ဘင်္ဂလားဒေ့ရှ် အရှေ့မြောက်ပိုင်းမှာ ပြည်သူနှစ်သန်းကျော် ရေဘေးသင့်၊ အခြေအနေ ပိုမိုဆိုးရွားလာနိုင်

  ဒါကာ ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမှာ မုတ်သုံမိုးရွာသွန်းမှုနဲ့ မြစ်ညာကနေ ရေတွေကြောင့် ဘင်္ဂလားဒေရှ် အရှေ့မြောက်ပိုင်းမှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားပြီး လူ နှစ်သန်းကျော် ရေဘေးသင့်နေပြီး အခြေအနေ ပိုမိုဆိုးရွားလာနိုင်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးငယ် ခုနှစ်သိန်း ခုနှစ်သောင်းကျော်အပါအဝင် ပိတ်မိနေသူတွေအတွက် အကူအညီတွေ အရေးပေါ်လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)က ပြောပါတယ်။ ကလေးသူငယ်တွေအနေနဲ့ ရေနစ်တာ၊ အာဟာရချို့တဲ့တာ၊ ရေကြောင့်ဖြစ်တဲ့ရောဂါတွေနဲ့ အိုးမဲ့အိမ်မဲ့အခြေအနေကြောင့် အခြေခံကျန်းမာရေး လိုအပ်ချက်ရှိလာနေပြီး အန္တရာယ်မြင့်မားနေကြောင်း ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ယူနက်ဆက်ဖ် ဌာနကိုယ်စားလှယ် ရှယ်ဒန်ယတ်က ပြောပါတယ်။ လာမယ့်ရက်အနည်းငယ်အတွင်း အဲဒီဒေသမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ကုန်မြင့်ဒေသတွေမှာ မြေပြိုမှုတွေ ပိုမိုဆိုးရွားလာနိုင်ကြောင်း ဘင်္ဂလားဒေ့ရှ် မိုးလေဝသဌာနက သတိပေးထုတ်ပြန်ထားပါတယ်။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်း ဒုက္ခသည်စခန်းတွေမှာလည်း မုတ်သုံမိုးရွာသွန်းမှုကြောင့် ရိုဟင်ဂျာရှစ်ယောက်အပါအဝင် လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အိမ်နီးချင်း…

Read More

ယူကရိန်း စွမ်းအင်စက်ရုံတွေကို ရုရှားက အကြီးအကျယ်တိုက်ခိုက်ပြန်

  ကိဗ်ယက်၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက်(VOM) ရုရှားဟာ ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုအဖြစ် စွမ်းအင်စက်ရုံအများအပြားကို ညလုံးပေါက် အကြီးအကျယ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။ .ယခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ရှစ်ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်းဖြစ်တယ်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရုရှားဟာ ယူကရိန်း ဒေသအတော်များများကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၂ စင်းနဲ့ ဒရုန်း ၁၃ စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် စွမ်းအင်လုပ်သား နှစ်ယောက် ဒဏ်ရာရခဲ့ပြီး လာဗစ်မြို့မှာလည်း စွမ်းအင်အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ အိုင်ဗန်နို-ဖရန်ကစ်ဗ်ဒေသမှာတော့ နေအိမ်တွေနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ရုရှားဟာလည်း နွေဦးရာသီကတည်းက ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယူကရိန်းနိုင်ငံတွင်းမှာ မကြာခဏဆိုသလို…

Read More

ဂါဇာရှိ နိုင်ငံတကာကြက်ခြေနီအဖွဲ့ရုံးအနီး အစ္စရေးရဲ့တိုက်ခိုက်မှု ၂၂ ယောက်သေပြီး ၄၅ ယောက်ဒဏ်ရာရ

  ဂါဇာစီးတီး၊ ဇွန်-၂၂-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြှောင်ဒေသရှိ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရုံးခန်းတွေ ပျက်စီးခဲ့ပြီး ရုံးဧရိယာမှခိုလှုံနေသူ ၂၂ ယောက်သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ရဲ့ ရုံးခန်းနဲ့နေအိမ်တွေရဲ့ မီတာအနည်းငယ်အကွာမှာ ဒုံးကျည်တွေ အပြင်းအထန် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ထုတ်ပြန်ပါတယ်။ အရပ်သားတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အဆောက်အအုံတွေကို ကာကွယ်ဖို့ ပဋိပက္ခမှာ ပါဝင်နေသူတွေ အကုန်တာဝန်ရှိတယ်လို့ ပြောပါတယ်။ အစ္စရေးစစ်တပ်ကတော့ အဲဒီနေရာမှာ တိုက်ခိုက်မှုလုပ်တဲ့ အခြေအနေတွေမရှိဘူးလို့ အစီရင်ခံစာရပေမယ့် ဒီဖြစ်စဉ်ကို ပြန်လည်သုံးသပ် စုံစမ်းဆဲဖြစ်တယ်လို့ ပြောပါတယ်။ ပါလက်စတိုင်း လုပ်ဖော်ကိုင်ဖက် အတော်များများအပါအဝင် ရာနဲ့ချီတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေရဲ့ တဲတွေဝန်းရံထားတဲ့ အဆောက်အအုံနဲ့ ရုံးခန်းနေရာတွေဟာ တိုက်ခို်ကမှုကြောင့် ပျက်စီးခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် အနီးနားက ကြက်ခြေနီဆေးရုံမှာ ထိခိုက်သေဆုံး ဒဏ်ရာရသူတွေ အစုလိုက်အပြုံလိုက်ရောက်လာပြီး ၂၂…

Read More

နျူစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ရောက်ရှိနေ

  ဆိုးလ် ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက်(VOM) နျူကလီးယားစွမ်းအင်သုံး အမေရိကန် လေယာဉ်တင်သင်္ဘော သီအိုဒိုရုစဗဲ့ဟာ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့အတူ စစ်ရေးလေ့ကျင့်ဖို့ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းကို ဒီနေ့ ဇွန် ၂၂ ရက်မှာ ရောက်ရှိနေပြီဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ တရုတ်နိုင်ငံရဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ တောင်းဆိုမှုတွေနဲ့ ရန်လိုပြီး ဘေးမကင်းတဲ့ လုပ်ရပ်တွေ မြင့်တက်နေချိန်မှာ သုံးနိုင်ငံစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အတွက်း အခုလို လေယာဉ်တင်သင်္ဘောရောက်ရှိလာတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းက အမေရိကန်မှာပြုလုပ်တဲ့ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ အခုလို နှစ်စဉ်စစ်ရေးလေ့ကျင့်ဖို့ နှစ်ဘက်အကြား သဘောတူခဲ့ကြတာဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို ဆက်လက်ဟန့်တားမှုကို ပြသတဲ့အနေနဲ့ အခြေားအမေရိကန်လေယာဉ်တင်သင်္ဘောဖြစ်တဲ့ ကားလ်ဗင်ဆင် တောင်ကိုရီးယားကို လာရောက်ခဲ့ပြီးနောက် ခုနှစ်လအကြာမှာ သီအိုဒိုရုစဗဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော အခုလိုရောက်ရှိလာတာဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်ဟာ ယခုသီတင်းပတ်အတွင်းက ၂၄ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားကို…

Read More

တရုတ်တောင်ပိုင်း ရေဘေး သေဆုံးသူ ၃၈ ယောက်ထိ မြင့်တက်လာ

  ပေကျင်း ၊ ဇွန်-၂၂-၂၀၂၄ မျိုးဆက် (VOM) တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ဒေါင်းပြည်နယ်မှာ ယခုသီးတင်းပတ်အတွင်းမှာ ဖြစ်ပွားနေတဲ့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ၃၈ ယောက်ထိ ရှိလာကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ ယခုနှစ်အတွင်း ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပြီး နိုင်ငံမြောက်ပိုင်းမှာ အပှုလှိုင်းဖြတ်နေပြီး တောင်ပိုင်းမှာတော့ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေဖြစ်ပွားနေပါတယ်။ လူဦးရေထူထပ်တဲ့ ဂွမ်ဒေါင်းပြည်နယ်မှာလည်း စံချိန်တင်မိုးရွာသွန်းမှုတွေကြောင့် ဖြစ်ပွားခဲ့တဲ့ သဘော၀ဘေးအန္တရာယ်တွေမှာ ရာသီဥတုအခြေအနေတွေကြောင့် ရှာဖွေကယ်ဆယ်ရေးတွေ အခက်အခဲဖြစ်နေတယ်လို့ ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။ မိုးရွာသွန်းမှုတွေကြောင့် အိမ်ပေါင်း ငါးသောင်းငါးထောင်ကျော် ရေဘေးသင့်ခဲ့ပြီး ဒီထဲက အိမ်ခြေ၂၂၀၀ နဲ့ လမ်းတံတားအဆောက်အဦ ၄၇၀၀ နီးပါးပြိုကျပျက်စီးခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီသတင်းဌာနက ရေးသားဖော်ပြထားပါတယ်။ လက်ရှိရေဘေးကြောင့် စီးပွားရေးအပေါ်တိုက်ရိုက်သက်ရောက်ပြီး ပျက်စီးဆုံးရှုံမှုတန်ဖိုး ဒေါ်လာ ၈၀၅ ဒသမ ၇ သန်းရှိနေပြီး အရေးပေါ်…

Read More

This Day in History

Voice of Myanmar ဂျာမနီသည် ၁၉၃၉ ခုနှစ် ဂျာမန်-ဆိုဗီယက် မကျူးကျော်ရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၁ ခုနှစ် ဇွန် ၂၂ ရက်တွင် ကျူးကျော်တိုက်ခိုက်ခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #June22

Read More

အမ်းနဲ့ သံတွဲမှာ လက်နက်ကြီး ကြောင့် အရပ်သားမိသားစုနှစ်စုက ခြောက်ယောက်သေ၊လေးယောက်ဒဏ်ရာရ

  ဇွန် ၂၀ -၂၀၂၄ GG (VOM) ရခိုင်ပြည်၊ အမ်းမြို့နယ်နဲ့ သံတဲဲမြို့နယ်ထဲက ကျေးရွာတွေထဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားပြည်သူမိသားစုဝင် ခြောက်ယောက်သေဆုံးခဲ့ရပြီး လေးယောက်လည်းထိခိုက်ဒဏ်ရာရရှိခဲ့နယ်လို့သိရပါတယ်။ အမ်းမှာက ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ သဲကမ်းထောင်းရွာထဲကို လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကြောင့် အသက် ၄ နှစ်အရွယ် မောင်နေမိုးထက် ၊အသက် ၁၇ နှစ်အရွယ် နဲ့ အသက် ၂၅ နှစ်အရွယ် ကိုသန်းဝင်းနိုင်တို့ သေဆုံးခဲ့ကြပြီး အသက်၄၅ နှစ်အရွယ် ဦးမောင်ပု နဲ့အသက် ၆၈ နှစ်အရွယ် ဒေါ်မယဉ်အေးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။ ” လက်နက်ကြီးကျလို့ သုံး​ယောက်ကပွဲချင်းပြီးဆုံးတယ်၊နှစ်ယောက်ကဒဏ်ရာရတယ်။တခြားရွာဘက်တွေလည်းအိမ်ပျက်စီးတာတွေရှိခဲ့တယ်။ လက်နက်ကြီးပစ်ခတ်မှုတွေကတော့ရှိနေတယ်၊ ကဇုကိုင်းတောဟိန်းတောင်ဗျူဟာကုန်းဘက်မှာတိုက်ပွဲတွေကဖြစ်နေတာ၊လေယာဥ်ကွင်းဘက်လည်းလက်နက်ကြီးသံတွေကြားနေရတယ် ” လို့အမ်းဒေသခံတယောက်ကပြောပါတယ်။ တိုက်ပွဲကြောင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူနဲ့ဒဏ်ရာရသူတွေရှိခဲ့တဲ့အပြင် ဆင်ဦးတိုက်ရွာက ဘုန်းကြီး ကျောင်းလည်း ပျက်စီးသွားသလို တိုက်ပွဲဖြစ်ပွားနေတဲ့ ကဇုကိုင်းရွာမှာလည်းလက်နက်ကြီးကြောင့်…

Read More

ထိုင်း-မြန်မာနယ်စပ်ရှိ ဘုရားသုံးဆူဂိတ်တွေ ယာယီပိတ်ထားတဲ့အတွက် ပို့ကုန်၊ သွင်းကုန် အခက်ကြုံ

  ဇွန် ၂၀ – ၂၀၂၄ SN (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မြန်မာ – ထိုင်းနယ်စပ်၊ ဘုရားသုံးဆူမြို့မှာရှိတဲ့ နယ်စပ်ဂိတ်တွေကို ယာယီပိတ်ထားတဲ့အတွက် ကုန်ပစ္စည်း တင်ပို့၊ တင်သွင်းမှု အခက်ကြုံနေရတယ်လို့ ကုန်တင်ယာဉ်မောင်း‌တွေနဲ့ ကုန်သည်တွေက ပြောပါတယ်။ ဘုရားသုံးဆူဂိတ်ကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့၊ မနက်ပိုင်းမှစတင်ကာ မြန်မာဘက်ကနေ ယာယီပိတ်လိုက်တာဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့် ရက်ကိုလည်း အတိအကျ မသိရသေးဘူးလို့ ကုန်တင်ယာဉ်မောင်းတယောက်က ပြောပါတယ်။ “ဘာကြောင့် ပိတ်တယ်ဆိုတာလည်း မသိရဘူး။ တရားဝင် ထုတ်ပြန်ကြေညာတာမျိုးလည်း မရှိဘူး။ ဂျပန်ရေတွင်းဘက်က ဂိတ်ကိုလည်း ပိတ်ထားတယ်။ ဘယ်တော့ပြန်ဖွင့်မယ် မသိသေးတော့ လုပ်ငန်းလည်း နားထားရတယ်။ ပိတ်တာ အချိန်မကြာဖို့ဘဲ မျှော်လင့်ရတယ်” လို့ သူက ပြောပါတယ်။ ကုန်သည်တွေကတော့ မြန်မာ – ထိုင်းနယ်စပ် မြဝတီမြို့မှာ…

Read More

လားရှိုးမှာ ကောက်ရတဲ့ လက်ပစ်ဗုံး ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး လေးယောက် ဒဏ်ရာရ

  ဇွန် ၂၁၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၇၊ နယ်မြေ ၆၊ လမ်းသွယ် ၂၉ မှာ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နေ့လယ်က ကောက်ရတဲ့ လက်ပစ်ဗုံး ဆော့ကစားရာက ပေါက်ကွဲပြီး ကလေး လေးယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “မနေ့က ၁၂ နာရီ ကျော်လောက်က ဖြစ်တာ။ လေးယောက်ထဲမှာ ဒဏ်ရာ ပြင်းထန်တာက ရှမ်း ကလေး လေး ဟုတ်တယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။ နေ့လယ် ကျောင်းဆင်းချိန် ကလေး တယောက်က ဘယ်ကနေယူလာမှန်း မသိပဲ လမ်းမကြီးပေါ်လာ ဆော့နေတော့ ကလေးတွေက ဝိုင်းကြည့်ကြတာကို ဆော့နေတဲ့…

Read More

မိုးစပါးကို သီးနှံအာမခံထားမှ စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမယ်ဆိုပေမယ့် လယ်သမားတွေ အာမခံမထားလို

  ဇွန် ၂၀ – ၂၀၂၄ GG (VOM) မိုးစပါးရာသီမှာ မြန်မာ့ဖွံ့ဖြိုးရေးဘဏ်ကနေ ထုတ်ချေးပေးနေတဲ့ ချေးငွေကိုရယူမယ့် တောင်သူတွေအနေနဲ့ ရာသီဥတုညွှန်းကိန်းအခြေပြုသီးနှံအာမခံထားရှိမှသာ ချေးငွေထုတ်ချေးပေးမယ်ဆိုတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့သိရပါတယ်။ ဆောင်းသီးနှံတုန်းက အာမခံကြေးမှာ ချေးငွေရဲ့ ၁ ရာခိုင်နူန်းသာကောက်ခံခဲ့လို့ တဧကကို ၁၀၀၀ ကျပ်သာရှိပေမယ့် မိုးစပါးသီးနှံအာမခံကြေးကတော့ ချေးငွေရဲ့ ၂ ရာခိုင်နူန်းတိုးမြင့်ကောက်ခံတဲ့အတွက် တဧကကို ၃၀၀၀ ကျပ်ဖြစ်လို့ လယ် ဆယ်ဧကရှိသူဟာ အာမခံအတွက် ငွေကျပ် ၃၀၀၀၀ ပေးသွင်းရမှာဖြစ်ပါတယ်။ အာမခံထားရှိမှုနဲ့ပတ်သက်ပြီး မြန်မာ့ဖွံ့ဖြိုးရေးဘဏ်က တောင်သူတွေသိရှိနားလည်အောင် ရှင်းလင်းပြောဆိုတာမျိုးမရှိဘဲ သီးနှံအာမခံထားမှသာ ချေးငွေထုတ်ချေးပေးမယ်ဆိုပြီး ပြောဆိုလာတာကြောင့် တောင်သူတွေအဆင်မပြေတဲ့အတွက် ဝေဖန်ပြောဆိုမှုရှိနေတာဖြစ်ပါတယ်။ ” မနှစ်က ဆောင်းချေးငွေတုန်းကတထောင်ပဲကောက်ပြီးအခုကျတဧက၃၀၀၀ဆိုတော့ များသွားပြီ၊ကောက်ပြီးရင်ဘယ်လို အခြေနေမှာလျော်ကြေးရမယ်ဘာညာလည်းဘယ်သူမှမပြောပြဘူးလေ၊ဒီတော့ ကျွန်တော်တို့ကအလကားပေးနေရသလိုချည်းဖြစ်နေတာပေါ့။ ဒီတဧက၃၀၀၀ မှမပေးရင် ချေးငွေမရဘူးဆိုတော့ ခက်နေတာပေါ့။ ဒီချေးငွေကတောင်သူတွေအတွက် မထိရောက်ပေမယ့်လည်း အတိုးသက်သာတော့လိုချင်တဲ့သဘောပါ ၊ခုတော့ဘယ်လိုလုပ်ရမလဲမသိသေးဘူး…

Read More
VOM News

FREE
VIEW