ယူကရိန်း စွမ်းအင်စက်ရုံတွေကို ရုရှားက အကြီးအကျယ်တိုက်ခိုက်ပြန်

 

ကိဗ်ယက်၊ ဇွန်-၂၂-၂၀၂၄
မျိုးဆက်(VOM)

ရုရှားဟာ ယူကရိန်းရဲ့ မဟာဓါတ်အားလိုင်းကို ပစ်မှတ်ထားတိုက်ခိုက်မှုအဖြစ် စွမ်းအင်စက်ရုံအများအပြားကို ညလုံးပေါက် အကြီးအကျယ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောပါတယ်။

.ယခုတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ သုံးလအတွင်း ယူကရိန်းစွမ်းအင် အခြေခံအဆောက်အအုံတွေကို ရှစ်ကြိမ်မြောက် တိုက်ခိုက်ခြင်းလည်းဖြစ်တယ်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ရုရှားဟာ ယူကရိန်း ဒေသအတော်များများကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားဘက်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် ၁၂ စင်းနဲ့ ဒရုန်း ၁၃ စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စွမ်းအင်လုပ်သား နှစ်ယောက် ဒဏ်ရာရခဲ့ပြီး လာဗစ်မြို့မှာလည်း စွမ်းအင်အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။ အိုင်ဗန်နို-ဖရန်ကစ်ဗ်ဒေသမှာတော့ နေအိမ်တွေနဲ့ စာသင်ကျောင်းတကျောင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

ရုရှားဟာလည်း နွေဦးရာသီကတည်းက ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံတွေကို ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေပြီး ယူကရိန်းနိုင်ငံတွင်းမှာ မကြာခဏဆိုသလို လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးကတော့ ယူကရိန်းရဲ့စွမ်အင်စနစ်တွေကို ကာကွယ်ဖို့နဲ့ အချိန်မီတည်ဆောက်ဖို့ ကူညီဖို့နဲ့ ခေတ်မီတဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ အချိန်မီပေးဖို့ အနောက်နိုင်ငံမဟာမိတ်တွေကို တောင်းဆိုထားပါတယ်။

Ref:BBC
Photo:Reuters/CNN

#Voiceofmyanmar #VOM #ရုရှား #ယူကရိန်း #စွမ်းအင်စက်ရုံ #တိုက်ခိုက်မှ

Related posts

Leave a Comment

VOM News

FREE
VIEW