မော်လိုက်မှာမြို့ပေါ်နဲ့ ဝန်းကျင် ရွာဆယ်ရွာထက်မနည်း ရေကြီးနစ်မြုပ်​လို့ အကူအညီလိုအပ်​ေန​

ဇူလိုင် ၆ – ၂၀၂၄ GG (VOM) စစ်ကိုင်းတိုင်း၊မော်လိုက်မြို့မှာ ချင်းတွင်းမြစ်ရေဆက်တိုက်တိုးနေပြီး ဒီနေ့ဇူလိုင်လ ၆ ရက်နေ့မှာ စိုးရိမ်ရေမှတ်ထက် ၂ ပေခွဲခန့် ( ၇၄ စင်တီမီတာ) ကျော်လွန်နေပြီဖြစ်တယ်လို့သိရပါတယ်။ ဒါကြောင့် လက်ရှိမော်လိုက်မြို့ပေါ် အနိမ့်ပိုင်းရပ်ကွက်တွေအပြင် ချင်းတွင်းမြစ်ကမ်းတလျှောက်မှာရှိတဲ့ ကျေးရွာပေါင်း၁၀ ရွာထက်မနည်း ရေကြီးနစ်မြုပ်နေပြီး အရေးပေါ်ကူညီရေးလုပ်ငန်းတွေလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့သိရပါတယ်။ ” မြို့ပေါ်မှာဆို အောင်မင်္ဂလာရပ်ကွတေနဲ့အောင်ချမ်းသာရပ်ကွက်တွေ ရေကျော်နေပြီ။မြစ်ရေကလည်းထပ်တက်ဦးမယ်လို့မိုးဇလကထုတ်တာတွေ့တယ်။ရွာတွေဘက်မှာတော့ ရွာတော်တော်များများရေနစ်မြုပ်နေပြီ၊ရွာဘက်တွေကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ လိုအပ်နေတယ်။ တပ်ကုန်း၊ ရေခါတွန်၊ ဝဲကသာ ဘက်ကအခြေအနေပိုဆိုးနေတာ သိရတယ်၊ ရေဝင်တော့ ချက်ပြုတ်စားမရအလုပ်ကမလုပ်ရတဲ့ စားစရာအခက်အခဲဖြစ်နေတာပိုများတယ် ” လို့ မော်လိုက်ဒေသခံတယောက်ကပြောပါတယ်။ လက်ရှိ ချင်းတွင်းမြစ်ရေ မြင့်တက်လာမှုကြောင့် မော်လိုက်မြို့နယ်ထဲက ဝဲကသာ၊ ရေခါတွန်၊ တပ်ကုန်း၊သဝန်၊ ဆွတ်နန်း၊ ယူးဝ၊ ရွှေလင်းတ၊ လက်ပန် အပါအဝင် ရွာပေါင်း ၁၀ရွာခက်မနည်း ရေကြီးနစ်မြုပ်နေတာဖြစ်တယ်လို့…

Read More

မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီး ပိတ်မိနေမှု တပတ်ခန့် ကြာမြင့်လာပြီ ဖြစ်

  ဇူလိုင် ၆ – ၂၀၂၄ SN (VOM) မန္တလေးတိုင်း၊ မိုးကုတ် – သပိတ်ကျင်း ကားလမ်းပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မိုးကုတ်စစ်ရှောင် ထောင်ချီ သပိတ်ကျင်းအနီး ပိတ်မိနေတာဟာ တပတ်ခန့် ကြာမြင့်လာပြီဖြစ်တယ်လို့ သပိတ်ကျင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဇွန် ၃၀ ရက်၊ မနက်အစောပိုင်းမှစတင်ကာ မိုးကုတ်မြို့ကိုစွန့်ခွာပြီး မန္တလေးဘက်ကို ရှောင်တိမ်းလာကြတဲ့ ပြည်သူ ထောင်နဲ့ချီ သပိတ်ကျင်းမြိုနယ်၊ ဇရပ်ကွင်းကျေးရွာမှာ ပိတ်မိနေကြတာဖြစ်ပြီး နစကနဲ့ အတက်အဆင်းလမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် မန္တ‌လေးကိုလည်း ဆင်းမရ၊ မိုးကုတ်ကိုလည်း ပြန်တက်မရ ဖြစ်နေတယ်လို့ အဲဒီ ဒေသခံတွေက ပြောပါတယ်။ “သူတို့ကို ဒီက ဒေသခံတွေကပဲ အလှူခံပြီး ချက်ကျွေးနေရတာပေါ့။ ပိတ်မိနေတဲ့ သူတွေက အများကြီးပဲ။ မိုးကုတ် မြို့တဝက်နီးပါးပဲ။ အခု ဆန်မလောက်တော့ဘူး။ ရေရှည်…

Read More

ဥ့်ကူ-ရွှေဘိုကားလမ်း ပိတ်သွားလို့ ဒေသခံတွေ စစ်ရှောင်မရဖြစ်နေ

စ ဇူလိုင် ၆ – ၂၀၂၄ GG (VOM) မန္တလေး ၊စဥ့်ကူးမြို့နယ်ထဲက ရွှေပြည်ရွာ ရဲကင်းစခန်းအပါအဝင် ကျေးရွာတွေမှာ ဒီနေ့ဇူလိုင်လ ၆ ရက်နေ့အထိတိုက်ပွဲဖြစ်ပွားနေပြီး လမ်းတွေပိတ်လိုက်တာကြောင့် စစ်ရှောင်တွေ စဥ့်ကူးနယ်ထဲကနေထွက်မရဘဲ ပိတ်မိနေတယ်လို့သိရပါတယ်။ ရွှေပြည်ရွာရဲကင်းစခန်းကို ဒေသတွင် PDF အဖွဲ့တွေကတိုက်ခိုက်နေပြီး နစကတပ်တွေနဲ့ အပြန်အလှန်တို်ကပွဲတွေဟာ လက်ပန်လှ၊ပင်လယ်ကြီး ဘက်မှာပါပစ်ခတ်မှုတွေရှိနေလို့ ဒေသခံတွေက ဘေးလွတ်ရာ ရွှေဘိုနယ်ဘက်ကို စစ်ရှောင်လိုပေမယ့် ထွက်ခွင့်ပိတ်ထားတာကြောင့် နီးစပ်ရာတွေကိုပဲ ထွက်ပြေးတိမ်းရှောင်နေ ကြရတာဖြစ်တယ်လို့သိရပါတယ်။ ” ကျွန်တော်တို့ကိုယ်တိုင်ပြေးနေရတာပဲ။အရင်ရက်ကရွှေဘိုဘက်ကို စစ်ရှောင်လို့ရတယ်၊အခု ရွှေဘိုဘက်လည်းရှောင်လို့ မရတော့ဘူး။ ပိတ်လိုက်တယ်။မန္တလေးဘက်ကျတော့လည်း အလှမ်းဝေးတယ် ၊ရွှေကျင်ဂိတ်ကပေးမဖြတ်ဘူးသိရတယ် ” လို့ လက်ပန်လှရွာဒေသခံတယောက်ကပြောပါတယ်။ လက်ရှိမှာ ရွှေဘိုဘက်ကို စစ်ရှောင်ခွင့်မရတာကြောင့် လက်ပန်လှ၊ရွှေပြည်ရွာ၊ပင်လယ်ကြီး၊ကျည်တောက်ပေါက်၊နွယ်ရုံက ဒေသခံတွေဟာ နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ရှောင်နေရသလို ဗုံးခိုကျင်း ၊ နီးစပ်ရာအိမ်တွေနဲ့ တောထဲမှာပဲ စစ်ရှောင်ပြီး လမ်းဖွင့်ပေးမယ့်အချိန်ကိုစောင့်နေကြတယ်လို့သိရပါတယ်။ ”…

Read More

လားရှိုးမှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ကိုရင်သုံးပါး လက်နက်ကြီးကျည်ထိ

  ဇူလိုင် ၆၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ပြီး ကိုရင် သုံး ပါး လက်နက်ကြီးကျည်ထိ ထားကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စိတ္တသုခ ကျောင်းမှာ မနက် တုန်းက သုံးပါး ထိထားတယ်ပြောတယ်။ သေဆုံးတာတော့ မကြားဘူး။ လက်နက်ပစ်ခတ်သံ တွေ ကြားနေရတယ်။ မနက်ကတည်းက။” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လားရှိုး ရက်ကွက် ၇ ကွက်သစ်ဘက်က စိတ္တသုခ ဘုန်းကြီးကျောင်းထဲ လက်နက်ကြီးကျည်ကျလို့ ကိုရင် သုံးပါး ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိထားတယ်လို့ သိရကြောင်း သူက ပြောပါတယ်။ တိုင်းထဲက ထွက် ထွက်ချင်းရှော့တိုက်ဒုံး တိုင်းရုံးလမ်းထဲ တလုံး၊ ရပ်ကွက်…

Read More

အီရန်သမ္မတရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးသမား ပီဇက်ရှ်ကီယန် အနိုင်ရ

  တီဟီရန်၊ ဇူလိုင်-၆-၂၀၂၄ မျိုးဆက်(VOM) အီရန်သမ္မတရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးသမားဖြစ်သူ မာဆွတ်ပီဇက်ရှ်ကီယန်ဟာ သူ့ရဲ့ ပြိုင်ဘက်ဖြစ်သူ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲဝါဒီ ဆာအိဒ်ဂျာလီလီကို ကျော်ဖြတ်ကာ အီရန်သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဆန္ဒမဲ သန်း ၃၀ ကျော်ကို ရေတွက်ပြီးနောက် ဒေါက်တာ ပီဇက်ရှ်ကီယန်ဟာ ထောက်ခံမဲ ၅၃ ဒသမ ၃ ရာခိုင်နှုန်း၊ ပြိုင်ဘက်ဖြစ်သူ မစ္စတာဂျာလီလီကတောပ ၄၄ ဒသမ ၃ ရာခိုင်နှုန်းသာရရှိခဲ့တယ်လို့ ရွေးကောက်ပွဲရလဒ်တွေက ဖော်ပြထားပါတယ်။ ဒီရွေးကောက်ပွဲဟာ မေလအတွင်းက ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သမ္မတရိုင်စီ သေဆုံးပြီးနောက် ကျင်းပခဲ့တာဖြစ်ပြီး ဇွန် ၂၈ ရက်ကကျင်းပတဲ့ ပထမအကျော့ရွေးကောက်ပွဲမှာတော့ ဘယ်သူမှ အနိုင်ရလဒ် မထွက်ခဲ့ဘဲ သမိုင်းတလျှောက် မဲပေးသူ ၄၀ ရာခိုင်နှုန်းထိ နည်းပါးခဲ့တာကြောင့် ဒုတိယအကျော့ ကျင်းပခဲ့ရပါတယ်။ နှလုံးခွဲစိတ်ဆရာဝန်ဟောင်းတယောက်ဖြစ်တဲ့ ဒေါက်တာ ပီဇက်ရှ်ကီယန်ဟာ အီရန်ရဲ့နာမည်ဆိုးတဲ့ ကျော်ကြားတဲ့…

Read More

ယူကရိန်းအတွက် စစ်ရေးအကူအညီတွေ နောက်ထပ်တနှစ် ဆက်ပေးဖို့ နေတိုးအဖွဲ့ အတည်ပြုဖွယ်ရှိ

  ဘရပ်ဆဲလ်၊ ဇူလိုင်-၆-၂၀၂၄ မျိုးဆက်(VOM) ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မှုပမာဏကို လက်ရှိအနေအထားအတိုင်း နောင်တနှစ် ဆက်လက်ထောက်ပံ့သွားဖို့ နေတိုးခေါင်းဆောင်တွေက နေတိုးအဖွဲ့ထိပ်သီးဆွေးနွေးပွဲမှာ အတည်ပြုဖို့ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲ တတိယမြောက်နှစ်ထဲရောက်လာပြီး ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေက အသာစီးရနေချိန်မှာ နေတိုးအဖွဲ့ရဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို လာမယ့်သီတင်းပတ်ကစပြီး သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ နေတိုးအဖွဲ့ဝင် ၃၂ နိုင်ငံဟာ ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း နှစ်စဉ် ဒေါ်လာ ၄၃ ဘီလီယံဖိုးထိ သုံးစွဲနေပြီး ဒါဟာဖြစ်သင့်တဲ့ အနေအထားဖြစ်ကာ ဒီအခြေခံပမာဏအတိုင်း ရှေ့ဆက်နေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ဂ်က သတင်းထောက်တွေကို ပြောပါတယ်။ “လာမယ့်နှစ်မှာ ဒီအဆင့်အတိုင်း ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့မယ့်ကိစ္စကို မဟာမိတ်တွေက ထိပ်သီးဆွေးနွေးပွဲမှာ ဆုံးဖြတ်မှာပါ။ စီးပွားရေးတိုးတက်မှုအပေါ် အခြေခံပြီး နိုင်ငံအချင်းချင်း မျှဝေသုံးစွဲမယ့် ပမာဏကိုတွက်ချက်ပြီး ၂၀၂၅ ခုနှစ်အတွက် ပြန်လည်သုံးသပ်သွားမယ်”လို့ သူကပြောပါတယ်။…

Read More

အိန္ဒိယဝန်ကြီးချုပ်မိုဒီ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ရုရှားသွားမယ်

  ဒေလီ၊ ဇူလိုင်-၆-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယဝန်ကြီးချုပ် မိုဒီဟာ ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးဖို့ လာမယ့်သီတင်းပတ်မှာ ရုရှားကို သွားရောက်မယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနဲ့အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ ဝန်ကြီးချုပ်မိုဒီရဲ့ ရုရှားခရီးစဉ်ထွက်ပေါ်လာခဲ့တာဖြစ်ပြီး သူ့ရဲ့နှစ်ရက်ကြာ ခရီးစဉ်ကို လာမယ့် တနင်္လာနေ့မှာ စတင်မှာဖြစ်ပါတယ်။ ဒါဟာ ယူကရိန်းကို ရုရှားကကျုးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ဝန်ကြီးချုပ်မိုဒီရဲ့ ပထမဆုံး ရုရှားခရီးစဉ်လည်းဖြစ်ပါတယ်။ အိန္ဒိယဟာ ကာကွယ်ရေးဆိုင်ရာလိုမျိုး ကိစ္စတွေမှာ ရုရှားရဲ့ ကာလရှည်ကြာ မိတ်ဖက်လည်းဖြစ်ပါတယ်။ ယူကရိန်းကနေ ရုရှားတပ်တွေ ချက်ချင်းရုပ်သိမ်းရေး တောင်းဆိုတဲ့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း အိန္ဒိယနိုင်ငံက ကြိမ်ဖန်များစွာ ကြားနေရပ်တည်မဲပေးခဲ့ပါတယ်။ ကုန်သွယ်ရေးပိုင်းမှာတော့ အိန္ဒိယဟာ ရုရှားနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်လာကာ ရေနံတင်သွင်းမှုမှာပါ တိုးပွားလာခဲ့ပါတယ်။ ဆွေးနွေးပွဲဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို မြှင့်တင်နိုင်မှာဖြစ်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာအရေးတို့ကို နှစ်ဘက်ဆွေးနွေးသွားမယ်လို့ ရုရှားသမ္မတနန်းတော်ကထုတ်ပြန်ထားပြီး နောက်အုပ်စုနဲ့တင်းမာနေစဉ်မှာ ရုရှားအနေနဲ့ အိန္ဒိယနဲ့…

Read More

This Day in History

  Voice of Myanmar အမေရိကန် စီးပွားရေးလုပ်ငန်းရှင်နှင့် နိုင်ငံရေးသမားဖြစ်သူ အမေရိကန်၏ ၄၃ ဦးမြောက်သမ္မတ ဂျော့ချ်ဒဗလျူဘုရှ်ကို ၁၉၄၆ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကွန်နက်တီကတ်ပြည်နယ်၌ မွေးဖွားခဲ့သည်။ #Voiceofmyanmar #VOM #ThisDayInHistory #July6

Read More

ငွေလဲနှုန်း မတည်ငြိမ်အောင်လုပ်သူတွေကို ဖမ်းဆီးခဲ့ပေမယ့် နိုင်ငံခြားငွေလဲနှုန်း ဆက်လက်မြင့်တက်နေ

  ဇူလိူင် ၆-၂၀၂၄ GG (VOM) နိုင်ငံခြားငွေစျေးကွက် မတည်ငြိမ်အောင်လုပ်တယ်ဆိုပြီး ဖမ်းဆီးမှုတွေ လုပ်ခဲ့ပေမယ့်လည်း အခုဇူလိုင်လထဲ မှာ အမေရိကန်ဒေါ်လာ ၊ စင်ကာပူဒေါ်လာ ၊ထိုင်းဘတ်၊ မလေးရှားရင်းဂစ် အပါအဝင် ငွေလဲလှယ်နူန်း အားလုံး ပြန်လည်မြင့်တက်လာတယ်လို့ နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်သူတွေနဲ့ စျေးကွက်အခြေအနေအရ သိရပါတယ်။ နိုင်ငံခြားငွေကြေးစျေးကွက် မြင့်တက်မှုက လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှု ၊ ဒေါ်လာလိုအပ်ချက်မြင့်မားခြင်း တွေကြောင့် အဓိကဖြစ်ပေါ်နေရတာဖြစ်လို့ အဲဒီ အချက်တွေဖြေရှင်းနိုင်ဖို့လိုအပ်တယ်လို့စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက သုံးသပ်ပါတယ်။ ” နိုင်ငံရေး အခြေအနေမတည်ငြိမ်တော့ ဒီငွေကြေးစျေးကွက်ကလည်းသူတို့ဘယ်လိုမှထိန်းချုပ်လို့မရဘဲ ပိုဆိုးသွားတာပေါ့။အဓိက နိုင်ငံရေးကောင်းဖို့လိုတယ်၊နောက်တခုက ပြည်တွင်းကဒေါ်လာလိုအပ်ချက်အရမ်းမြင့်နေတယ်။နိုင်ငံရေးကလက်ရှိအခြေအနေရတော့ ပြန်ကောင်းဖို့က အချိန်ယူရအုံးမယ်ဆိုတော့ ဒေါ်လာလိုအပ်ချက်မြင့်တာ ကိုဖြေရှင်းနိုင်မလားပေါ့။ဒေါ်လာလိုအပ်ချက်ကိုသူတို့ဖြည့်ပေးနိုင်မယ်ဆိုရင် စျေးကွက်ကိုငြိမ်အောင်လုပ်နိုင်မယ့်အခြေအနေတော့ရှိမယ်။ ခက်တာက ဒေါ်လာကဗဟိုဘဏ်မှာလိုအပ်ချက်ပြည့်အောင်ရောင်းပေးနိုင်တဲ့အခြေအနေမတွေ့ရဘူး။ကုန်သွယ်ရေးကလည်းရေကြောင်းတခုပဲရတော့ ပို့ကုန်ကလည်းအလုပ်မဖြစ်ဘူး၊အပေါ်မှကျွန်တော်ပြောသလိုပဲ နိုင်ငံရေးတည်ငြိမ်အောင်လုပ်မှာလား၊ဒေါ်လာလိုအပ်ချက်ပြည့်မီအောင်လုပ်ပေးမလား ဒီနှစ်ချက်ထဲကတချက်လုပ်နိုင်မှာ စျေးကွက်ကတည်ငြိမ်မှုရှိနိုင်မယ် ၊ဖမ်းဆီးတာကတော့ ယာယီဖြေရှင်းနည်းသက်သက်ပဲ ” လို့ စီးပွားရေးလုပ်ငန်းရှင်တယောက်က သုံးသပ်ပြောပါတယ်။ ပြည်တွင်းမှာ…

Read More

မိုးကုတ်မှာ ဖုန်းလိုင်းတွေပြတ်ပြီး ကုန်စျေးနှုန်းလည်း မြင့်တက်နေသလို စစ်ရှောင်တွေလည်း လမ်းမှာပိတ်မိ

  ဇူလိုင် ၅ – ၂၀၂၄ GG (VOM) မိုးကုတ်မြို့ အနောက်ပိုင်းရော အရှေ့ပိုင်းမှာပါ တိုက်ပွဲတွေ လတ်တလော ငြိမ်သွားပေမယ့် တယ်လီဖုန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပြီး စစ်ရှောင်ကြသူတွေလည်း လမ်းမှာပိတ်မိနေတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးကုတ်အနောက်ပိုင်းမှာတော့ နှစ်ဖက်တိုက်ပွဲမရှိတော့ဘဲ မိုးကုတ်အရှေ့ပိုင်းမှာသာ ရံဖန်ရံခါ ပစ်ခတ်မှုအချို့နဲ့ လက်နက်ကြီးပစ်ခတ်မှုရှိနေတာဖြစ်ကြောင်း၊ စစ်ရှောင်တွေဟာ အနောက်ပိုင်းအကျော် ကျောက်ဖားနဲ့ လိပ်ကျဘက်မှာပိတ်မိနေကြတာဖြစ်တယ်လို့သိရပါတယ်။ ” မိုးကုတ်မှာ.ဆိုးဆိုးရွားရွားပစ်ခတ်တာမျိုးတော့မရှိတော့ဘူး။တခါတလေ လက်နက်ကြီးပစ်သံနဲ့သေနတ်သံတော့ကြားရတယ်။ ခုမနက်လည်းငြိမ်နေတယ်။အနောက်ပိုင်းမှာတော့ TNLA ဘက်ကသွားလာနေတာရှိတယ် “လို့ မိုးကုတ်မြို့အနောက် ပိုင်းနေထိုင်သူတယောက်ကပြောပါတယ်။ မိုးကုတ်မြို့မှာတိုက်ပွဲတွေ ငြိမ်နေပေမယ့် အရှေ့ပိုင်းနဲ့အနောက်ပိုင်းကတော့ ကူးလူးသွားလာနိုင်တဲ့ အခြေအနေ မရှိသေးသလို ဖုန်းလိုင်းတွေကလည်း MPT ၊ အော်ရီဒူးကပြတ်တောက်နေပြီး Atom နဲ့ Mytel ကလည်း လိုင်း ရတချက်မရတချက်ဖြစ်နေတယ်လို့သိရပါတယ်။ တိုက်ပွဲကြောင့် မိုးကုတ်ကို ကုန်စည်စီးဆင်းမှုတွေမရှိသလောက်ပြတ်တောက်သွားတဲ့အတွက် ကုန်စျေးနူန်းတွေလည်း မြင့်တက်နေပြီး ခရမ်းချဥ်သီးတပိဿာကို…

Read More
VOM News

FREE
VIEW