန်ဆောင်တွေပါ သေဆုံးခဲ့ တယ်လို့ ပြည်နယ်အရေးပေါ် စီခံခန့်ခွဲမှု အေဂျင်စီက ထုတ်ပြန်ပါတယ်။ ဂဝိုဇာမြို့ကို ၂၀၁၄ ခုနှစ်မှာ ဘိုကိုဟာရမ်စစ်သွေးကြွတွေက သိမ်းပိုက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ နိုင်ဂျီးရီးယားတပ်ဖွဲ့တွေက ပြန်လည်သိမ်းပိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ ဘိုကိုဟာရမ်အဖွဲ့ဟာ မြို့အနီးမှာ တိုက်ခိုက်မှုနဲ့ ပြန်ပေးဆွဲမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့…

Read More

ရခိုင်ပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပိုမိုယိုယွင်းလာ

  ဇွန် ၃၀- ၂၀၂၄ SN (VOM) ရခိုင်ပြည်နယ် (မြောက်ပိုင်း) က မြို့ သုံးမြို့မှာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်တဲ့အတွက် ဒေသခံတွေအနေနဲ့ အခက်တွေ့နေရပြီး ပိုမိုယိုယွင်းလာတယ်လို့ ပြောဆိုကြပါတယ်။ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) အနေနဲ့ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင် မြို့တို့မှာ ကျန်းမာရေးစောင့်ရှောင့်မှုတွေ ရပ်ဆိုင်းလိုက်တာဖြစ်ပြီး ပဋိပက္ခတွေ ပိုမိုပြင်းထန်လာခြင်း၊ အရပ်သားတွေကို ထိခိုက်စေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကန့်သတ်ချက် များစွာ ရှိနေခြင်းတို့ကြောင့် ရပ်တန့်လိုက်ရတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အခုလို MSF ရဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်ဆိုင်းသွားခြင်းနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် (မြောက်ပိုင်း) ရှိ ဒေသခံတယောက်က “ကျန်းမာရေး စောင့်ရှောက်မှုက ဒီလို ပဋိပက္ခတွေ၊ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန်မှာ ပိုပြီး…

Read More

တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ပြန်လည်ထုတ်လုပ်မယ်လို့ ရုရှားသမ္မတ ပူတင်ပြော

  မော်စကို၊ ဇွန်-၃၀-၂၀၂၄ မျိုးဆက်(VOM) ရုရှားအနေနဲ့ တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ထုတ်လုပ်တာကို ပြန်လည်စတင်ဖို့လိုအပ်ပြီး ဘယ်နေရာမှာ ဖြန့်ကြက်ချထားမယ်ဆိုတာ စဉ်းစားဖို့လိုပြီလို့ ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီအဆိုပြုချက်ဟာ စစ်ရေးလေ့ကျင့်ဖို့အတွက် ဒိန်းမတ်အပါအဝင် အခြားနိုင်ငံတွေကို တာတိုနဲ့ တာလတ်ပစ်ဒုံးကျည်တွေ ယူဆောင်လာတဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို တန်ပြန်အရေးယူဖို့ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ သမ္မတပူတင်ကပြောပါတယ်။ ဒါဟာ ယူကရိန်းကို စစ်ရေးထောက်ပံ့မှုတွေပေးနေတဲ့ အနောက်အုပ်စုနိုင်ငံတွေကို ဖိအားပေးထိန်းချုပ်ဖို့ ဒါကိုခုတုံးလုပ်တာဖြစ်တယ်လို့ စစ်ပွဲလေ့လာရေးအင်စတီကျုက သုံးသပ်ပြောဆိုပါတယ်။ တာလတ်ပစ်နျူကလီးယားထိန်းချုပ်ရေး စာချုပ်အရ အမေရိကန်နဲ့ ရုရှားတို့ဟာ အကွာအဝေး ကီလိုမီတာ ၅၀၀ မှ ၅၅၀၀ အတွင်းပစ်ခတ်နိုင်တဲ့ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေကို ပိုင်ဆိုင်ခြင်း၊ သို့မဟုတ် ထုတ်လုပ်ခြင်း သို့မဟုတ် စမ်းသပ်ခြင်းမပြုဖို့ တားမြစ်ထားပါတယ်။ ဒီသဘောတူညီချက်ကတော့ နှစ်နိုင်ငံအကြား ၂၀၁၉ ခုနှစ်မှာ သက်တမ်းကုန်ဆုံးခဲ့ပါတယ်။ ရုရှားကတော့…

Read More

This Day in History

  Voice of Myanmar အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံနှုတ်ဆက်ရန်အတွက် ၂၀၁၉ ခုနှစ် ဇွန် ၃၀ ရက်တွင် တောင်ကိုရီးယားနယ်စပ်မှတဆင့် မြောက်ကိုရီးယားဘက်ခြမ်းသို့ ဝင်ရောက်ခဲ့ပြီး ၎င်းသည် မြောက်ကိုရီးယားပိုင်နက်နယ်မြေသို့ ရောက်ရှိခဲ့သည့် ပထမဆုံးသော အမေရိကန်သမ္မတဖြစ်သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June30

Read More
VOM News

FREE
VIEW