ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် ခန္တီးမြို့ ရပ်ကွက်အများအပြား ရေနစ်မြုပ်နေ

  ဇူလိုင် ၃ – ၂၀၂၄ SN (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မစျေးထဲက ဆန်ဆိုင်တွေနဲ့ ကုန်ဆိုင်တွေ ရေကြီးမှုကြောင့် ဆုံးရှုံးမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၁ ရက်နေ့၊ ညပိုင်းကစပြီး ချင်းတွင်းမြစ်ရေ လျှံတက်လာတာကြောင့် ခန္တီးမြို့ထဲက ရပ်ကွက်အတော်များများ ရေမြုပ်နေပြီဖြစ်သလို မြို့မစျေးထဲက ဆန်ဆိုင်တွေနဲ့ ကုန်ဆိုင်တွေလည်း ရေနစ်မြုပ်ကုန်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ “ဒီတခေါက် ရေတက်လာတာ အရမ်းမြန်တယ်။ သိမ်းနေရင်းနဲ့ကို ဆန်တွေအကုန်မြုပ်ကုန်တာ။ တခြားဆိုင်တွေ တော်တော်များများလည်း ပျက်စီးကြတယ်။ လမ်းပေါ်ရပ်ထားတဲ့ ကားတွေလည်း အကုန်မြုပ်တာပဲ” လို့ သူက ပြောပါတယ်။ ချင်းတွင်းမြစ်ကမ်းက သာစည်ရပ်ကွက်ကနေ ရေတွေ စတင် ဝင်ရောက်လာတာဖြစ်ပြီး အောင်သာ၊ ပေါမိုင်း၊ မြို့မ စတဲ့ ရပ်ကွက်တွေဇူလိုင်လ ၁ ရက်မှတွင် စတင်ပြီး လူတရပ်ကျော် အမြင့် ၆…

Read More

စဥ့်ကူးမှာ တိုက်ပွဲတွေကြောင့် ကလေးငယ်အပါအဝင် သုံးယောက်သေပြီး ဒေသခံတွေ စစ်ရှောင်နေရ

  ဇူလိုင် ၃ – ၂၀၂၄ GG (VOM) မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ထဲက လက်ပန်လှ နဲ့ပင်လယ်ကြီးရွာဘက်တွေမှာ နစကတပ်တွေနဲ့ PDF ပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်နေပြီး ဒီနေ့ဇူလိုင်လ ၃ ရက်နေ့မှာ အရပ်သားပြည်သူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိနေ တယ်လို့သိရပါတယ်။ ” လက်ပန်လှ ရုန်းပင်ကုန်းရွာထဲ ကုလားချောင်ဘက်ကို လက်နက်ကြီးကျတာ ပါ။နေ့ခင်းကဖြစ်သွားတာ။ ပထမသိရတာ နှစ်ယောက်၊နောက်ထပ်သိရတာကတော့သုံးယောက်ထိသေတယ်။ပေါင်ပြတ်သူလည်းရှိတယ် ။တခြား ထိခိုက်သူတွေလည်းရှိနေတယ်။အိမ်တွေလည်း လက်နက်ကြီးထိပျက်စီးတာ။ ပင်လယ်ကြီးဘက်မှာပစ်ခတ်မှု တွေရှိနေတုန်းပဲ။ ဘေးလွတ်မယ်ထင်ရာမှာ ဒေသခံတွေကပုန်းနေရတဲ့အခြေအနေရှိတယ်။ဖုန်းလိုင်းကလည်းရတချက်မရချက်ဖြစ်နေတယ်၊မနေ့က နွယ်ရုံ ကျည်တောက်ပေါက်ဘက်ဆိုးတာ ။နွယ်ရုံရဲကင်းလည်းပါသွားပြီသိရတယ် ” လို့ စဥ့်ကူးဒေသခံတယောက်ကပြောပါတယ်။ လက်နက်ကြီးထိမှန်သေဆုံးသူတွေထဲမှာ ကျောင်းဆရာမ တယောက်၊ကိုယ်ဝန်သည်အမျိုးသမီးနဲ့ အသက်၁၀ နှစ်ကျော်ကလေးငယ်တွေပါဝင်တယ်လို့ ကနဦးသတင်းအရသိရပါတယ်။ လက်ရှိ ပင်လယ်ကြီးမှာရှိတဲ့ ရဲကင်းစခန်းကို PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်နေတာဖြစ်လို့ နစကဘက်ကလည်း လေကြောင်းပစ်ကူတိုက်ခိုက်ပေးနေတာကြောင့် ပင်လယ်ကြီးအပါအနီးအနားရွာက ဒေသခံတွေလည်းထွက်ပြေးတိမ်းရှောင်ရပြီး ဗုံးခိုကျင်းနဲ့တော တွေထဲမှာ…

Read More

တရုတ်အရှေ့ပိုင်းမှာ ရေဘေးကြောင့် လူနှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်း

  ပေကျင်း ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံမှာ မိုးသက်မုန်တိုင်းတွေတိုက်ခတ်ပြီး ယန်ဇီမြစ်နဲ့ အခြားမြစ်တွေ ရေကြီးလျှံလာတာကြောင့် လူနှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံမှာ မကြာသေးမီကာလတွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်း ၊ အပူလှိုင်းဖြတ်ခြင်းစတဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ လက်ရှိတိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် အန်ဟူပြည်နယ်မှာ လူကိုးသိန်းကိုးသောင်းကျော်ထိခိုက်ခဲ့ပြီး နှစ်သိန်းခွဲကျော်ကို ဘေးလွတ်ရာ ရွှေ့ပေးခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နေ့ ညနေထိ အန်ဟူဒေသရှိ ခရိုင် ၃၆ ခရိုင်မှာ မိုးသက်မုန်တိုင်းတွေ ကျရောက်ခဲ့ပြီး နိုင်ငံရဲ့အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်ဇီမြစ်ဟာ သတိပေးစိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး ဆက်လက်မြင့်တက်နေတယ်လို့ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ပါတယ်။ ဒါအပြင် မိုးဆက်လက်ရွာသွန်းမှုတွေကြောင့် ပြည်နယ်အတွင်းရှိ အခြားသောမြစ်နဲ့ ရေကန်ခြောက်ခုဟာလည်း သတိပေးချက်အဆင့်ထက် ကျော်လွန်နေကြောင်း သတိပေးထားသည်။ အန်ဟူရှိ ယန်ဇီမြစ်တလျှောက် ရေကာတာတွေနဲ့ တမံတွေကို စောင့်ကြည့်ဖို့…

Read More

ပူတင်နဲ့ ရှီကျင်းပင် ကာဇက်စတန်မှာ တွေ့ဆုံဆွေးနွေးမယ်

  မော်စကို ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ တရုတ်သမ္မတရှီကျင်းပင်နဲ့ ကာဇက်စတန်မှာ ဒီနေ့တွေ့ဆုံမှာဖြစ်ကြောင်း ရုရှားသမ္မတရုံးက ထုတ်ပြန်ပါတယ်။ကာဇက်စတန်မှာကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ သမ္မတနှစ်ယောက် တွေ့ဆုံမှာဖြစ်ပါတယ်။ ယူကရိန်းအရေးကြောင့် အမေရိကန်အပါအဝင် ဥရောပနိုင်ငံတွေနဲ့ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ရုရှားဟာ တရုတ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ရည်ရွယ်နေတယ်လို့ အကဲခတ်တွေက ဆိုပါတယ်။ သမ္မတနှစ်ယောက်ရဲ့ တွေ့ဆုံမှုဟာ နှစ်နိုင်ငံစီးပွားရေးနဲ့ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုခိုင်မာဖို့ သဘောတူခဲ့တဲ့ မေလထိပ်သီးဆွေးနွေးပွဲအပြီးမှာ ခုတကြိမ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ သမ္မတပူတင်ဟာ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားကို သွားရောက်ခဲ့ပြီး အရေးပေါ်အခြေအနေမှာ နှစ်နိုင်ငံအကြား စစ်ရေးကူညီပေးတာအပါအဝင် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး တရုတ်နဲ့ရုရှားအကြားမှာလည်း ဆက်ဆံရေးဘယ်လို နီးကပ်လာမလဲဆိုတာကို အကဲခတ်တွေက စောင့်ကြည့်နေကြပါတယ်။ လက်ရှိကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်းအဝေးမှာတော့ အဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်နဲ့ ဥရောပဦးဆောင်တဲ့ မူဘောင်ကိုဆန့်ကျင်တဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။ Ref:NHK Photo:AP #Voiceofmyanmar #VOM…

Read More

ထိုင်ဝမ် ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ် ဖမ်းဆီး

  တိုင်ပေ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) တရုတ်နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းကမ်းလွန်မှာ ထိုင်ဝမ်ငါးဖမ်းသင်္ဘောတစင်းကို တရုတ်ကမ်းခြေစောင့်တပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ ငါးဖမ်းသင်္ဘောကို ထိုင်ဝမ်ကထိန်းချုပ်ထားတဲ့ ကင်မင်ကျွန်းအနီးမှာ တရုတ်ကမ်းခြေစောင့်တပ်က စစ်ဆေးခဲ့ပြီး သင်္ဘောပေါ်မှာတော့ အမှုထမ်းခြောက်ယောက်ပါတယ်လို့ဆိုပါတယ်။ ဖမ်းဆီးသွားတဲ့ ငါးဖမ်းသင်္ဘောအမှုထမ်းတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ထိုင်ဝမ်ရေလက်ကြား တင်းမာမှုတွေ လျော့ပေါးရေးအတွက် တရုတ်ကို ထိုင်ဝမ်တာဝန်ရှိသူတွေက တောင်းဆိုထားပါတယ်။ ဇူလိုင် ၂ ရက်ညပိုင်းက ဖူကျန်ပြည်နယ်ကမ်းလွန်မှာ တရုတ်ကမ်းခြေစောင့်သင်္ဘောနှစ်စင်းက ရေကြောင်းဆိုင်ရာ စစ်ဆေးမှုတွေအတွက် အဆိုပါငါးဖမ်းသင်္ဘောကို ရပ်တန့်စစ်ဆေးခဲ့ကြောင်း ထိုင်ဝမ်တာဝန်ရှိသူတွေက ပြောပါတယ်။ ငါးဖမ်းသင်္ဘောကို ကယ်တင်ဖို့ ထိုင်ဝမ်ကင်းလှည့်သင်္ဘောနှစ်စင်း စေလွှတ်ခဲ့ပေမယ့်လည်း တရုတ်ကမ်းခြေစောင့်တပ်က တားဆီးခဲ့ပြီး ငါးဖမ်းသင်္ဘောကို ဖူကျန်ဆိပ်ကမ်းကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်အားသုံးမယ်လို့ ပြောဆိုထားပြီး လက်ရှိမှာလည်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလှုပ်ရှားမှုတွေ…

Read More

အိန္ဒိယမြောက်ပိုင်းမှာ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျလို့ ၁၁၆ ယောက်သေဆုံး

  ဒေလီ၊ ဇူလိုင်-၃-၂၀၂၄ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားတခုမှာ လူအုပ်ပြိုကျမှုကြောင့် လူ ၁၁၆ ယောက် သေဆုံးသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ ဥတာပရာဒေ့ရှ်ပြည်နယ် ဟာသရာ့စ်ခရိုင်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူတွေကို ဆက်လက်စိစစ်နေဆဲဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းစွာမသိရသေးပေမယ့် ထွက်ပေါက်ဟာကျဉ်းမြောင်းလွန်းပြီး လူတွေအပြင်ထွက်ချိန်မှာ ပြင်းထန်တဲ့ ဖုန်မှုန့်တွေကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူအများအပြားကို တက်နင်းမိခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ “တရားပွဲပြီးတော့ လူတွေအားလုံးအပြင်ထွက်ချိန်မှာ အခုလိုဖြစ်တာပါ။ တချို့က မြောင်းတွေထဲကျတယ်။ သူ့အပေါ်မှာ နောက်တယောက်ထပ်ကျတယ်။ သေဆုံးသူတွေထဲမှာ ကလေးသုံးယောက်ပါတယ်” လို့ မျက်မြင်သက်သေတယောက်ကပြောပါတယ်။ လက်ရှိမှာတော့ ဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အိန္ဒိယနိုင်ငံမှ‌ာ ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် ဘာသာရေးပွဲတော်တွေမှာ လူသေဆုံးမှုတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၃ ခုနှစ်တို့မှာလည်း ဘာသာရေးပွဲတော်ကျင်းပစဉ်အတွင်း…

Read More

This Day in History

  Voice of Myanmar အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် ၎င်း၏အုပ်ချုပ်မှုကိုဆန့်ကျင်သည့် ဆန္ဒပွဲများ အကြီးအကျယ်ဖြစ်ပွားပြီးနောက် ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက်တွင် စစ်တပ်က ၎င်းအားရာထူးမှ ဖယ်ရှားခြင်းခံခဲ့ရသည်။ #Voiceofmyanmar #VOM #ThisDayInHistory #July3

Read More

တိုက်ပွဲတွေကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့နယ်က စာသင်ကျောင်းအားလုံး ပိတ်ထားရ

  ဇူလိုင် ၂၊ ၂၀၂၄ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ စာသင်ကျောင်းတွေ အကုန်လုံး ပိတ်ထားရပြီး တိုက်ပွဲ ဖြစ်ပွားတာမရှိပေမယ့် စစ်ရေးတင်းမာလာနိုင်တဲ့ နေရာဒေသတွေမှာလည်း ကျောင်းဖွင့်ပေမယ့် ကလေးတွေကို မလွှတ် ရဲကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲ ဖြစ်နေတဲ့ နေရာတွေက ကျောင်းတွေ အားလုံးက မဖွင့်ဘူး။ ဖွင့်လည်း ဘယ်မိဘမှ မလွတ်ရဲဘူးလေ။ နောင်ချို၊ ကျောက်မဲ၊ သီပေါ မြို့နယ်ထဲက ကျောင်းတွေ အကုန် ပိတ်ပြီ” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။ လက်ရှိတော့ နောင်ချိုနဲ့ ကျောက်မဲ မှာ တိုက်ပွဲ ပြင်းထန်နေပြီး သီပေါမှာတော့ တိုက်ပွဲ ဖြစ်ပွားတာမျိုး မရှိပေမယ့် စစ်ရေး တင်းမာနေတာကြောင့် ဘုန်းကြီးစာသင်ကျောင်းက ကိုရင်တွေ၊…

Read More
VOM News

FREE
VIEW